စစ်ကောင်စီ ဦးစီးကျင်းပပြုလုပ်မည့် ဖောင်တော်ဦးဘုရားပွဲကို အင်းတော်လှန်ရေးအဖွဲ့များ ဆန့်ကျင်

အာဏာသိမ်း စစ်ကောင်စီ ဦးစီးကျင်းပပြုလုပ်မည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲကို အင်းတော်လှန်ရေးအဖွဲ့အစည်း ၃ ဖွဲ့က ဆန့်ကျင်ကြောင်း စုံစမ်းသိရသည်။

.

အဆိုပါ ဖောင်တော်ဦးဘုရားပွဲကို ကန့်ကွက် ဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ သည်
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF၊ အင်းလေး ဖက်ဒရယ် ဒီမိုကရေစီလှုပ်ရှားမှု (IFDM) နှင့် အင်းလေး အမျိုးသမီး သမဂ္ဂ (IWU) တို့ ဖြစ်ကြောင်း သိရသည်။

ပုံ – ဟောင်း (အင်းလေးဖောင်တော်ဦးဘုရားပွဲ)

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ ၃ နှစ်ကျော်ကြာ မကျင်းပခဲ့ရသည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲကို လာမည့် သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ကျင်းပဖို့အတွက် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီ ဦးစီးကျင်းပပြုလုပ်မည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲ နှင့် ပတ်သက်ပြီး အင်းလေးအမျိုးသမီး သမဂ္ဂမှ အမည်မဖော်လိုသူ တစ်ဦးက ယခုလိုပြောသည်။

“ ကျမတို့ အနေနဲ့ကတော့ တနိုင်ငံလုံး အတိုင်းအတာ နဲ့ ပြည်သူတွေ ဒုက္ခရောက်နေကြတယ်။ စစ်မက် မဖြစ်တဲ့ ဒေသဖြစ်ပေမဲ့ စစ်ကောင်စီ အလိုကျ ဘာသာရေး ဗန်းပြပြီး ပျော်ပွဲ၊ ရွှင်ပွဲ မလုပ်စေချင်ဘူး။ လူသားချင်း စာနာမှု မဲ့နေတယ်လို့ ခံစားရတယ်“ ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် လူ့အခွင့်အရေးဆိုင်ရာ အမျိုးမျိုး ချိုးဖောက်နေရာမှ ယခုတစ်ခါ အင်းလေး ဖောင်တော်ဦး ဘုရားပွဲ ပြုလုပ်ပြီး မူးယစ်ဆေးဝါး နှင့် စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်း၊ လောင်းကစားဝိုင်းများ ကျင်းပပြုလုပ်ခြင်းကို ဆန့်ကျင်သွားကြောင်း IPDF၊ IFDM နှင့် IWU မှထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အလားတူ အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက “ ပြောချင်တာက ရိုးရာဘုရားပွဲဆိုပေမယ့် နောက်ဆက်တွဲ ရလဒ်က ဒေသခံလူထုတွေရဲ့ အိတ်ကပ်ထဲကငွေကို နည်းအမျိုးမျိုးနဲ့ နှိုက်ယူလို့ရတဲ့ လမ်းကြောင်းတွေ အများကြီးရှိနေတယ်။ အင်းထဲမှာ ပွဲမလုပ်တာလည်း ကြာပြီ။ အခုနိုင်ငံရေးအခြေနေ နဲ့ ပွဲကိုအကြီးကြီး ထလုပ်ရင် လူထုတွေ တော်တော်ထိန်းရ ခက်မှာပဲ။ အန္တရာယ်လည်း များတယ် “ ဟု ၎င်းဆိုသည်။

ပြီးခဲ့သည့် အင်းလေးရေပေါ် သင်္ကြန်ပွဲတော်တွင်လည်း စစ်ကောင်စီက ဦးစီးပြီး ကျင်းပပြုလုပ်သွားခဲ့ရာ ပွဲစည်ဖို့အတွက် လူငှားခေါ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

အင်းလေးဒေသ ရေခမ်းခြောက်မှု ယခင်ကထက် ပိုဆိုးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သဖြင့် ယခင်ကထက် ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နုန်းစုပ်စက်ကြီးကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် အင်းလေးကန် ရှင်းလင်းမှု ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အင်းလေးကန်ကို ၁၀ နှစ်ကျော်ကြာ...

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...