အင်းလေးဖောင်တော်ဦးဘုရားပွဲသို့ အာဏာသိမ်းခေါင်းဆောင်နှင့် ဇနီးလာမည်ဟု သိရ

အင်းလေးဖောင်တော်ဦး ဘုရားပွဲသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင် ဇနီးဖြစ်သူတို့လာရောက် ဖူးမျော်မည် ဖြစ်ကြောင်း ဒေသခံများထံ သတင်းရရှိသည်။

ဖောင်တော်ဦး

ယခုလ အောက်တိုဘာ ၁၅ရက် မှစတင်ကာ အောက်တိုဘာ ၂၁ဌာနများသို့ ဒေသစာရီကြွချီ အပူဇော်ခံလျက်ရှိသော ဖောင်တော်ဦး ဘုရားသည် လင်းကင်းမှ မြို့တော်ညောင်ရွှေသို့ ရောက်ရှိမည့်အချိန်တွင် စစ်ခေါင်းဆောင်နှင့် ဇနီး မှ လာရောက်ဖူးမျော်မည်ဖြစ်ကြောင်း သိရသည်၊

အောက်တိုဘာလ ၂၂ ရက်တွင် သျှမ်းပြည်နယ် ညောင်ရွှေမြို့‌ကျောင်းတော်သို့ ရောက်ရှိပြီး ၃ရက်တာ ကိန်းဝပ်စံပါယ်တော်မူမည့် ဖောင်တော်ဦးဘုရား ဆီသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူတို့က တောင်ကြီးမြို့မှတဆင့် သွားရောက်မည်ဖြစ်ပြီး “ဆွဲလှေ”ပြိုင်ပွဲကိုလည်း ကြည့်ရှုအား‌ေပးမည်ဖြစ်ကြောင်း ညောင်ရွှေမြို့ခံများထံမှ သိရသည်။

Photo – Credit ( အင်းလေးဖောင်တော်ဦးဘုရား)

“လူကြီးလာမယ်ဆိုပြီး ဆိုင်တွေ လာပိတ်ခိုင်းထားလို့ ပိတ်ထားရတယ်လေ ဒီကြားထဲ စားဖို့ခက်ခဲဦးမယ် ဆိုင်ကယ်ရပ်နားတဲ့ နေရာတွေလည်း ၅ရက်လောက် ပိတ်ထားရမယ်လို့ ကြားတယ်”လို့ ပျံကျဈေးသည်တစ်ဦးမှ ပြောသည်။

၃နှစ်တာ ရပ်နားခဲ့ရသည့် အင်းလေးဖောင်တော်ဦး ဘုရားပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခွင့်ရကြပြီး စစ်ခေါင်းဆောင်ခရီးစဉ်ကြောင့် တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့တို့၏ မိန်းလမ်းမတလျှောက်ရှိ လမ်းဘေးပျံကျဆိုင်များကို ပိတ်ခိုင်းထားကြောင်းသိရသည်။

အင်းလေး ဖောင်တော်ဦး ဒေသစာရီ ကြွချီစဥ်

ထို့ပြင် ကား၊ ဆိုင်ကယ်ရပ်နားခွင့်ကိုလည်း ၅ ရက်ကြာ ပိတ်ထားကြောင်း၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် သီချင်းသီဆိုခြင်း၊ သီချင်းကျယ်လောင်စွာဖွင့်ခြင်းများကိုလည်း ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

သီတင်းကျွတ်ကာလအခါသမယ၌ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီချိန် ကရဝိတ်ဖောင်တော်ကို ဆွဲယူ၍ ဘုရားပင့်ဆောင်ရန်အတွက် ကမ္ဘာပေါ်တွင် တစ်နေရာထဲ၌သာရှိသော ခြေထောက်ဖြင့် လှေလှော်သည့် အင်းသားများက ဆွဲလှေကို အသုံးပြုပြီး ကုသိုလ်ယူလေ့ရှိကြသည်။

ကျွန်းသစ် တစ်မျိုးတည်းသာအသုံးပြုထားပြီး အရှည် ၆၈တောင်ရှိသည့် လူတစ်ရာကျော်စီးနိုင်သည့် ရာကျော်လှေ အဖြစ်လည်း ထင်ရှားကျော်ကြားသည်။ ဆွဲလှေပြိုင်ပွဲကိုဘုရားပွဲနေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

အင်းလေးတွင် လက်သမားခ တစ်နေ့ ‌ကျပ် လေးသောင်းခွဲအထိရှိ ငလျင်ဒဏ်သင့် အိမ်အချို့ မပြုပြင်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ လေးသောင်းခွဲအထိ ပေါက်ဈေး ရှိနေသဖြင့် ငလျင်ဒဏ်သင့်အိမ် အချို့ယနေ့ထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းလေးဒေသတွင် နေအိမ်များ ရာနှင့်ချီ ပျက်စီးခဲ့သည်။ အင်းလေးဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝါးအိမ်တစ်လုံး ဆောက်လုပ်ရန်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...