တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ၁၀ ရက်ကျင်းပမည်
တောင်ကြီးမြို့တွင် ရိုးရာတန်ဆောင်တိုင်ပွဲတော်ကို နို၀င်ဘာလ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်းသိရသည် ။ ပြီးခဲ့သည့် စက်တင်ဘာလက သျှမ်းပြည်နယ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဆပ်ကော်မတီ အစည်းအဝေးမှ ထုတ်ပြန်ချက်အရ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၉ ရက်သာကျင်းပမည်ဆိုသည့်အပေါ် မီးပုံးပျံပညာရှင်များ ဒေသခံလူထုများ တောင်းဆိုမှုကြောင့် ယခင်နှစ်များအတိုင်း ၁၀...
နှစ်သစ်ကူးအလံတော်အား တောင်ကြီးမှ လားရှိုးသို့ သယ်ဆောင်
လားရှိုးမြို့တွင် ပြုလုပ်မည့် စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးသို့ လာရောက်သယ်ဆောင်ခြင်းဖြစ်သည်။ “လားရှိုးကကော်မတီက စာတော့ကြိုပို့ထားပါတယ်။ နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ဆွေးနွေးဖို့ လို့ရေးထားပါတယ် ။ ဆွေးနွေးမှုအပြီးမှာတော့ ဒီ...
အင်းလေးဖောင်တော်ဦးဘုရား ညောင်ရွှေမြို့တွင် ၃ ည ကျိန်းမည်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်း သီတင်းကျွတ်အခါသမယ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပရာ ညောင်ရွှေမြို့တွင် ၃ ည ကျိန်းဝပ်တော်မူမည်ဖြစ်ကြောင်းသိရသည်။ နှစ်စဉ်ရိုးရာမပျက်ကျင်းပမြဲ ဖောင်တော်ဦးဘုရားပွဲအား ယခုနှစ်တွင်လည်း ၁၈ ရက်တာ ကျင်းပခဲ့ရာ အောက်တိုဘာလ...
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ကြေးသွန်းရုပ်ထု သယ်ယူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမ သမ္မတ ၊ အဂ္ဂမဟာ သီရိသုဓမ္မ၊ အဂ္ဂမဟာ သရေစည်သူ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ကြေးသွန်းရုပ်ထုမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ညောင်ရွှေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း...
ယနေ့ကျောက်မဲတွင်ပြုလုပ်သော ဓမ္မမေဒနီကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးကလျာဏဝံသ အဂ္ဂိဈာပန အခမ်းအနားသမယ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲတွင် ဆရာတော် ၊ သံဃာတော်များနှင့် ဒေသခံလူထုစုပေါင်းကာ ဆီမီးထွန်းပူဇော်ပြီးဆုတောင်းပွဲ တရပ်ပြု လုပ် မည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၁၁ ရက်ညနေ ၆ နာရီခွဲအချိန် ခိုလမ် မြို့နယ်ခွဲ သီရိမင်္ဂလကျောင်းတိုက်တွင်...
သျှမ်းပုဂံဟုတင်စားခံရသည့် မိုးနဲမြို့အား ခရီးသွားမြို့အဖြစ်သတ်မှတ်ပေးရန် လွှတ်တော်အမတ်တောင်းဆို
သျှမ်းပုဂံလို့တင်စားခေါ်ဝေါ်သည့် သျှမ်ပြည်တောင်ပိုင်း မိုးနဲမြို့ တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသည့်နယ်မြေ၊ ခရီးသွားနယ်မြေအဖြစ်သတ်မှတ်နိုင်ရေးအတွက် မိုးနဲမြို့ပြည်နယ်လွှတ်တော်အမှတ် ၁ ကိုယ်စားလှယ် စိုင်းမွန်းလိန်မှ ကြိုးပမ်းနေသည်ဟု သျှမ်းသံတော်ဆင့်သို့ ယနေ့ ၂၄/၉/၂၀၁၈ တွင် ပြောကြားသည်။ မိုးနဲမြို့အားရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသည့်နယ်မြေ၊ ခရီးသွားနယ်မြေအဖြစ် သတ်မှတ် နိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး...
SHAN -
တိုင်းရင်းသားလူမျိုးများ ၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာ ကို ပိုမိုထိရောက်သော အကာ အကွယ်ပေးရေးနှင့် တိုင်းရင်းသားများ၏အခြေချရာနေရာများသို့ တာဝန်ရှိသူအသီးသီးက စဉ်ဆက်မပြတ် ထိတွေ့ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်က အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ကြောင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း တအာင်းတိုင်းရင်းသားများအား ကြတ်များဟု ဆိုကာ Social...
နမ့်ခမ်းမြို့သူ နန်းမိုဟွမ် ပြန်လည်လွှတ်မြောက်ရေး ပင်လုံလူငယ်များ ဆီမီးပူဇော်ဆုတောင်းပေး
TNLA မှဖမ်းဆီးသွားသော နမ့်ခမ်းဒေသခံ နန်းမိုဟွမ် အမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တောင်ပိုင်း ပင်လုံဒေသခံလူငယ်များ စုပေါင်းကာ ဆီမီးထွန်းညှိပူဇော်ကာ ဆုတောင်းမှုပြုပေးခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်ညက ပင်လုံမြို့မင်္ဂလာမွေတော်ကျောင်း မြို့နာမ်စေတီတော်တွင် ဒေသခံ လူငယ် ၆၀ ခန့် စုပေါင်းကာ ဆီမီးပူဇော် ဆုတောင်းမှုပြုလုပ်ပေး ခဲ့ခြင်ဖြစ်သည်။ ဦးဆောင်လူငယ်တဦးဖြစ်သည့် ပင်လုံဒေသခံ စိုင်းဆု...
သျှမ်းပြည်အေးချမ်းစေရေး စော်ဘွားမိသားစုဝင်များ ဘန်းယဉ်မြို့တွင် စုပေါင်း ဆုတောင်း
သျှမ်းစော်ဘွားများ၏ သားသမီးမြေးမြစ်များစုပေါင်းကာ သျှမ်းပြည်ကြီးအေးချမ်းပါစေကြောင်း ဆုတောင်းကြသည်ဟုသိရသည်။ သြဂုတ်လ ၁၉ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့တွင် ညောင်ရွှေ၊ နောင်မွန်၊ ဘန်းယဉ်၊ စံကား စော်ဘွားများ၏ သားသမီးမြေးမြစ်များနှင့်ကျန်ရှိ ဆွေတော်မျိုးတော်များစုပေါင်းကာ သျှမ်းဧကရာဇ် သျှမ်းဘုရင်မင်းမြတ်၊ စော်ဘွား ၃၃ ပါးတို့၏ ၀ိဉာဉ်များအား တိုင်တည်ကာ...
ငြိမ်းချမ်းရေးအတွက် သျှမ်းပြည် တဝှမ်းလုံး သံဃာတော်များတပြိုင်တည်း အန္တရာယ်ကင်းပရိတ်ရွတ်
သျှမ်းပြည်တွင်းလူထု အေးချမ်းမှုရရှိရေး၊ တိုက်ပွဲများရပ်တန့်ရေး၊ သျှမ်းတပ် ၂ ဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက်ရည်ရွယ်ကာ သျှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့နာယက အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သျှမ်းပြည်တွင်းမြို့နယ်တိုင်းမှ သံဃာတော်များ တပြိုင်နက် ပရိတ်ရွတ်မေတ္တာပို့ကြကြောင်းသိရသည်။ သြဂုတ်လ ၂၀ ရက် ယနေ့မနက်ပိုင်းက သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယက အဖွဲ့ ရုံးရှိရာ ပင်လုံမြို့အပြင် လွယ်လင်၊...





