Wednesday, January 28, 2026

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ၁၀ ရက်ကျင်းပမည်

တောင်ကြီးမြို့တွင် ရိုးရာတန်ဆောင်တိုင်ပွဲတော်ကို နို၀င်ဘာလ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်းသိရသည် ။

ပြီးခဲ့သည့် စက်တင်ဘာလက သျှမ်းပြည်နယ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဆပ်ကော်မတီ အစည်းအဝေးမှ ထုတ်ပြန်ချက်အရ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၉ ရက်သာကျင်းပမည်ဆိုသည့်အပေါ် မီးပုံးပျံပညာရှင်များ ဒေသခံလူထုများ တောင်းဆိုမှုကြောင့် ယခင်နှစ်များအတိုင်း ၁၀ ရက်ပြန်လည်ကျင်း ပမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က ကြေငြာလိုက်သည်။

“ဒေသခံလူထုရဲ့မေတ္တာရပ်ခံချက်တွေ ၊ မီးပုံးပျံပညာရှင်တွေရဲ့တောင်းဆိုမှုကြောင့် သျှမ်းပြည်နယ်အစိုးရနဲ့ မီးပုံးပျံပွဲတော်ကျင်းပရေးကော်မတီကနေပြီး အောက်တိုဘာလ ၁၇ ရက်နေ့က အစည်းအဝေးထပ်မံကျင်းပပြီးတော့ ဒါ ၁၀ ရက်အကြာပွဲကျင်းပဖို့ပြန်ပြီး ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။”- ဟုလူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက သတင်းသမားများအားပြောဆိုသည် ။

နှစ်စဉ် ရိုးရာမပျက် ကျင်းပလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ်တွင်လည်း အဝေရာမီးပုံးပျံကွင်းတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး နေ့လွှတ် အရုပ် မီးပုံးပျံ၊ ညမီးကြီး၊ စိန်နားပန် မီးပုံးပျံ အမျိုးအစားများ ပြိုင်ပွဲဝင်လွှတ်တင်ကြမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဆုပေးပွဲအခမ်းအနားကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ယမန်နှစ်က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကိုအောက်တိုဘာလ ၂၆ မှ နို၀င်ဘာလ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် နေ့လွှတ် ညလွှတ် မီးပုံးပျံပေါင်း ၃၀၀ ကျော်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွင်း ခါးပိုက်နှိုက်သောင်းကျန်း

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခါးပိုက်နှိုက်ခြင်းနှင့် ပစ္စည်းလုယက်ခံရသူများ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို မူလက ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ပွဲတော်ရက်ကို နိုဝင်ဘာလ...
tazaungdaing-festival

တောင်ကြီးတန်ဆောင်တိုင် ပွဲလာသူများထံ တည်းခိုခန်းအမည်ခံများက ငွေလိမ်ယူနေ

0
သျှမ်းပြည် မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများထံ တည်းခိုခန်းအမည်ခံသူများက ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် ကြိုတင်အခန်းငှားရမ်းပေးပြီး ငွေလိမ်ယူနေကြသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်တစ်ခုအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိလာသူများသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင် ရှိသည်ဆိုသော "Pine Garden...

တန်ဆောင်တိုင်ကာလ တောင်ကြီးမြို့တွင်း ကုန်တင်ကားများ သွားလာခွင့်ယာယီပိတ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် လာမည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ကုန်တင်ကား နှင့် တွဲကားများကို မြို့အတွင်း သွားလာဖြတ်သန့်ခွင့် ယာယီပိတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် လာမည့် (အောက်တိုဘာလ ၂၉ ရက် မှ နိုဝင်ဘာလ ၅ ရက်) အတွင်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင့်ပသွားမည်ဖြစ်ကြောင်း...

တောင်ကြီး တန်ဆောင်တိုင်ကာလ ဖမ်းဆီးခံလူငယ်(၁၄၀)ကျော် စစ်သင်တန်းပေးပြီး ရှေ့တန်းပို့

0
တောင်ကြီး တန်ဆောင်တိုင်ကာလ အတွင်း ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၁၄၀)ကျော်ကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ရှေ့တန်းပို့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက စတင်ပြီး တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ညဘက် ပေါ်တာဆွဲ ဖမ်းဆီးမှုများပါ ထပ်မံပြုလုပ်ခဲ့ပြီး တန်ဆောင်တိုင်ကာလတွင် ဖမ်းဆီးခံရသူ...