Wednesday, January 28, 2026

၅၃ ကြိမ်မြောက် သျှမ်းပြည်နယ် ဓမ္မသဘင်ညီလာခံအား ကျိုင်းတုံမြို့တွင် ကျင်းပမည်

သျှမ်းပြည်နယ် သထုံမူလမင်းကွန်း မဟာသတိပဌာန် ကမ္မဌာန်း၏ ၅၃ ကြိမ်မြောက် ဓမ္မသဘင်ညီလာခံပွဲအား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့က ကျိုင်းတုံမြို့မှ ဓမ္မသဘင် ညီလာခံ ကျင်းပရေး ကော်မတီက လင်းခေးမြို့ ကမ္မဌာန်းကျောင်းတိုက်သို့ရောက်ရှိကာ ညီလာခံကျင်းပရေးသာသနာ့အလံတော်အား လက်ခံခဲ့ကြောင်းသိရသည်။

Photo from Loon Ohn Pe/ ကျိုင်းတုံမြို့မှ ဓမ္မသဘင် ညီလာခံ ကျင်းပရေး ကော်မတီက လင်းခေးမြို့ ကမ္မဌာန်းကျောင်းတိုက်သို့ရောက်ရှိကာ ညီလာခံကျင်းပရေးသာသနာ့အလံတော်အား အောက်တိုဘာလ ၁၁ ရက်နေ့ကလက်ခံ

ကျိုင်းတုံမြို့မှ ညီလာခံကျင်းပရေးကော်မတီဝင် စိုင်းသန်းက – အစက ဒီ ၅၃ ကြိမ်မြောက်ကို နမ္မတူ မြို့နယ် မန်စံ မိုင်းမု ကမ္မဌာန်းကျောင်းမှာ ကျင်းပမလို့ပါ။ ဒါပေမယ့် အဲ့ဘက်မှာ တိုက်ပွဲကလည်း မကြာမကြာ ဖြစ်နေတော့ မကျင်းပဖြစ်သေးပါဘူးဆိုပြီး မိုင်းမုဘက်ကကော်မတီတွေက မူလကမ္မဌာန်းတိုက်ဖြစ်တဲ့ လင်းခေးကို သြဂုတ်လ ၂၉ ရက်နေ့ကပြန်လာအပ်တယ်။ဆိုတော့ မိုင်းမုပြီးရင် တောင်းဖို့စီစဉ်ထားတဲ့ ကျနော်တို့ကျိုင်းတုံက နေ အခုသွားတောင်းလာတာဖြစ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

Photo from Loon Ohn Pe/ဓမ္မသဘင်ညီလာခံကျင်းပရေးမဖြစ်တော့ကြောင်း မန်စံ မိုင်းမုမှ ကျင်းပရေးကော်မတီက လင်းခေးကမ္မဌာန်းတိုက်သို့ သြဂုတ်လ ၂၉ ရက်နေ့က ပြန်လည်အပ်နှံစဉ်

သျှမ်းပြည်အတွင်း သထုံမူလမင်းကွန်း ကမ္မဌာန်းကျောင်းတိုက် ၁၈ တိုက်ရှိပြီး တနှစ်တကြိမ်ဖြင့် အလှည့်ကျ နှစ်စဉ် ဓမ္မသဘင်ညီလာခံ ကျင်းပခဲ့သည်။ သက်ဆိုင်ရာမြို့နယ်မှ ကိုယ်စားလှယ်များ ဆရာတော် သံဃာ တော်များ စုဆုံကာ မိမိကျောင်းမှ တရားစခန်း ဖွင့်စဉ်ကာလ ကြုံတွေ့ရသော ပြသနာ အခက်အခဲ အောင်မြင်မှုအစရှိသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ညီလာခံကာလအတွင်း ပရိသတ် များအတွက်လည်း ဓမ္မသဘင်တရားပွဲလည်းကျင်းပပေးခဲ့သည်။

လာမည့် ၅၃ ကြိမ်မြောက်ညီလာခံသဘင်မှာ ကျိုင်းတုံမြို့ ကမ္မဌာန်းကျောင်းတိုက်တွင် ၂၀၁၉ ခုနှစ်ဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်ရက်အတိအကျကိုမူ ထပ်မံဆွေးနွေးပြီးမှ ကြေငြာမည်ဖြစ်ကြောင်း ကျိုင်းတုံ ညီလာခံကျင်းပရေးကော်မတီကပြောသည်။

၅၂ ကြိမ်မြောက် ဓမ္မသဘင်ညီလာခံကို ကွန်ဟိန်းမြို့ကမ္မဌာန်းကျောင်းတွင်လည်းကောင်း၊ ၅၁ ကြိမ်မြောက်ညီလာခံကို မိုးနဲမြို့တွင်လည်းကောင်း၊ ၅၀ ကြိမ်မြောက် ညီလာခံကို သျှမ်းပြည်နယ်၏ မူလဘူတဖြစ်သည့် လင်းခေးမြို့ ကမ္မဌာန်းကျောင်းတိုက်တွင်ကျင်းပခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မတူကွဲပြားမှုကို ၂၁ ပင်လုံ လက်တွေ့ လက်မခံသေး

0
ယမန်နေ့ ကျင်းပသည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ အဖွင့်အမှာစကားကို မြန်မာဘာသာဖြင့် ပြောဆိုခဲ့သည့် အပေါ်လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှု များစွာရှိခဲ့သည်။ သြဂုတ်လ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သော...

ကချင်ပြည်နယ်အတွင်းရှိ သျှမ်းလူငယ်များ တွေ့ဆုံ ပွဲပြုလုပ်

0
ကချင်ပြည်နယ်အတွင်း Tai Youth Network သျှမ်းလူငယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယခုလကုန်အထိ မြို့နယ်များတချို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ စက်တင်ဘာ ၂၅ ရက်နေ့မှာမိုးညှင်း ၂၆ ရက်ကျတော့ အင်းတော်ကြီး ၂၇ ရက်က မံစီမြို့ ၂၈ ဗန်းမော်မြို့  ၂၉ မိုးကောင်းမောက်မြို့ ၃၀ ဒေါ့ဖုန်းယန်မြို့။ အောက်တိုဘာ...

ကျိုင်းတုံမြို့တွင်ကျင်းပသည် ၅၃ ကြိမ်မြောက်သံဃာ့ညီလာခံ နမ့်စန်မြို့တွင်ကမ္မဌာန်းတိုက်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုမှုရှိ  

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် စွမ်ဇိုင့် ကမ္မဌာန်းတိုက်တွင် ၅၃ ကြိမ်မြောက်သျှမ်းပြည်နယ်လုံးဆိုင်ရာ သထုံမူလမင်းကွန်းကမ္မဌာန်းတိုက် သံဃာ့ညီလာခံကျင်းပရာတွင် နမ့်စန်မြို့မှ ဒေသခံလူထုက နမ့်စန် ကမ္မဌာန်းကျောင်းအား ကမ္မဌာန်းတိုက်အဖြစ်တရားဝင်သတ်မှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ ကျိုင်းတုံမြို့တွင် သံဃာ့ညီလာခံကြီးအား ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်နေ့အထိ ၃ ရက်တိုင်တိုင်...

သျှမ်းပြည်နယ် သထုံမူလမင်းကွန်းကမ္မဌာန်းများ၏ ၅၃ ကြိမ်မြောက် သံဃာစုံညီလာခံကြီး ကျိုင်းတုံတွင်ကျင်းပမည်

0
သျှမ်းပြည်တွင်းရှိ မဟာသတိပဌာန် မူလမင်းကွန်းကမ္မဌာန်းတိုက်မှ သံဃာတော်များစုံညီ ညီလာခံနှင့်တရားပွဲကြီးအား ကျိုင်းတုံမြို့တွင် ယခုလနှောင်းပိုင်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ကျိုင်းတုံမြို့ စွမ်စိုင့်ကမ္မဌာန်းတိုက်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ “ကျိုင်းတုံမြို့ သံဃာ့ညီလာခံကြီးကျင့်ပရေးကော်မတီအတွင်းရေးမှူး ဦးစိုင်းဝန်း က-  ကျနော်တို့ စီစဉ်ထားမှုက ၈၀...

NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် လားဟူဒီမိုကရက်တစ်ယူနီယံ ဆဌမအကြီစုံညီ ညီလာခံ ကျင်းပ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်း

0
လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံကို ထိုင်းနယ်စပ်တနေရာတွင်ကျင်းပရာ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်းခြင်းအပါ၀င် လားဟူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားရန် အထူးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ပြည်တွင်းပြည်ပရှိ လားဟူအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်သည့် အဆိုပါ ညီလာခံအား မတ်လ ၁၉ နှင့် ၂၀ ရက်နေ့ ၂ ရက်တာကျင်းပခဲ့ကြောင်းသိရသည်။ “ဒီညီလာခံမှာ လားဟူတိုင်းရင်းသားကိုယ်စားလှယ် စုံစုံညီညီတက်ရော်ကဲ့ပါတယ်။ ဗဟိုကော်မတီဝင်တွေအပြင် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ရယ်...