ကျိုင်းတုံမြို့တွင်ကျင်းပသည် ၅၃ ကြိမ်မြောက်သံဃာ့ညီလာခံ နမ့်စန်မြို့တွင်ကမ္မဌာန်းတိုက်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုမှုရှိ  

0

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် စွမ်ဇိုင့် ကမ္မဌာန်းတိုက်တွင် ၅၃ ကြိမ်မြောက်သျှမ်းပြည်နယ်လုံးဆိုင်ရာ သထုံမူလမင်းကွန်းကမ္မဌာန်းတိုက် သံဃာ့ညီလာခံကျင်းပရာတွင် နမ့်စန်မြို့မှ ဒေသခံလူထုက နမ့်စန် ကမ္မဌာန်းကျောင်းအား ကမ္မဌာန်းတိုက်အဖြစ်တရားဝင်သတ်မှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

Photo Credit to Keng Tong Youth /၅၃ ကြိမ်မြောက် ကျိုင်းတုံညီလာခံ ဖွင့်ပွဲအခမ်းအနား

ကျိုင်းတုံမြို့တွင် သံဃာ့ညီလာခံကြီးအား ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ဒီညီလာခံမှာ နမ့်စန်က ကမ္မဌာန်းကို ကမ္မဌာန်းတိုက်အဆင့် သတ်မှတ်ပေးဖို့တောင်းဆိုလာတာရှိတယ်။ အဲဒီအကြောင်း သံဃာတော်တွေ ဆွေးနွေးကြတယ်။ ဒီနေ့ ၂၈ ရက်နဲ့ နက်ဖြန် ၁ ရက်နေ့ မှာ သက်ဆိုင်ရာကမ္မဌာန်းတိုက်က ကိုယ်စားလှယ်တွေပေါ့နော် ကမ္မဌာန်းတတိုက်ကို သံဃာတော်တပါးနဲ့ လူတယောက် ကနေ မိမိကမ္မဌာန်းတိုက်ကနေ ဖွင့်လှစ်ခဲ့တဲ့တရားစခန်းအခြေအနေတွေပေါ့ ဆွေးနွေးတင်ပြတယ်။ ပြီးတော့ မိမိကမ္မဌာန်းတိုက်ကလိုအပ်နေတာတွေ၊ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေ ယုတ်လျော့မှုတွေစတာတွေကိုတင်ပြမယ်။ မတ်လ ၂ ရက်နေ့မှ ဆုံးဖြတ်ဖို့လိုနေတဲ့ကိစ္စတွေဆုံးဖြတ်ကြမယ်။ နောက်နှစ်ကျရင် သံဃာ့ညီလာခံကြီးကိုဘယ်မှာကျင်းပမလဲဆိုတာကိုလည်းအဲဒီနေ့မှ သိရမယ်။ ရေစက်ချလှူဒါန်းတာလဲ အဲ့နေ့မှာလုပ်ကြမယ် ” – ဟု ကျိုင်းတုံမြို့ သံဃာ့ညီလာခံကြီးဖြစ်မြောက်ရေး ကော်မတီဝင် လုံးစိုင်း ကပြောသည်။


ယခုနှစ်သံဃာ့ညီလာခံပွဲအပါအဝင် ကျိုင်းတုံမြို့ကမ္မဌာန်းကျောင်းတိုက်အနေဖြင့် ကမကထပြု ညီလာခံကြီး ကျင်းပခဲ့သည်မှာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည်။

ကျိုင်းတုံ သံဃာ့ညီလာခံသို့ သျှမ်းပြည်အတွင်းရှိ သက်ဆိုင်ရာ သထုံမူလမင်းကွန်း ကမ္မဌာန်းတိုက်မှ သံဃာတော်များနှင့်တရားပြဆရာတော်များ ၃၀၀ ကျော်တက်ရောက်ပြီး ဒေသအသီးသီးမှ တပည့်ဒကာ ဒကာမများ ၁၀၀၀၀ နီးပါး လည်းလာရောက်ကုသိုလ်ပြုကြကြောင်းသိရသည်။

၅၃ ကြိမ်မြောက် သံဃာ့ညီလာခံကြီးအား နမ္မတူမြို့နယ် မန်စံ-မိုင်းမု ကမ္မဌာန်းကျောင်းတွင် ပြုလုပ်ရန် ယခင်နှစ် က ကွန်ဟိန်းမြို့ ကမ္မဌာန်းကျောင်းတိုက်တွင်ဆုံးဖြတ်ခဲ့ကြသော်လည်း မန်စံတွင် တိုက်ပွဲများဖြစ်ပွါးနေမှုများကြောင့် မန်စံမှ ကော်မတီများက မူလဖြစ်သော လင်းခေးကမ္မဌာန်းတိုက်သို့ သြဂုတ်လ ၂၀၁၈ က ပြန်လည်အပ်နှံခဲ့သည်။ ၂၀၁၈ အောက်တိုဘာလတွင်မူ ကျိုင်းတုံမြို့တွင် ပြုလုပ်ကျင်းပခွင့်ပြုရန် ကျိုင်းတုံကော်မတီများက လင်းခေးသို့သွားရောက်တောင်ခံခဲ့ရာမှ ယခု ကျင်းပခဲ့ရခြင်းဖြစ်သည်။

 

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here