Wednesday, January 28, 2026

သျှမ်းပြည်နယ် သထုံမူလမင်းကွန်းကမ္မဌာန်းများ၏ ၅၃ ကြိမ်မြောက် သံဃာစုံညီလာခံကြီး ကျိုင်းတုံတွင်ကျင်းပမည်

သျှမ်းပြည်တွင်းရှိ မဟာသတိပဌာန် မူလမင်းကွန်းကမ္မဌာန်းတိုက်မှ သံဃာတော်များစုံညီ ညီလာခံနှင့်တရားပွဲကြီးအား ကျိုင်းတုံမြို့တွင် ယခုလနှောင်းပိုင်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Photo Credit to Sai Kyaw Win/ ကျိုင်းတုံမြို့ စွမ်စိုင့် ကမ္မဌာန်းတိုက်တွင် သံဃာတော်များညီလာခံနှင့်တရားပွဲကျင်းပရန်ဒေသခံများပြင်ဆင်နေကြပုံ

ကျိုင်းတုံမြို့ စွမ်စိုင့်ကမ္မဌာန်းတိုက်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ကျိုင်းတုံမြို့ သံဃာ့ညီလာခံကြီးကျင့်ပရေးကော်မတီအတွင်းရေးမှူး ဦးစိုင်းဝန်း က-  ကျနော်တို့ စီစဉ်ထားမှုက ၈၀ ရာခိုင်နှုန်းလောက်ပြီးပါပြီ။ ထမင်းစားဆောင်ဘဲကျန်ပါတော့တယ်။ ဧည့်သည်များနားနေဆောင်တွေတော့ ဆောက်လုပ်ပြီးသွားပါပြီ– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သံဃာစုံစုစည်းမှု၊ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တွင် ညီလာခံ၊ မတ်လ ၂ ရက်နေ့တွင် ရေစက်ချလှူဒါန်းခြင်းအခမ်းအနားရှိကြောင်း   သိရသည်။

Photo Credit to Sai Kyaw Win/ ကျိုင်းတုံမြို့ စွမ်စိုင့် ကမ္မဌာန်းတိုက်တွင် သံဃာတော်များညီလာခံနှင့်တရားပွဲကျင်းပရန်ဒေသခံများပြင်ဆင်နေကြပုံ

သျှမ်းပြည်အတွင်း သထုံမူလမင်းကွန်း ကမ္မဌာန်းကျောင်းတိုက် ၁၈ တိုက်ရှိပြီး တနှစ်တကြိမ်ဖြင့် အလှည့်ကျ နှစ်စဉ် ဓမ္မသဘင်ညီလာခံ ကျင်းပခဲ့ရာ ယခုနှစ်တွင် ၅၃ ကြိမ်မြောက်ရှိပြီဖြစ်ပါသည်။   သက်ဆိုင်ရာမြို့နယ်မှ ကိုယ်စားလှယ်များ ဆရာတော် သံဃာ တော်များ စုဆုံကာ မိမိကျောင်းမှ တရားစခန်း ဖွင့်စဉ်ကာလ ကြုံတွေ့ရသော ပြသနာ အခက်အခဲ အောင်မြင်မှုအစရှိသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ညီလာခံကာလအတွင်း ပရိသတ် များအတွက်လည်း ဓမ္မသဘင်တရားပွဲလည်းကျင်းပပေးခဲ့သည်။

၅၂ ကြိမ်မြောက် ဓမ္မသဘင်ညီလာခံကို ကွန်ဟိန်းမြို့ကမ္မဌာန်းကျောင်းတွင်လည်းကောင်း၊ ၅၁ ကြိမ်မြောက်ညီလာခံကို မိုးနဲမြို့တွင်လည်းကောင်း၊ ၅၀ ကြိမ်မြောက် ညီလာခံကို သျှမ်းပြည်နယ်၏ မူလဘူတဖြစ်သည့် လင်းခေးမြို့ ကမ္မဌာန်းကျောင်းတိုက်တွင်ကျင်းပခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်...

ကျိုင်းတုံမြို့ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ကြီး တာဝန်ရပ်ဆိုင်းရန် မိဘများ တောင်းဆို

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်းမှ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းရန် ကလေး၏ မိဘများက တောင်းဆိုနေကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် ကျောင်းသား /သူများ လက်သည်း ညှပ်/မညှပ်ကို...

ကျိုင်းတုံမြို့တွင် အစိုးရပိုင် လျှပ်စစ်ပစ္စည်းများ ခိုးယူခြင်းခံရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တပ်ဆင်ထားသည့် လျှပ်စစ်ပစ္စည်းများသည် ခိုးယူခြင်းခံရကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက် ယန်းလောကျေးရွာအုပ်စု၊ နမ့်ခင်ချောင်းအနီးရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ကျိုင်းတုံ)မှ ဆိုလာရေတင် စနစ် ဆောင်ရွက်သည့် ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း...

ကျိုင်းတုံမြို့ အမှိုက်ခွန်ဈေးနှုန်း အဆမတန် တက်လာမှုကြောင့် ပြည်သူများ အခက်တွေ့

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် အမှိုက်ခွန် ဈေးနှုန်း အဆမတန် တိုးမြှင့်လာသည့် အတွက် ဒေသခံပြည်သူများ အခက်တွေ့နေကြောင်း သတင်းသိရသည်။ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လုပ်ပိုင်ခွင့်ပေးထားသည့် စိန်ရေကန် အမှိုက်သိမ်း ကုမ္ပဏီသည် ပြည်သူများထံ အမှိုက်ခွန်စျေးနှုန်းများကို ယခု အောက်တိုဘာလ အတွင်းမှ စတင်ကာ တစ်အိမ်လျှင်...

ကျိုင်းတုံမြို့နယ် ရေဘေးကြုံပြည်သူ အခက်အခဲ ရှိနေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် ရေဘေးကြုံနေရသည့်ပြည်သူများ အခက်အခဲရှိနေကြောင်း သတင်းသိရသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှု နောက်ဆက်တွဲမှုကြောင့် ကိုဗစ်ကာလအလွန် နိုင်ငံရေးရိုက်ခတ်မှု နှင့် စီးပွားရေးအကြပ်အတည်းများဖြစ်လာပြီး ဒေသခံ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အခြေခံလူတန်းစားများ အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းသိရှိရသည်။ “ကျနော်တို့မြို့ (ကျိုင်းတုံ) က တခြားမြို့နဲ့ ယှဥ်လိုက်ရင်လည်း...