Wednesday, January 28, 2026

အင်းလေးဖောင်တော်ဦးဘုရား ညောင်ရွှေမြို့တွင် ၃ ည ကျိန်းမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်း သီတင်းကျွတ်အခါသမယ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပရာ ညောင်ရွှေမြို့တွင် ၃ ည ကျိန်းဝပ်တော်မူမည်ဖြစ်ကြောင်းသိရသည်။

Photo SHAN/၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံနေစဉ်

နှစ်စဉ်ရိုးရာမပျက်ကျင်းပမြဲ ဖောင်တော်ဦးဘုရားပွဲအား ယခုနှစ်တွင်လည်း ၁၈ ရက်တာ ကျင်းပခဲ့ရာ အောက်တိုဘာလ ၁၇ မှ ၁၉ ရက်နေ့အထိ ညောင်ရွှေမြို့ ညောင်ရွှေကျောင်းတိုက်တွင် ဆင်းထုတော်ကျိန်း တော်မူမည်ဖြစ်ကြောင်း သိရသည်။

ညောင်ရွှေဒေသခံ နန်းရွှေက – “ ညောင်ရွှေမှာ ၃ ရက် အပူဇော်ခံမယ်။ ရပ်နီးရပ်ဝေးကလာတဲ့ ဘုရားဖူး တွေလည်း အရမ်းများတယ်။ ညောင်ရွှေမှာ အခု လှေပြိုင်ပွဲလည်းလုပ်နေတယ်။ လှေအစီးပေါင်း ၂၀ ကျော်တယ်ဒီနှစ် ” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

Photo by SHAN/၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက် ညောင်ရွှေလှေပြိုင်ပွဲ

ညောင်ရွှေသို့ ကြွချီသည့် ယနေ့မနက်ပိုင်းက ညောင်ရွှေဟော်နန်းရှေ့အရောက်တွင် ညောင်ရွှေစော်ဘွား၏ ကျန်ရစ်သူမိသားစုဝင်များက စော်ဘွားကြီးအားရည်စူးကာ ဆင်းထုတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း လည်းသိရသည်။

ဖောင်တော်ဦးဘုရားဆင်းထုတော်သည် အင်းတိန် ကြေးပေါခုံကျောင်း၊ ဟဲယာရွာမကျောင်း၊ ငါးဖယ်ချောင်း ကျောင်း၊ ကြေးစားကျောင်း၊ ပွဲစားကုန်းကျောင်း၊ လင်းကင်းကျောင်း၊ ညောင်ရွှေကျောင်းတော်၊ နန်းသဲကျောင်း ၊ မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ကေလာကျောင်း ၊ဇရပ်ကြီးကျောင်း၊ အလိုတော်ပေါက်ကျောင်း၊ နမ့်ပန်ကျောင်း၊ မန်ကျည်းဆိပ်ကျောင်း၊ ကျိုင်းခမ်းကျောင်း၊ မိုင်းပျိုးကျောင်း၊ နောင်တောကျောင်း၊ ရေသာကျောင်း တိုက်တို့တွင် ညကျိန်းတော်မူမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌ညောင်ရွှေမြို့ရှိ စပါးခင်းများ တောင်ကျရေကြောင့် ပျက်စီး

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် မိုးသည်းထန်ကာ တောင်ကျရေများကြောင့် စပါးခင်း ဧကများစွာ ရေမြှုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့နယ်တွင် ပြီးခဲ့သည့် (ဇွန်လ ၁၁ရက်မှ ၁၃ ရက်) အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် စပါးခင်းနှင့် မြေအနိမ့်ပိုင်းရှိ ရပ်ကွက်အချို့ ရေနစ်မြှုပ်ခဲ့ကြောင်း ညောင်ရွှေဒေသခံများက ပြောသည်။ ထိုသို့...

ညောင်‌ရွှေမြို့ရှိ စစ်ဘေးရှောင် ၃၀၀ အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် (၃၀၀)ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ် တလျှောက်နှင့် ကရင်နီ (ကယား) ပြည်နယ်အတွင်း “ ၁၁.၁၁ စစ်ဆင်ရေး” ခေါင်းစဉ်ဖြင့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများစွာ...

ညောင်ရွှေတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာသို့ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) ညနေ (၅)နာရီ ဝန်းကျင်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့သည် ဖယ်ခုံ အနောက်ဘက်ကမ်းမှ...

ညောင်ရွှေမြို့ ရေပူကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO) တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် ရေပူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ရာ ၂ ကြိမ်ရှိပြီး ဒေသခံနေအိမ် ၃ လုံးပျက်စီးသွားကြောင်း...

ညောင်ရွှေမြို့ရောက် စစ်ရှောင်များကို လာမည့် မတ်လကုန် နေရပ်သို့ အပြီးပြန်နေခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လာမည့်နှစ် မတ်လတွင် ၎င်းတို့၏ နေရပ်သို့ အပြီးပြန်နေခိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများက အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ တတိယပတ်)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျေးရွာ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ခေါ်ယူ၍ ညောင်ရွှေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် တည်းခိုနေသည့် စစ်ရှောင်ပြည်သူများ လာမည့် ၂၀၂၅...