Tuesday, January 27, 2026

‌ညောင်ရွှေမြို့ရှိ စပါးခင်းများ တောင်ကျရေကြောင့် ပျက်စီး

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် မိုးသည်းထန်ကာ တောင်ကျရေများကြောင့် စပါးခင်း ဧကများစွာ ရေမြှုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

ညောင်ရွှေမြို့နယ်တွင် ပြီးခဲ့သည့် (ဇွန်လ ၁၁ရက်မှ ၁၃ ရက်) အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် စပါးခင်းနှင့် မြေအနိမ့်ပိုင်းရှိ ရပ်ကွက်အချို့ ရေနစ်မြှုပ်ခဲ့ကြောင်း ညောင်ရွှေဒေသခံများက ပြောသည်။

ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်ကျရေကြောင့် ညောင်ရွှေမြို့၏ မြောက်ဘက်နှင့် အနောက်ဘက်ရှိ လယ်စပါး ဧကများစွာ ရေနစ်မြှုပ်ပြီး ပျက်စီးခဲ့ကြောင်း ညောင်ရွှေမြို့‌ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးကြီးပြီး တောင်ကျရေတွေကြောင့် စပါးခင်းတွေ အကုန်လုံးနီးပါး ပျက်စီးသွားတယ်။ ဆုံးရှုံးမှု အတိအကျတော့ မသိရသေးဘူး၊ ရေတွေမြှုပ်ကုန်တာက လယ်ဧက ထောင်နဲ့ ချီတယ်။ ရေတွေက လွှမ်းနေတုန်းပဲ လယ်စပါးတွေကို မြို့ရဲ့ မြောက်ဘက် နဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ လယ်တွေ”ဟု ညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ ဇွန်လ ၁၆ ရက်တွင် ညောင်ရွှေမြို့ မြေနိမ့်ပိုင်းရှိ ကံသာရပ်ကွက်နှင့် သာစည်ရပ်ကွက်တွင် ရေများဆက်လက်ကျန်ရှိပြီး ဒေသခံအချို့ မြစေတီဘုရားကျောင်းတွင် ဆက်လက်နေထိုင်နေကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရေဘေး၊ ၂၀၂၅ ခုနှစ် မတ်လတွင် ငလျင်ဘေးကြုံခဲ့ရပြီး ယခု ဇွန်လတွင်လည်း ရေဘေးများကြောင့် စိုက်ပျိုးသီးနှံများနှင့် စီးပွားရေးများ အကြိမ်ကြိမ်ပျက်စီးပြီးရပြီး အချို့သည် ပြန်လည်းထူထောင်ရန် ခက်ခဲနေသည့် အခြေအနေနှင့် ကြုံတွေ့နေကြရသည်။

ယခုလက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ လွယ်ပေါင်းရွာ၊ လဟယ်ရွာနှင့် မိုးဗြဲဘက်ခြမ်းတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး အဆိုပါ ကျေးရွာအနီးနားရှိ ဒေသခံများမှာ တောတောင်ထဲ၌ စစ်ဘေးတိမ်းရှောင် နေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ခြံရှိတဲ့ သူက ခြံထဲမှာ စစ်ရှောင်ကြတယ်။ မရှိတဲ့ သူက တောတောင်ထဲ ရှောင်ကြတာ။ မိုးတွင်းကာလဆိုတော့ မိုးကာတွေ စုတ်ပြဲနေပြီး နေစရာ အခက်ခဲရှိတယ်။မိုးရွာတော့ ရေတွေလည်း မသန့်ဘူး။စားသောက်ဖို့တွေ အခက်ခဲဖြစ်တယ်။ မိုးကာတို့ စားစရာတို့ လိုတယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄)ရက်နေ့တွင်လည်း စစ်ကောင်စီက မိုးဗြဲအနောက်ဘက်ခြမ်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပျက်စီးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MBPDF) မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ (၁၅)ရက်တွင်လည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့ခြင်းကြောင့် အဆောက်ဦးတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

တောင်ကျရေနဲ့အတူ လူ့အသက်တွေ မျောပါနေရ

0
“မိုးရွာလာပြီဆိုရင် ကြောက်စိတ် ဝမ်းနည်းစိတ်က အလိုလို ဖြစ်လာတယ်။ မိုးရွာတဲ့ညဆိုရင် အိပ်မပျော်ဘူး” လို့ ဉီးကျော်က သူ့ ခံစားချက်ကို ရင်ဖွင့်ပြောလာပါတယ်။ ယခုနှစ် ဇူလိုင်လ ၂၇ ရက် ညအချိန်မှာ မိုးရွာသွန်းမှုကြောင့် ဉီးကျော်တို့မိသားစု အိပ်ယာကို စောစောစီးစီး ဝင်ခဲ့ကြပါတယ်။ ဇူလိုင်လ ၂၈ ရက် မနက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

ပင်းတယ တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါးပျက်စီး၊ နောက်နှစ် ဆန်ရှားပါးလာနိုင်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာ အုပ်စုတွင် တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါး ပျက်စီးသဖြင့် နောက်နှစ်အတွက် ဆန်ရှားပါးမှုကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာနှင့် အုံအက်ကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ်နှင့် စိုက်ပျိုးထားသည့် စပါးခင်းများပျက်စီးခဲ့ပြီး လူ(၈)ဦးသေဆုံးခဲ့သည်။ ထိုတောင်ကျရေ တိုက်စားပြီးနောက် ပင်းတယ...