ကျောက်မဲမြို့ ပစ်ခတ်ခံရမှုကြောင့်ပျံလွန်တော်မူသော ကျောင်းယွက်ကျောင်းတိုက်ဆရာတော်အတွက် ခိုလမ်ဒေသခံများ ဆုတောင်းပွဲပြုလုပ်ပေးမည်

ယနေ့ကျောက်မဲတွင်ပြုလုပ်သော ဓမ္မမေဒနီကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးကလျာဏဝံသ အဂ္ဂိဈာပန အခမ်းအနားသမယ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲတွင် ဆရာတော် ၊ သံဃာတော်များနှင့် ဒေသခံလူထုစုပေါင်းကာ ဆီမီးထွန်းပူဇော်ပြီးဆုတောင်းပွဲ တရပ်ပြု လုပ် မည်ဖြစ်ကြောင်း သိရသည်။

Photo by – Simon Jao/ကျောက်မဲမြို့ ဓမ္မမေဒနီကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးကလျာဏဝံသ

အောက်တိုဘာလ ၁၁ ရက်ညနေ ၆ နာရီခွဲအချိန် ခိုလမ် မြို့နယ်ခွဲ သီရိမင်္ဂလကျောင်းတိုက်တွင် ဆီမီးထွန်းပူဇော်ကာ ဆုတောင်းပွဲကျင်းပမည်ဖြစ်ကြောင်း ခိုလမ်ဒေသခံ စိုင်းအွန် ကပြောသည်။

ဒီအစီအစဉ်လေးဖြစ်မြောက်ဖို့ ကျနော်တို့ ဆိုင်လျန်းကျောင်းတိုက်ကဆရာတော် ဦးဆောနန္တက နေဦးဆောင်ပါတယ်။ ဆရာတော် ဦးကလျာဏဝံသ အတွက်ဆုတောင်းပေးမယ်။ နောက်ပြီးတော့ ဒီလိုအဖြစ်ဆိုးမျိုး ဘယ်သံဃာတော်ဆီမှာမှ ထပ်မဖြစ်စေဖို့ ဘယ်နေရာ ဘယ်သူ့ဆီမှာမှ ထပ်မဖြစ်စေဖို့ ဆုတောင်းကြမှာဖြစ်ပါတယ်။ အားလုံးကိုပါဝင်ဆုတောင်းကြဖို့ ဖိတ်ခေါ်ပါတယ် – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by – Tham Yort/ကျောက်မဲမြို့ ဓမ္မမေဒနီကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးကလျာဏဝံသ

ဆရာတော်ဦးကလျာဏဝံသ သည် ယခုလ ၅ ရက်နေ့က ကျောက်မဲမြို့ ရပ်ကွက် ၇ ရှိ ကျောင်းယွက် ရွှေကျင်ကျောင်း (ကျောင်းယွက်ကျောင်းတိုက်) တွင် ကိုယ်ရင်ငယ်များနှင့်အတူ ဘုရားဝတ်ပြု ရန် စီစဉ်နေ သည့်အချိန် အမည်မသိလက်နက်ကိုင်သူ ၂ ဦးက ဆိုင်ကယ်တစီးဖြင့်ကျောင်းအတွင်း ဝင်ရောက်ကာ ပစ်ခတ်သဖြင့် ဆရာတော်မှာ ကျည်ဆံ ၇ တောင့်ထိမှန်ကာ ပျံလွန်တော်မူခဲ့သည်။

ယနေ့တိုင် အဆိုပါသေနတ်ပစ်ခတ်သည့်လက်သည်အားမသိရသေးပေ။ ထိုသို့သော သာသနာပြုပုဂ္ဂိုလ်အား ပစ်ခတ်မှုမျိုးကို ဆန့်ကျင်ကန့်ကွက်ကြောင်း ၊ ထပ်မံမပေါ်ပေါက်စေလိုကြောင်း နိုင်ငံရေးပါတီ ၊ စစ်တပ်၊ ပြည်တွင်းပြည်ပမှသံဃာတော်များ၊လူမှုအခြေပြုအဖွဲ့အစည်းများက အသီးသီးကြေငြာချက်ထုတ်ပြခဲ့သည်။

ဆရာတော်၏ ကြွင်းကျန်ရုပ်ကလပ်အား ကျောက်မဲမြို့တွင်ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် အဂ္ဂိဈာပန အခမ်းအနားကျင်းပမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...