Wednesday, January 28, 2026

လင်းခေးဒေသခံများ နမ့်တိန်းချောင်းဘေးတွင် ဆီမီးတစ်ထောင်ထွန်ညှိပူဇော်ပွဲ စုပေါင်းကျင်းပ

သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင် လင်းခေးမြို့နယ် စျေးတန်းရက်ကွက်ရှိ ကမ်းနားလမ်းသစ်တွင် လင်းခေးဒေသခံများ ဆီမီးတထောင်ထွန်းညှိကာ တိန်းချောင်းရေကြီးအဓွန့်ရှည်စီးဆင်းပါစေကြောင်း တိန်းချောင်းရေစောင့်နတ်အား တိုင်တည်ဆုတောင်းမှုပြုခဲ့ကြောင်းသိရသည်။

Photo Credit to – Daw Nang Kham Chit / အောက်တိုဘာ ၂၅ ရက်ည လင်းခေးဒေသခံများ နမ့်တိန်းချောင်းဘေးတွင်ဆီမီးထွန်းညှိကာ ဆုတောင်းမေတ္တာပို့သခြင်းပြုလုပ်နေစဉ်

တိန်းချောင်းရေးနံဘေး ဆီမီးထွန်းညှိ ခြင်းလှုပ်ရှားမှုကို အောက်တိုဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ညပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဆီမီးထွန်းညှိခြင်းအခမ်းအနားတွင်ပါ၀င်သောလင်းခေးဒေသခံလူငယ် နန်းယိင်းဟတ်က – “ဒီနှစ်မှ ကျမတို့စုပြီး စလုပ်တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သီတင်းကျွတ်အခါသမယဖြစ်တာကြောင့်ရယ်၊ နောက်ပြီးတော့ ကျမတို့လင်းခေးဒေသခံတွေ အစဉ်အဆက်ကအထူးအားထားအသုံးပြုရတဲ့ နမ့်တိန်းချောင်းရေ ကြီးအဓွန့်ရှည်စွာစီးဆင်းပါစေကြောင်း၊ သျှမ်းပြည်သားများအားလုံး ဘေးကင်းပြီးငြိမ်းချမ်းမှုအမြန်ရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြတယ်။ တိန်းချောင်းရေစောင့်နတ်ကိုတိုင်တည်ပြီးတော့ပေါ့နော်။ ဆီမီးကတော့ တိန်းချောင်းဘေးမှာဘဲထွန်းညှိစိုက်ထူထားပါတယ်။ ဒီညအတွက်ဆီမီးတွေကို စျေးတန်းရပ်ကွက်မှာနေထိုင်တဲ့ ဦးစိုင်းထွန်းဝေ ဒေါ်နန်းစံတို့မိသားစုက ဒါနပြုတာဖြစ်ပါတယ်။ “- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo Credit to – Daw Nang Kham Chit / အောက်တိုဘာ ၂၅ ရက်ည လင်းခေးဒေသခံများ နမ့်တိန်းချောင်းဘေးတွင်ဆီမီးထွန်းညှိကာ ဆုတောင်းမေတ္တာပို့သခြင်းပြုလုပ်နေစဉ်

နမ့်တိန်းချောင်းဘေး ဆီမီးထွန်းညှိကာ ဆုတောင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၂၆ ရက် သောကြာနေ့ည ပိုင်းတွင်လည်း ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း၊ လင်းခေးမြို့အတွင်းနေ တခြားရပ်ကွက်မှဒေသခံများအားလည်း လာရောက်ပူးပေါင်းကာ ဆီမီးထွန်းညှိလှူဒါန်းရန်ဖိတ်ခေါ်လိုကြောင်း နန်းယိင်းဟတ်က ဆက်လက်ပြောကြားသည်။

“နက်ဖြန်ညမှာတော့ အောင်မြင်ခြင်းအထိမ်းအမှတ် အောင်မင်္ဂလာရှိစေရေးအထိမ်းအမှတ်မဖြစ် အိုးစည်ဗုံမောင်း တွေနဲ့အတူ နမ့်တိန်းချောင်းဘေးမှာ ထပ်မံပြီးဆီမီးထွန်းညှိဆုတောင်းခြင်းအစီအစဉ်ရှိပါမယ်။” – ဟု ပြောသည်။

သီတင်းကျွတ်ကာလ လင်းခေးဒေသခံများ နမ့်တိန်းချောင်းဘေးဆီမီးထွန်းညှိကာ ချောင်းရေစောင့်နတ်အားတိုင်တည်မေတ္တာပို့သခြင်းပြုလုပ်သောနေရာမှာ လင်းခေးစျေးနှင့်ကပ်လျက် စျေးတန်းရပ်ကွက်တွင်ဖြစ်ပြီး အဆိုပါကမ်းနားလမ်းမှာလည်း မကြာသေးခင်ကပြောင်းရွှေ့သွားသော ခရိုင်မှူး ဦးစန်းဌေးက ဦးစီးဦးဆောင်ကာ ပြုလုပ်ထားသော လမ်းတခုဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

နမ့်တိန်းချောင်း လင်ခေးမြို့ နေအိမ် ၂၀ ကျော် ရေလျှံ၊ ရေမြှုပ်

0
သျှမ်းပြည် လင်းခေးခရိုင်တွင် နမ့်တိန်းချောင်းရေကြီးမှုကြောင့် ဈေးတန်းရပ်ကွက်နှင့် ဝမ်းပျဉ်ရပ်ကွက်ရှိ နေအိမ် ၂၀ ကျော် ရေလျှံ ၊ ရေမြုပ် ရှိနေသည်ဟု စုံစမ်းသိရသည်။ (ဩဂုတ်လ ၂၄ ရက်)မှ ရေစတင်တက်လာပြီး ယနေ့ (ဩဂုတ်လ ၂၆ရက်)နေ့အထိ ရေပိုမိုမြင့်နေကြောင့် ဈေးတန်းရပ်ကွက်နေအိမ်များ ရေလျှံ ၊ ‌ရေမြုပ်မှုတွေရှိသည်။ လက်ရှိတွင်...

လင်းခေး ရှင်လောင်းပွဲရောက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်

0
ယနေ့ (ဧပြီလ ၃ ရက်)တွင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စု၌ ကျင်းပသည့် ရှင်လောင်းပွဲသို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ပြီး ရှင်လောင်းများထံ အလှူငွေ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ၎င်းနောက်တွင် လင်းခေးမြို့နယ်အတွင်း နွေရာသီ သျှမ်းစာပေသင်တန်း ဖွင့်လှစ်သင်ကြားနေသည့် နားကုန်းကျေးရွာသို့...

လင်းခေး – ဟိုမိန်းမြို့နယ်ခွဲ လမ်းပိုင်းတွင် (SSS) ဂိတ် (၈) နေရာကို အခွန်ပေးရပြီး ကားခဈေးနှုန်းမြင့်တက်

0
သျှမ်းပြည် လင်းခေးခရိုင် လင်းခေး - ဟိုမိန်းမြို့နယ်ခွဲရှိ လမ်းပိုင်းတွင် နယ်ခြားကာကွယ်ရေးတပ် ( SSS ) ဂိတ် (၈) နေရာကို အခွန်ပေးဆောင်ရသောကြောင့် ကားခ ဈေးနှုန်း ယခင်ထက် မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ လင်းခေး - ဟိုမိန်း ကားခသည် ယခင်ထက်...