Wednesday, January 28, 2026

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ သက်တော် ၅၄ နှစ်ပြည့် ၀ိဇာတ မွေးနေ့ပွဲတော်ကျင်းပ

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်အား ဦးစီးဦးဆောင်တည်ထောင်သူ ဆရာတော် ဒေါက်တာ ဓမ္မသာမိ၏ သက်တော် ၅၄ နှစ်ပြည့် ၀ိဇာတပူဇာ မွေးနေ့ပွဲတော်ဇာတာဆက်ခြင်းအခမ်းအနားတွင် မွေတော်ဟိုလင်းဓါတ်တော်ပုံစံတူစေတီတော်ထီးတင်ပွဲကိုပါ ကျင်းပရာ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် ကြွရောက် ချီးမြှင့်ပြီး ရပ်နီးရပ်ဝေးမှ ပရိတ်သတ်ထောင်ချီ လာရောက်ပူဇော် လှူဒါန်းမှုပြုကြကြောင်းသိရသည်။

Photo by SHAN/ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ သက်တော် ၅၄ နှစ်ပြည့် ၀ိဇာတပူဇာ မွေးနေ့ပွဲတော်ကျင်းပ

နို၀င်ဘာလ ၁၄ ရက် ၂၀၁၈ တွင်ကျရောက်သော ဆရာတော် ဒေါက်တာ ဓမ္မသာမိ၏ သက်တော် ၅၄ နှစ်ပြည့် ၀ိဇာတပူဇာ မွေးနေ့ပွဲတော်မနက်ပိုင်းတွင် ပရိတ်သတ်များအား မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ (ခူးဝါးဝန်းစုမ့်)က ၈ နာရီမှ ၉ နာရီခွဲအထိ တရားတော်ဟောကြား ပေးတော်မူခဲ့သည်။

“အဲဒီနောက်မှာတော့ ဆရာတော် ဒေါက်တာခမ်းမိုင် ဓမ္မသာမိကို ဇာတာဆက်ခြင်းအခမ်းအနားရှိပါတယ်။ သျှမ်းပြည်အရှေ့ပိုင်းက ထေကြီးဝါကြီးဆရာတော်ကြီး ၁၀ ပါးကျော်ကနေ ဇာတာဆက် ပရိတ်တရားတော်တွေရွတ်ဖတ်ပေးခဲ့ကြပါတယ်။ ရပ်နီးရပ်ဝေးက ဆရာတော် နဲ့ဒကာကြီးတွေ ထောင် နဲ့ချီတက်ရောက်ခဲ့ပါတယ်။ စဝ်ခူးဓမ္မကိုဇာတာဆက်ပေးပြီးရင်တော့ မနှစ်က စတင်တည် ထားကိုးကွယ်တဲ့ မွေတော်ဟိုဟိုလိန်းပုံစံတူ ဓါတ်တော် စေတီတော်ကိုထီးတင်မယ့်အခမ်းအနားရှိ ပါမယ်။” – ဟု ကွင်းဆင်းသတင်းယူနေသည့် သျှမ်းသံတော်ဆင့်သတင်းထောက် နန်းစံဖွေး က ပြောသည်။

Photo by SHAN/ဆရာတော်မွေးနေ့ပွဲတွင် ထီးတော်တင်သည့် မွေတော်ဟိုလိန်းဓါတ်တော် စေတီတော်

 

Photo by SHAN/ ဆရာတော်မွေးနေ့ပွဲတွင် ထီးတော်တင်သည့် မွေတော်ဟိုလိန်းဓါတ်တော် ထီးတော်

၀ိဇာတပူဇာ မွေးနေ့မတိုင်မှီ မွေးနေ့အထိမ်းအမှတ်အဖြစ် နို၀င်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် နံနက် ၈ နာရီမှ ၅ နာရီအထိ Breaking Through the Links အမည်ရ အပြည်ပြည်ဆိုင်ရာ ညီလာခံကြီးကို ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပခဲ့သည်။


“ညီလာခံမှာတော့ အမေရိကန်၊ ရုရှား၊ အီတလီ၊ သီရိလင်္ကာနိုင်ငံ၊ စပိန်၊ တိဘက်၊ အိန္ဒိယ ထိုင်း အစရှိ ၁၁ နိုင်ငံက ဓမ္မဆိုင်ရာစာပေကျွမ်းကျင်ပညာရှင်တွေ တက်ရောက်ပါတယ်။ အဲဒီထဲက ၂၀ ယောက်က စာတမ်းဖတ်ကြားပါတယ်။ ညီလာခံတက်ရောက်တဲ့ သျှမ်းပြည်တွင်းက သံဃာတော်က ရ၀ ရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ဘဲ ဟောသွားပါတယ်။ ”- ဟု နန်းစံဖွေး ကပြောသည် ။

နို၀င်ဘာလ ၁၅ ရက် တွင်မူ ဗုဒ္ဓတက္ကသိုလ်တွင် ကထိန်သင်္ကန်းခင်းအလှူပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရပါသည်။
အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်မှ ဗုဒ္ဓဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဆရာတော် ဒေါက်တာဓမ္မသာမိဦးဆောင်ကာ သျှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဗုဒ္ဓတက္ကသိုလ်ကို ၂၀၁၄ ခု အောက်တိုဘာလက စတင်တည်ဆောက်ခဲ့သည်။

ကျပ်သန်းပေါင်း ကိုးထောင်ကျော်သုံးကာ ကျောင်းဆောင် ၆ ဆောင်တပြိုင်နက် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်က ကျရောက်သော ၆၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အား ဖွင့်ပွဲပြုလုပ်ကာ သင်ကြားမှုကိုလည်း ၂၀၁၆ တွင်ပင် စတင်ခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့တွင်တွင်မူ သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရန်အတွက် အုဋ်မြစ်ချ လှူဒါန်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတော်ဝင်မိသားစုဝင်တဦးမှ သျှမ်းပြည်သား ၅ ဦးအပါအဝင် စံပြပုဂ္ဂိုလ်များအား ဆုချီးမြှင့်ပေးအပ်

0
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာ သာသနာတော်ပျံ့ပွါးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများစုပေါင်းကာ သာသနာတော်ပျံ့ပွါးရေးအတွက်ဆောင်ရွက်နေသည့် သံဃာတော်များလူပုဂ္ဂိုလ်များအား Moral Award ဆုချီးမြှင့်ရာတွင် သျှမ်းပြည်သား ၅ ဦးလည်း ပါဝင်ကြောင်းလည်းသိရသည်။ ဆုပေးပွဲအခမ်းအနားအား ထိုင်းနိုင်ငံ နခွန်းပထုမ်းခရိုင် နခွန်းပထုမ်းမြို့နယ် ဗုဒ္ဓမွန်းထွန်း ခန်းမတွင် ကျင်းပရာ နတ်ရွာစံသွားသည့် ထိုင်းဘုရင်ကြီး၏ ဝမ်းကွဲညီမ   ကိုယ်တိုင်ဆုချီးမြှင့်ခဲ့ကြောင်း...