ထိုင်းတော်ဝင်မိသားစုဝင်တဦးမှ သျှမ်းပြည်သား ၅ ဦးအပါအဝင် စံပြပုဂ္ဂိုလ်များအား ဆုချီးမြှင့်ပေးအပ်

ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာ သာသနာတော်ပျံ့ပွါးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများစုပေါင်းကာ သာသနာတော်ပျံ့ပွါးရေးအတွက်ဆောင်ရွက်နေသည့် သံဃာတော်များလူပုဂ္ဂိုလ်များအား Moral Award ဆုချီးမြှင့်ရာတွင် သျှမ်းပြည်သား ၅ ဦးလည်း ပါဝင်ကြောင်းလည်းသိရသည်။

Photo Credit to Naw Kham La Dhammasami- ဆုလက်ခံရယူနေသော ဆရာတော် Naw Kham La Dhammasami

ဆုပေးပွဲအခမ်းအနားအား ထိုင်းနိုင်ငံ နခွန်းပထုမ်းခရိုင် နခွန်းပထုမ်းမြို့နယ် ဗုဒ္ဓမွန်းထွန်း ခန်းမတွင် ကျင်းပရာ နတ်ရွာစံသွားသည့် ထိုင်းဘုရင်ကြီး၏ ဝမ်းကွဲညီမ   ကိုယ်တိုင်ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုလက်ခံရရှိသည့် တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်နော်ခမ်းလှ ဓမ္မသာမိ က-  “သာသနာတော်ပျံ့ပွါးရေး၊ လူမှုရေး၊ ပညာရေး နိုင်ငံရေး စီးပွါးရေးတွေမှာ စေတနာရင်းခံပြီး လှုပ်ရှားဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကို ပေးအပ်ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ ဘယ်နကြိမ်မြောက်လဲဆိုတာကတော့ သူတို့လည်းမပြောပြဘူး။ ဒီဆုကိုလက်ခံဖို့အရည်အချင်းပြည့်တဲ့ လူပုဂ္ဂိုလ်တွေနဲ့သင့်တော်တဲ့အရေအတွက် ရှာတွေ့တဲ့အချိန်မှာ ဒီဆုကိုချီးမြှင့်တယ်လို့တော့ ပြောပါတယ် ” – ဟု မိန့်တော်မူသည်။

အဆိုပါအခမ်းအနားတွင် ဆုလက်ခံရရှိသူ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံပေါင်း ၃၀ ကျော်မှ လူ ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ရာနှင့်ချီရှိကြောင်း၊ ထိုအနက် မြန်မာနိုင်ငံသားများလည်းပါဝင်ပြီး သျှမ်းပြည်သားမှာမူ ဆရာတော်အပါအဝင် ၅ ဦးပါဝင်ကြောင်း ဆုလက်ခံရရှိသည့် ယိင်းလောဝ်အွန် ကပြောသည်။

Photo Credit to Naw Kham La Dhammasami-Moral Award ဆု လက်ခံရရှိသော ယိင်းလောဝ်အွန်၊ ဆရာမဒေါ်မိုမိုသီတာ၊ ဆရာတော် ဒေါက်တာနော်ခမ်းလှ ဓမ္မသာမိနှင့် ဒေါ်နန်းခမ်းဖောင်တို့ ၄ ဦး အားတွေ့ရစဉ်

ယိင်းတို့ သျှမ်းထဲမှာ ဦးလက်ခံရရှိပါတယ်။ ဆရာတော် စဝ်နော်ခမ်းလှ ရယ်၊  ရှမ်းပြည်နယ်စွန့်ဦး တီထွင် အမျိုးသမီးလုပ်ငန်းရှင် Women Entrepreneur Working Group Shan State WEWG အသင်းဥက္ကဌ ဆရာမဒေါ်နန်းမိုမိုသီတာ ရယ်၊ သုဇာတာ နန်းကလျာရှမ်းဓမ္မစကြာအဖွဲ့ ဥက္ကဌ ဒေါ်နန်းခမ်းဖောင် ရယ်၊ နောက်ပြီးတော့ ကျိုင်းတုံမြို့က ဒေါ်နန်းမြင့်မြင့်စိုးရယ်၊ နောက်ပြီးတော့ ကျမ ယိင်းဆိုင်အွန် ရယ်ပေါ့။ သာသနာအကျိုးပြုလုပ်ငန်းတွေမှာအစဉ်လိုက်ပါကူညီဆောင်ရွက်ခြင်းကြောင့် ဆုပေးတာလို့ပြောပါတယ် ” – ဟု ဆုလက်ခံရရှိသည့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့မှ ယိင်းလောဝ်အွန် ကသျှမ်းသံတော်ဆင့်အားပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ နှောင်းပိုင်းကလည်း ထိုင်းနိုင်ငံရှိလူမှုအကျိုးပြုအဖွဲ့အစည်းများစုပေါင်းကာ စံပြလူပုဂ္ဂိုလ်များအားဆုချီးမြှင့်ရာတွင်လည်း သျှမ်းပြည်သား ၃ ဦး ရွေးချယ်ဆုချီးမြှင့်ခံခဲ့ရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...