Tuesday, January 27, 2026

ထိုင်းတော်ဝင်မိသားစုဝင်တဦးမှ သျှမ်းပြည်သား ၅ ဦးအပါအဝင် စံပြပုဂ္ဂိုလ်များအား ဆုချီးမြှင့်ပေးအပ်

ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာ သာသနာတော်ပျံ့ပွါးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများစုပေါင်းကာ သာသနာတော်ပျံ့ပွါးရေးအတွက်ဆောင်ရွက်နေသည့် သံဃာတော်များလူပုဂ္ဂိုလ်များအား Moral Award ဆုချီးမြှင့်ရာတွင် သျှမ်းပြည်သား ၅ ဦးလည်း ပါဝင်ကြောင်းလည်းသိရသည်။

Photo Credit to Naw Kham La Dhammasami- ဆုလက်ခံရယူနေသော ဆရာတော် Naw Kham La Dhammasami

ဆုပေးပွဲအခမ်းအနားအား ထိုင်းနိုင်ငံ နခွန်းပထုမ်းခရိုင် နခွန်းပထုမ်းမြို့နယ် ဗုဒ္ဓမွန်းထွန်း ခန်းမတွင် ကျင်းပရာ နတ်ရွာစံသွားသည့် ထိုင်းဘုရင်ကြီး၏ ဝမ်းကွဲညီမ   ကိုယ်တိုင်ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုလက်ခံရရှိသည့် တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်နော်ခမ်းလှ ဓမ္မသာမိ က-  “သာသနာတော်ပျံ့ပွါးရေး၊ လူမှုရေး၊ ပညာရေး နိုင်ငံရေး စီးပွါးရေးတွေမှာ စေတနာရင်းခံပြီး လှုပ်ရှားဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကို ပေးအပ်ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ ဘယ်နကြိမ်မြောက်လဲဆိုတာကတော့ သူတို့လည်းမပြောပြဘူး။ ဒီဆုကိုလက်ခံဖို့အရည်အချင်းပြည့်တဲ့ လူပုဂ္ဂိုလ်တွေနဲ့သင့်တော်တဲ့အရေအတွက် ရှာတွေ့တဲ့အချိန်မှာ ဒီဆုကိုချီးမြှင့်တယ်လို့တော့ ပြောပါတယ် ” – ဟု မိန့်တော်မူသည်။

အဆိုပါအခမ်းအနားတွင် ဆုလက်ခံရရှိသူ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံပေါင်း ၃၀ ကျော်မှ လူ ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ရာနှင့်ချီရှိကြောင်း၊ ထိုအနက် မြန်မာနိုင်ငံသားများလည်းပါဝင်ပြီး သျှမ်းပြည်သားမှာမူ ဆရာတော်အပါအဝင် ၅ ဦးပါဝင်ကြောင်း ဆုလက်ခံရရှိသည့် ယိင်းလောဝ်အွန် ကပြောသည်။

Photo Credit to Naw Kham La Dhammasami-Moral Award ဆု လက်ခံရရှိသော ယိင်းလောဝ်အွန်၊ ဆရာမဒေါ်မိုမိုသီတာ၊ ဆရာတော် ဒေါက်တာနော်ခမ်းလှ ဓမ္မသာမိနှင့် ဒေါ်နန်းခမ်းဖောင်တို့ ၄ ဦး အားတွေ့ရစဉ်

ယိင်းတို့ သျှမ်းထဲမှာ ဦးလက်ခံရရှိပါတယ်။ ဆရာတော် စဝ်နော်ခမ်းလှ ရယ်၊  ရှမ်းပြည်နယ်စွန့်ဦး တီထွင် အမျိုးသမီးလုပ်ငန်းရှင် Women Entrepreneur Working Group Shan State WEWG အသင်းဥက္ကဌ ဆရာမဒေါ်နန်းမိုမိုသီတာ ရယ်၊ သုဇာတာ နန်းကလျာရှမ်းဓမ္မစကြာအဖွဲ့ ဥက္ကဌ ဒေါ်နန်းခမ်းဖောင် ရယ်၊ နောက်ပြီးတော့ ကျိုင်းတုံမြို့က ဒေါ်နန်းမြင့်မြင့်စိုးရယ်၊ နောက်ပြီးတော့ ကျမ ယိင်းဆိုင်အွန် ရယ်ပေါ့။ သာသနာအကျိုးပြုလုပ်ငန်းတွေမှာအစဉ်လိုက်ပါကူညီဆောင်ရွက်ခြင်းကြောင့် ဆုပေးတာလို့ပြောပါတယ် ” – ဟု ဆုလက်ခံရရှိသည့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့မှ ယိင်းလောဝ်အွန် ကသျှမ်းသံတော်ဆင့်အားပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ နှောင်းပိုင်းကလည်း ထိုင်းနိုင်ငံရှိလူမှုအကျိုးပြုအဖွဲ့အစည်းများစုပေါင်းကာ စံပြလူပုဂ္ဂိုလ်များအားဆုချီးမြှင့်ရာတွင်လည်း သျှမ်းပြည်သား ၃ ဦး ရွေးချယ်ဆုချီးမြှင့်ခံခဲ့ရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန်...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...

မဲခေါင်မြစ်မှတဆင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် Wiang Kaen မြို့နယ်နှင့် Chiang Khong မြို့နယ်ရှိ မဲခေါင်မြစ်မှတစ်ဆင့် ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ အဆိုပါမူးယစ်ဆေးဝါးများကို (စက်တင်ဘာလ ၁၂ ရက်)က ချင်းရိုင်ခရိုင် Chiang Khong မြို့နယ်တွင်...