Wednesday, January 28, 2026

၆ ကြိမ်မြောက် သျှမ်းပုရပိုက်စာပေကွန်ဖရင့် စာတမ်းပေါင်း ၂၅၀ ခန့်ဖတ်ကြားနိုင်ခဲ့

၆ ကြိမ်မြောက် သျှမ်းပုရပိုက်စာပေကွန်ဖရင့် (ကွန်ဖရင့် လစ်လုံ) အား မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင် ကျင်းပခဲ့ရာ တက်ရောက်သူ ပြည်တွင်းပြည်ပမှ ဧည့်သည်တော် ၂၀၀ ကျော်ရှိကြောင်းသိရသည်။

Photo by – Sao Mu Tai/ ၆ ကြိမ်မြောက် သျှမ်းပုရပိုက်စာပေကွန်ဖရင့်

၆ ကြိမ်မြောက် သျှမ်းပုရပိုက်စာပေကွန်ဖရင့် နှင့်အတူ ၄ ကြိမ်မြောက် သျှမ်းသမိုင်းလေ့လာရေး ကွန်ဖရင့် ကိုပါ ပူးတွဲကျင်းပကြောင်း အခမ်းအနားတက်ရောက်သည့် သျှမ်းသမိုင်းလေ့လာရေးသားသူ စဝ်ပင်ခမ်း ကပြောသည်။
“သျှမ်းပုရပိုက်စာတတ်မြောက်တဲ့ စလေးတွေ သျှမ်းပုရပိုက်စာ ဆက်လက်လေ့လာ သုတေသနပြုနိုင်အောင် လမ်းဖွင့်ပေးတဲ့သဘောဖြစ်ပါတယ်။ ဥပမာ ပုရပိုက်စာတစောင်မှာ ဘာအကြောင်းအရာရေးထားလဲ။ ဘယ်သူရေးထားတာလဲ။ ဘယ်ကဝိ က လေ့လာပြီးရေးထားတဲ့စာလဲ စသည်ဖြင့်ပေါ့နော်။ ဘယ်လို စကားလုံးအသုံးအနှုံးတွေနဲ့ရေးထားလဲ စတာတွေပေါ့။ ဆရာတော် စဝ်ခူးဓမ္မသာမိကလည်း အဖိုးတန် ကျောက်ကို စာပေထဲမှာတူးယူပါ လို့မိန့်ထားတာကိုး” – ဟု စဝ်ပင်ခမ်းကပြောသည်။

သျှမ်းပုရပိုက်စာပေကွန်ဖရင့်တွင် အဆိုပါပုရပိုက်စာပေထဲမှ သျှမ်းသမိုင်းကိုပြန်လည်လေ့လာမှတ်သားခြင်း၊ သျှမ်းဝေါဟာရအသုံးအနှုံးများလေ့လာခြင်း၊ ဓမ္မတရားများ လေ့လာခြင်း ဟူ၍ အပိုင်းလိုက်ခွဲခြားလေ့လာ ခဲ့ကြကြောင်း ဆိုပါသည်။

သျှမ်းပုရပိုက်စာပေကွန်ဖရင့်ကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့တွင်စတင်ကျင်းပခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လဲချားမြို့၊ ၂၀၁၅ တွင် လားရှိုးမြို့ ၊ ၂၀၁၆ ခုနှစ်တွင် မန်းတလေး၊ ၂၀၁၇ တွင် ပင်လုံမြို့၊ ၂၀၁၈ တွင် ပြင်ဦးလွင်မြို့တို့တွင်အသီးသီးကျင်းပခဲ့သည်။

“ဒီ ၆ ကြိမ်မြောက်သျှမ်းပုရပိုက်စာကွန်ဖရင့်ပြီးရင်တော့ ၂ နှစ်နားထားမယ် လို့ ဆွေးနွေးခဲ့ကြတယ်။ ဒီ ၂ နှစ်အတွင်း မှာ ကိုယ့်ဒေသအတွင်းမှာ စမ်းလုပ်ကြည့်ပေါ့။ မြောက်ပိုင်းဆိုရင်လည်း ၂ နေရာလောက်၊ တောင်ပိုင်းဆိုရင်လည်း ကျယ်ပြန့်မယ်ဆိုရင် ၃ နေရာလောက်လုပ်ကြည့်မလား။ အရှေ့ပိုင်းဆိုရင်လည်း ၂ နေရာလောက် လုပ်ကြည့်မလား ဆိုပြီး ဆက်ပြီးဆွေးနွေးသွားမယ်။ ထိုင်းကသျှမ်းတွေလည်း လုပ်ချင်တယ်ဆိုပြီး မယ်ဟောင်ဆောင်မှာလုပ်မယ်လို့ တင်ပြထားတာရှိတယ််။” – ဟု စဝ်ပင်ခမ်း ကပြောသည်။

Photo by – Sao Mu Tai/ ၆ ကြိမ်မြောက် သျှမ်းပုရပိုက်စာပေကွန်ဖရင့်

သျှမ်းသမိုင်းလေ့လာရေး ကွန်ဖရင့် မှာမူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်တွင် ပြုလုပ်ကျင်းပရန် တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြောင်း၊ ဗုဒ္ဓတက္ကသိုလ်တွင်ပင် နှစ်တိုင်း ဆက်တိုက်ပြုလုပ်သွားကြရန် တိုက်တွန်းသူလည်းရှိကြောင်းသိရသည်။

ပြင်ဦးလွင်မြို့တွင် ၂၀၁၈ ဒီဇင်ဘာလ ၂၇ မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့သော ဆဌမအကြိမ် သျှမ်းပုရပိုက် စာပေကွန်ဖရင့်သို့ ပြည်တွင်းပြည်ပမှ ပေစာ ပုရပိုက်စာပညာရှင်များ၊ ထိုင်း ဂျပန် အင်္ဂလန် တရုတ် အာဆမ်နိုင်ငံများမှ စိတ်ပါ၀င်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

သျှမ်းပေစာ ပုရပိုက်၊ သမိုင်း စာတမ်းပေါင်း ၂၅၀ ခန့်ဖတ်ကြားခဲ့ကြသည်ဟုသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်း/တောင် ဓါတ်ခွဲဌာနမှစစ်ဆေးသည့် ကိုဗစ်ဓါတ်ခွဲနမူနာ ၆၀၀ ကျော်ယနေ့ညပိုင်း ကြေငြာမည်

0
သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန (တောင်ကြီး) မှ ဓါတ်ခွဲနမူနာ စုစုပေါင်း (၆၆၀)ကျော် စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဒီဇင်ဘာ (၇) ရက်တွင် ပို့ဆောင်ထားသည့် သျှမ်းပြည်တောင်ပိုင်းမှ မြို့နယ်များ၊ သျှမ်းပြည်အရှေ့ပိုင်းမှ မြို့နယ်များ နှင့် ကယားပြည်နယ်မှ မြို့နယ်များ ပါဝင်ထားကြောင်း...

ထိုင်းနိုင်ငံ သို့ ခိုးဝင်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံ ၃၀ ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ သို့ တရားမဝင် ခိုးဝင်သည့် သျှမ်း/မြောက်မှ ဒေသခံ ၃၀ ဦး ကို ချင်းရိုင်းခရိုင်ရဲများက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ မတ် ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်းမြို့ ရှိ အိမ်တအိမ်တွင် ထိုင်းရဲတပ်ဖွဲ့များ က ဝင်ရောက်စစ်ဆေးရာ သျှမ်းပြည်မြောက်ပိုင်းမှလာသော...

မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအား ပြန်လည်စီစစ်ပေးရန် SNLD တောင်းဆို

0
မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လည်စီစစ်ပေးပါရန် SNLD ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုက်တွန်းတောင်းဆိုလိုက်သည်။ မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး အတွက်ပါ၀င်ယှဉ်ပြိုင်သည့် ကျားခေါင်းပါတီက နန်းထွေးမှုံက - “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကိုကျမတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စာတင်တယ်။ မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရွေးကောက်ပွဲတုန်းက သျှမ်းမဟုတ်တာတွေလာပြီး မဲပေးတာ တွေရှိတယ်။...