ပြည်ထောင်စုကြီး၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီးကြေးသွန်းရုပ်ထုအား ညောင်ရွှေမြို့တွင်စိုက်ထူပွဲကျင်းပမည်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ကြေးသွန်းရုပ်ထု သယ်ယူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမ သမ္မတညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက် ကြေးသွန်းရုပ်ထုစိုက်ထူခြင်းအခမ်းအနား ဖိတ်စာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမ သမ္မတ ၊ အဂ္ဂမဟာ သီရိသုဓမ္မ၊ အဂ္ဂမဟာ သရေစည်သူ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ကြေးသွန်းရုပ်ထုမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ညောင်ရွှေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သမီးဖြစ်သူ စဝ်ဟေမာသိုက်က သျှမ်းသံတော်ဆင့်အားပြောသည်။

“ဖောင်တော်ဦးဘုရားက ၁၆ ရက်နေ့ဆိုရင် ညောင်ရွှေကိုရောက်မှာလေ။ အခုက ရုပ်ထုက ဟော်နန်းမှာ။ ဟော်နန်းရှေ့ ဖောင်တော်ဦး ဘုရားဖြတ်သွားရင် ဆွမ်းကပ်မယ်။ ၁၉ ရက်နေ့ကျရင် လူမှုအခြေပြုအဖွဲ့အစည်းတွေအားလုံးလို လိုဖိတ်ခေါ်ထားတယ်။ ရုပ်ထုကို ဂူဗိမာန်ကိုမသယ်သွားခင်မှာ ခမည်းတော်တည်ထားကိုးကွယ်တဲ့ ကံကြီးကျောင်းမှာ ဆွမ်းကပ်မယ်။ ဧည့်သည်တော်တွေကို ဧည့်ခံမယ်။ ပြီးရင် ရုပ်ထုကို ဂူဗိမာန်ကိုသယ်သွားမယ်။ ခမည်းတော်ရဲ့ အတ္ထုပ္ပတ္တိ လေးလုပ်ပြီးဝေငှမယ်။ ကော်မတီတွေကိုကျေးဇူးတင်ကြောင်းပြောမယ်။ ” – ဟု စဝ်ဟေမာသိုက် ကပြောသည်။

မြန်မာနိုင်ငံ၏ ပထမ သမ္မတညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက် ကြေးသွန်းရုပ်ထု

ကြေးပိသာချိန် ၅၀၀ ရှိသော အဆိုပါကြေးသွန်းရုပ်ထုအား ၂၀၁၈ ဂျူလိုင်လ ၈ ရက်နေ့က မန္တလေးသို့ သွားရောက်အပ်နှံခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင်ထွင်းထုပြီးစီးကြောင်း၊ ကြေးသွန်းရုပ်ထုမှာ သမ္မတဝတ်စုံ ဆင်မြန်းထားကြောင်း၊ ညောင်ရွှေမြို့ ညစျေးတန်းရှိ ဟော်နန်းဟောင်းနေရာနှင့်မျက်နှာချင်းဆိုင် စော်ဘွားကြီးအုဋ်ဂူတွင် တည်ထားမည်ဖြစ်ကြောင်း သိရသည်။

“ခမည်းတော်ဟာ ပြည်ထောင်စုသားအားလုံးအတွက် လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူပြီးလုပ်ခဲ့တာပါ။ တချို့ကပြောတယ်။ အချိန်စောလွန်းတယ်လို့ပြောပါတယ်။ ပါပါ ထင်တယ်အချိန်ဆွဲနေလို့မဖြစ်ပါဘူး။ ရှေ့ဆက်မှာဘယ်လိုဆက်ဖြစ်မလဲ ဆိုတာ မသေချာဘူးလေနော်။ အခုကြေးသွန်းရုပ်ထုကလည်းဘဲ ပါပါ တယောက်တည်းလုပ်သွားတာမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကူညီဖေးမ မှု၊ လူထုအားလုံးရဲ့ အင်အားပါ၀င် မှ အခု အောင်မြင်တာဖြစ်ပါတယ်။ ” – ဟုလည်း စဝ်ဟေမာသိုက် ကပြောသည်။

ကြေးသွန်းရုပ်ထု တည်ထားမည့် ဂူဗိမာန်တွင်လည်း ၁၉၆၂ ကတည်းက ပြုပြင်နိုင်ခြင်းမရှိသဖြင့် ၂၀၁၅ ခုနှစ်က ပြန်လည်ပြုပြင်ခွင့်တောင်းခံပြီး ရေကန်၊ကြာ၊ ပန်းများဖြင့်ပြန်လည်ရှင်းလင်းပြုပြင်ထားကြောင်း သိရသည်။

ညောင်ရွှေစော်ဘွားကြီးကြေးသွန်းရုပ်ထုထွင်းထုရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၁ ရက် စော်ဘွားကြီး နတ်ရွာစံခြင်း ၅၅ နှစ်ပြည့် အောင့်မေ့ဖွယ် ဆွမ်းကပ်အလှူပြုရာတွင် ညောင်ရွှေဟော်နန်းတည်တံ့ခိုင်မြဲရေး ကော်မတီမှ ဆွေးနွေးဆုံးဖြတ်နိုင် ခဲ့ကြခြင်း ဖြစ်ကြောင်း စဝ်ဟေမာသိုက်က ဆိုပါသည်။

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၈၉၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ညောင်ရွှေစော်ဘွား အဖြစ် ဟော်နန်းတက်ခဲ့ပါသည်။၁၉၄၈ ခုနှစ် ဂျန္နဝါရီလ ၄ ရက် ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော် သမ္မတ ဖြစ်လာသည်။ ၁၉၄၈ ခုနှစ် မှ ၁၉၅၂ ခုနှစ် ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ် မှ ၁၉၅၆ ခုနှစ်အထိ လူမျိုးစု လွှတ်တော်နာယက ဖြစ်လာ သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းစဉ် သားတော် စဝ်မီ ပစ်သတ်ခံရပြီး ညောင်ရွှေစော်ဘွားကြီး အားလည်း သျှမ်းစော်ဘွားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကာ ၁၉၆၂ နိုဝင်ဘာ ၂၁ ရက်နေ့ သက်တော် ၆၆ နှစ်တွင် နတ်ရွာစံခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ဘက်ကနေ အရပ်ဘက်ပြောင်းပေမယ့် နေ့တိုင်းဗုံးကြဲနေတော့ ကျနော်အနေနဲ့ ဘာမှမမျှော်လင့်ဘူး”

0
မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်တဲ့ စဝ်ရွှေသိုက်၊ စဝ်နန်းဟိန်ခမ်းတို့ရဲ့ သားအငယ်ဆုံးလည်းဖြစ်သူ၊ ဥရောပ-မြန်မာ ဆိုင်ရာရုံး EBO ကိုဦးဆောင်နေတဲ့သူတစ်ဦးလည်းဖြစ်သူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ သျှမ်းပြည်နယ်အရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတဲ့သူဖြစ်တဲ့ စဝ်ဟန်ယောင်ဟွေကို လက်ရှိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ စစ်တပ်ကနေ အရပ်သား သမ္မတ အဖြစ်ပြောင်းလဲမှု အခြေအနေတွေနဲ့ ပတ်သတ်ပြီး သျှမ်းသံတော်ဆင့်ရဲ့ မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ် မေးမြန်းသွားမှာဖြစ်ပါတယ်။ နန်းဆိုင်နွမ်။ ။  လွှတ်တော်ထဲမှာ စစ်ဘက်ကနေ အရပ်ဘက်အဖြစ်ပြောင်းလဲလာတဲ့ သမ္မတ ကျမ်းကျိန်တဲ့နေ့လည်းဖြစ်တယ်၊အာဏာသိမ်းခဲ့တာ ၅ နှစ်အကြာမှာ ဖြစ်လာတဲ့ ဒီအခြေအနေအပေါ် စဝ်ဟန်အနေနဲ့ ဘယ်လိုများမျှော်လင့်ထားပါသလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်အနေနဲ့က သူတကယ် ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ပဲ ရှိပါသေးတယ်။ မျှော်လင့်ချက်တော့ သိပ်မရှိပါဘူး။ဘာကြောင့်လဲဆိုရင် အစိုးရပြောင်းပေမယ့် ဒီလူထုအတွက်က အပြောင်းအလဲမရှိဘူး။ ပိုဆိုးနေတဲ့ အခြေအနေလို ဖြစ်နေတယ်။ နေ့တိုင်းပဲ ဗုံးကြဲခံရတယ် ဒုက္ခရောက်နေကြတယ်ဆိုတော့ အဲ့ဒါ အဲ့ဒီဟာလေးကြောင့် ကျနော်အနေနဲ့က မျှော်လင့်ချက်မရှိသေးဘူး။ နန်းဆိုင်နွမ်။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ကျမ်းကျိန်တဲ့နေ့မှာ ပြောသွားတဲ့စကားလုံးတစ်ခုက အာဆီယံကို ပြန်ဝင်နိုင်ဖို့ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်းပါ။ ၅ နှစ်တာကာလတလျှောက်မှာ အာဆီယံ သဘောတူညီချက် ၅ ချက်ကို ချိုးဖောက်ထားတော့ ပြန်ပြီးမဝင်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်် စဝ်ဟန်အနေနဲ့ ဘယ်လိုထင်ပါသလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ အာဆီယံထဲပြန်ဝင်ဖို့ကိစ္စက တကယ်ဆိုရင် မခက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်ပါခဲ့တဲ့ အစည်းအဝေးမှာ အာဆီယံဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ချထားတဲ့ထဲမှာက အဓိက သုံးချက်က ဘာလဲဆိုရင် အကြမ်းဖက်မှုတွေကို လျှော့ဖို့၊ဒုက္ခရောက်နေတဲ့လူထုကို အကူအညီပေးဖို့ လမ်းလေးဖွင့်ပေးဖို့၊ မတိုက်ခိုက်ဘဲနဲ့ နိုင်ငံရေးအဖြေရှာဖို့ လူတိုင်းပါဝင်နိုင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ဆိုတာဆုံးဖြတ်ခဲ့တယ်။ တကယ်ကတော့ အခုအချိန်မှာ တကယ်ပဲအာဆီယံထဲပြန်ဝင်ချင်ရင် လူထုကိုဆက်ဗုံးမကြဲနဲ့၊ လူထုကိုအကြမ်းမဖက်နဲ့၊ ဒါက လွယ်လွယ်လေးလုပ်လို့ရတဲ့ ကိစ္စဖြစ်တယ်။ ဒုက္ခရောက်နေတဲ့လူထုကိုလည်း အကူအညီပေးဖို့ဆို နိုင်ငံတကာက ကူညီချင်ပေမယ့် သူကလမ်းမဖွင့်ပေးတော့ ဒါပြဿနာဖြစ်နေတယ်။ ဒီလိုလမ်းပြန်ဖွင့်ပေးမယ်၊ ဗုံးမကြဲတော့ဘူး၊ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးနိုင်မယ်ဆိုရင် အာဆီယံအနေနဲ့လည်းကြိုဆိုမယ်လို့ ယူဆပါတယ်။ နန်းဆိုင်နွမ်။ ။ စဝ်ဟန်အနေနဲ့ ၂၀၁၀ တုန်းကလည်််း စစ်တပ်ကနေ အရပ်သားအစိုးရပြောင်းတာ တခါကြုံခဲ့တယ်၊ အခု ၂၀၂၆ ခုနှစ် သမ္မတ မင်းအောင်လှိုင်ဆိုပြီး စစ်ဘက်က အရပ်ဘက် ပြောင်းလဲလာတယ်၊ ဒီလိုပြောင်းလဲ မှုနှစ်ခုကြားမှာ ဘာတွေကွာခြားမှုရှိလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ ကွာခြားမှု ရှိပါတယ်။ ဦးသိန်းစိန်ခေတ်က ၂၀၀၈ ခြေဥကို အသုံးပြုပြီးတော့မှ နောက်တစ်ဆင့် ဒီမိုကရေစီကိုသွားမယ်ဆိုတဲ့သဘောနဲ့ အပစ်အခတ်ရပ်စဲရေးတွ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် အခုက ပြောင်းပြန်ဖြစ်နေတယ်။ ဒီမိုကရေစီကနေ သမ္မတ... အခု မင်းအောင်လှိုင်က ဒီမိုကရေစီကိုသွားဖို့မဟုတ်ဘူး၊ သူက ၂၀၀၈ ကိုပြန်သွားမယ်။ ၂၀၀၈ က စစ်တပ်ရဲ့ နိုင်ငံရေးကဏ္ဍကို တည်မြဲအောင် သူကပြန်လုပ်မယ်ဆိုတော့ အဲ့ဒီမှာ ပြောင်းပြန်တစ်ခု ဖြစ်နေတယ်။ အဲ့ဒါတင်မကသေးဘူး ဦးသိန်းစိန်ခေတ်မှာတုန်းက တိုက်ပွဲတွေလည်းမများဘူး၊ ဒီမိုကရေစီပြောင်းချင်တယ်ဆိုတော့ လူတိုင်းက ကြိုဆိုခဲ့ကြတယ်။ အခုက နေ့တိုင်းတိုက်နေတယ်၊ ဗုံးကြဲနေတယ်ဆိုတော့ ဘယ်သူက လာဆွေးနွေးမလဲပေါ့ အဲ့ဒါပြဿနာဖြစ်နေတယ်။ နန်းဆိုင်နွမ်။ ။ ၂၀၂၅ တုန်းကလည်း စဝ်ဟန်ယောင်ဟွေအနေနဲ့ မြန်မာပြည်ထဲကိုပြန်ဝင်ဖို့အတွက် ဗီဇာတွေကို NLD ဦးဆောင်တဲ့ သမ္မတ ဖြစ်တဲ့အချိန်တုန်းက မရခဲ့ဘူး၊ ပိတ်ပင်ခံရတယ်ဆိုတာ ကြားရတယ်၊ အဲ့ဒါကြောင့် ဒီအချိန်မှာကရော စစ်တပ်အနေနဲ့ ဘယ်လိုတွေဖြစ်လာနိုင်လဲ၊ ပြီးတော့ NCA ငြိမ်းချမ်းရေးတွေ ဆွေးနွေးဖို့ကိစ္စတွေမှာကရော ဘယ်လိုရှိနိုင်လဲ၊ အရင်တုန်းကတောင်မှ မလွတ်လပ်ခဲ့ဘူး ဒီ NLD အစိုးရတုန်းကတောင်မှ ဗီဇာမရတဲ့အဆင့်တွေဖြစ်ခဲ့တယ်ဆိုတော့ ဒီလက်ရှိမှာဆို ဘယ်လောက်ထိတောင်မှ ကျပ်တည်းနိုင်မလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ အဲ့ဒီတုန်းက ဦးသိန်းစိန်ခေတ်က ၂၀၁၁ ကနေ ၂၀၁၅ အထိ၊ ပြီးတော့မှ အဲ့ဒီ ၂၀၁၆ ကနေ ၂၀၂၀ ကာလ။ အဲ့ဒီကာလ ၂ကာလက မတူဘူး။ ပထမကာလမှာက တကယ်ဆွေးနွေးပွဲတွေဖြစ်တယ်၊ ထိရောက်မှုတွေရှိတယ်၊ တပ်ဖက်နဲ့ လက်နက်ကိုင်ဖက်နဲ့ တကယ်ညှိနှိုင်းလို့ရခဲ့တယ်။ ၂၀၁၆ ကနေ ၂၀၂၀ က ညှိနှိုင်းလို့မရတော့ဘူး။ ဆွေးနွေးပေမယ့် သဘောမတူနိုင်ဘူး။ ဆိုတော့ အခုလက်ရှိအစိုးရကတော့ စစ်တပ်ကဏ္ဍ နိုင်ငံရေးကဏ္ဍကို တည်မြဲအောင်လုပ်မယ်ဆိုတဲ့နေရာမှာ အတိုက်အခံက လုံးဝမလိုလားဘူး။သိပ်ကွာဟနေတယ် ဆွေးနွေးလို့မရအောင်။ ဆိုတော့ ဆွေးနွေးမယ်ဆိုရင် တူညီတဲ့အချက်အလက် တစ်ခုနှစ်ခုလောက် အနည်းဆုံးရှိမှပဲ စဆွေးနွေးလို့ရမှာ။ အဲ့လိုမျိုးတူညီတဲ့အချက်မရှိရင် ဘယ်လိုမှစလို့မရဘူး။ နန်းဆိုင်နွမ်။ ။ ဒီအစိုးရ အပြောင်းအလဲ၊ လွှတ်တော်ကလည်း ပြန်စပြီဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့လမ်းတွေက လာတော့မယ်။ အဲ့ဒါကြောင့်ဒီငြိမ်းချမ်းရေးကရော သူတကယ်ရော စိတ်ထဲကလိုလိုလားလား ဖြစ်စေချင်တဲ့ ငြိမ်းချမ်းရေးလား၊ တကယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင်ရော ဘယ်လိုမျိုး အစုအဖွဲ့တွေ ပါဝင်ရမလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်တယောက်တည်းအမြင်ကတော့ ဆွေးနွေးချင်တယ် အဖြေရှာချင်တယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ရမယ်။ အခုက ဘယ်သူမှမယုံဘူး။ ဘယ်လိုပြောပြောမယုံဘူး ဘာကြောင့်လဲဆိုရင် ဗုံးကဆက်ကြဲနေသေးတယ် ဆိုတော့ ဘယ်သူက ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆို ယုံကြည်မလဲ။   အစိုးရအနေနဲ့က လုပ်ပြရမယ် တကယ်ဆွေးနွေးချင်တယ် အဖြေရှာချင်တယ်ဆိုရင် သူတို့ ရပ်စဲရမယ်၊ အကြမ်းဖက်မှုတွေကို လျှော့ပေးရမယ်၊ဒါက တောင်းဆိုတာမဟုတ်ဘူး ဒီအခြေအနေအရပြောတာ။ လူတိုင်းက ကိုယ့်ကိုတစ်ချိန်လုံးရိုက်နေပြီးတော့ ဆွေးနွေးချင်တယ်ဆိုရင် ဘယ်သူက မယုံနိုင်ဘူး။ တကယ်ဆွေးနွေးချင်တယ် ပြောချင်တယ်ဆိုရင် မရိုက်နဲ့၊ အကြမ်းဖက်မလုပ်နဲ့ ဒါက ထိပ်ဆုံးလုပ်ရမယ်၊ အခုအထိကတော့ မမြင်ရသေးဘူး။ အစိုးရက တကယ်ပဲရပ်သွားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင်တော့ စဉ်းစားစရာဖြစ်လာမယ်၊ တိုက်နေတဲ့အဖွဲ့တွေကလည်း စဉ်းစားလာမယ်။ တိုက်နေတဲ့အဖွဲ့တွေက ယုံပြီ ဆွေးနွေးမယ်ဆိုရင်တော့ဖြစ်လာနိုင်တယ်။ တိုက်နေတဲ့အဖွဲ့တွေက မယုံသေးဘူးဆိုရင်လည်း ကျွန်တော်တို့က ဘယ်လောက်လိုချင်လိုချင် ဆွေးနွေးလို့မရဘူး။ နန်းဆိုင်နွမ်။ ။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ပြန်ကြည့်မယ်ဆိုရင်တော့ တိုက်ပွဲတွေကလည်း နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ၊ ဒါပေမယ့် ဒီအစိုးရပြောင်းလာတယ် ပြီးရင် အာဏာပြန်သိမ်းတယ်ဆို အဖြစ်အပျက်ကလည်း ခဏခဏဖြစ်လာတယ် လူထုကလည်း ယုံကြည်မှုမရှိတော့တာကို တွေ့ရတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးကတော့ မတိုက်တော့ရင်တောင် တစ်ဖက်ကလည်းစစ်တပ်ကို ပြိုကွဲဖို့ဆိုတဲ့ဟာ ရှိပြန်တော့ ဒီနှစ်ခုကြားမှာ လူထုတွေက နစ်နာမှုတွေရှိတယ်။ မြန်မာပြည်ကြီးရဲ့ အပြောင်းအလဲကို ဖြစ်စေချင်တယ်ဆိုရင်ဒီတော်လှန်ရေးဖက်ကရော ဒီစစ်တပ်ဖက်ကရော ဘယ်လိုတွေ ပြောင်းလဲဖို့ လိုအပ်လဲ။ စဝ်ဟန်ယောင်ဟွေ။ ။ တိုက်မယ့်လူကတော့ တိုက်မှာပဲ။ တပ်ဖက်ကလည်း သူတို့အာဏာတည်မြဲအောင် တိုက်မှာပဲ။ ဒါပေမယ့် နစ်နာတာက လူထုက တကယ်နစ်နာတယ်၊ တိုင်းပြည်က နစ်နာတယ်။ နှစ်ဖက်စလုံးက ဆက်ပြီး တိုက်သွားမယ်ဆိုရင် မြန်မာပြည်ဆိုတာ ရှိဦးမလား။ ကျနော်တို့ တိုက်ရင်းတိုက်ရင်းနဲ့ စီးပွားရေးလည်းပျက်၊ ကျန်းမာရေးလည်းပျက်၊ ပညာရေးလည်းပျက် တိုင်းပြည်ကပျက်မယ်၊ ဒီထက်ပျက်မယ်။နှစ်ဖက်စလုံးက အဲ့ဒါကိုမြင်ရင် အဖြေရှာရမယ်ဆိုရင်တော့ အလားအလာရှိလာမယ်။ အဲ့ဒီဟာမရှိသေးရင်တော့ ဘယ်လိုမှ လုပ်လို့မရပါဘူး။ နန်းဆိုင်နွမ်။ ။ နောက်ဆုံးအနေနဲ့ ကျနော်တို့ စစ်တပ်ရဲ့အဝတ်လဲအစိုးရကို ဘာများပြောချင်လဲ၊ ပြီးတော့ လွှတ်တော်ကို သွားနေတဲ့ လွှတ်တော်အမတ်တွေကိုရော ဘာများပြောချင်လဲ။ စဝ်ဟန်ယောင်ဟွေ။ ။ လွှတ်တော်အမတ်တွေအနေနဲ့ကတော့ တကယ်ပဲ ဒီမိုကရေစီစနစ်ဆိုရင် ပြောဆိုခွင့်ရှိရမယ်၊ အစိုးရနဲ့အမြင်မတူရင်လည်းပြောဆိုခွင့်ရှိရမယ်၊ အဖမ်းမခံရဘူး။ အဲ့ဒီဟာကို ရွေးကောက်ခံရတဲ့ ပုဂ္ဂိုလ်တွေက ရဲရဲ ပြောရဲမလား၊ သူတို့လိုလားတဲ့အချက်။ သူတို့ ရဲရဲပြောသင့်တယ်လို့ ကျနော်က တစ်ဖက်ကနေကြည့်တယ်။ နောက် ဒီအစိုးရဖက် ဒီတပ်ဖက်ကိုလည်း ပြောချင်တာကတော့ အာဏာတည်မြဲဖို့ ဆက်တိုက်မယ်ဆိုရင် တိုင်းပြည်မရှိတော့ဘူးဆိုရင် အာဏာရှိလည်း ဘာမှအဓိပ္ပာယ်မရှိဘူး။ ဆိုတော့ တိုင်းပြည်ကိုကြည့်ပါ၊ လူထုကိုကြည့်ပါ အဲ့ဒါမှပဲ ကျွန်တော်တို့က ရှေ့တိုးလို့ရမယ်။ နန်းဆိုင်နွမ်။ ။ ဟုတ်ကဲ့ပါ၊ မမေးလိုက်ရတဲ့ မေးခွန်းတွေလည်း ရှိကောင်းရှိနိုင်တဲ့တွက် စဝ်ဟန်အနေနဲ့၊ ဘာများဖြည့်စွက်ပြောချင်လဲ။ စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်အနေနဲ့ အခုလိုမျိုးဖြစ်နေတဲ့ အခြေအနေကို စိတ်မကောင်းဘူး။ တခြားနိုင်ငံကိုကြည့်ရင် အကုန်တိုးတက်နေတယ်။ကျွန်တော်တို့က အရင်တုန်းကဆို လူများထက် ကောင်းတဲ့နိုင်ငံဖြစ်နေပြီးတော့ အခုက ဒီလိုမျိုးဆိုးသွားတဲ့နိုင်ငံဖြစ်နေတယ်၊ လူထုလည်းတော်တော်ဒုက္ခရောက်နေတယ်ဆို စိတ်မကောင်းဘူး။ နှစ်ဖက်စလုံးကို ကျနော်က တိုက်တွန်းစေချင်တာက အဖြေရှာရင်မကောင်းဘူးလားပေါ့။ ဟုတ်ကဲ့ပါ၊ ကျနော်တို့ရဲ့ သျှမ်းသံတော်ဆင့်ကို အချိန်ပေးပြီးတော့ အင်တာဗျူးဖြေပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

အာဏာသိမ်းစစ်အစိုးရ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ကိုတရားစွဲဆို

0
နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် ကို ယနေ့ (ဖေဖော်ဝါရီ ၃)ရက် တွင် ဇဗ္ဗူသီရိတရားရုံး၌ ဗီဒီယိုမှ တဆင့် ရုံးတင်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်း စစ်အစိုးရ မှ ဒေါ်အောင်ဆန်းစုကြည် ကို ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ(၈)ဖြင့် တရားစွဲဆိုပြီး၊...

“မူးယစ်ဆေးဝါး အထူးသတင်း တိုင်းကြားရေး ” သမ္မတတိုက်တွန်းချက် ၊ ဒေသခံလူထုလုံခြုံရေးအတွက်အထူးလိုအပ် ကျားခေါင်းပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြော  

0
သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး သတင်းပေးသူများအတွက် လုံခြုံရေး အထူး လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများသည် လက်နက်များရှိနေသည့်အတွက် စိုးရိမ်စရာများစွာရှိကြောင်း သျှမ်းပြည်နယ် လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။ “ တိုင်းရင်းသားဒေသတွေမှာ အလုပ်မဖြစ်ဘူးလို့ ကျနော် ထင်တယ်။ တိုင်ကြားဖို့ဆိုတာ သတင်း အတိအကျ သိရှိပြီးမှ...