မိုင်းကိုင်မြို့ လင်မယားနှစ်ဦး ဓားပြတိုက်ခံရ ပွဲချင်းပြီးသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရပ်ကွက် (၆) လွိုင်လိုင်ရွာနေ လင်မယား နှစ်ယောက်သည် မိုင်းကျက်ဂူသို့ သွားရန် ဇူလိုင် ၃၁ ရက် ညနေခင်းတွင် ဓားပြတိုက်ခံရပြီး လည်လှီးသတ်ဖြတ်ခံရကြောင်း စုံစမ်းသိရသည်။ အဆိုပါ လင်မယားနှစ်ယောက်ဖြစ်သော ဦးစိုင်းလောဝ် အသက် (၅၈) နှစ်အရွယ်ဖြစ်ပြီး မယားဖြစ်သူ ပါလှအုံ...
မူဆယ်မြို့လယ် မီးပွိုင့်အနီး ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့လယ် အမှတ် ၁ ဈေးမီးပွိုင့်အနီးတွင် ယနေ့ ဩဂုတ် ၂ ရက် ၁၁ နာရီဝန်းကျင်ခန့် ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။ အဆိုပါ ၂ ဦးသည် ဈေးမီးပွိုင့်အနီး ရပ်နေချိန်တွင် ဆိုင်ကယ် စီးလာသည့် သူနှစ်ဦးက သေနတ်ဖြင့်...
မူဆယ်မြို့မှာ ငွေလိမ်နေတဲ့ ဂိုဏ်းဖမ်းမိ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ပေါ် အခြေစိုက်လှုပ်ရှားနေသည့် ငွေလိမ်ဂိုဏ်း အဖွဲ့ဝင်တချို့ကို ဖမ်ဆီးမိခဲ့ကြောင်း သတင်းသိရသည်။ မင်္ဂလာ မူဆယ်အနီးရှိ ကိုးထပ်တိုက်တွင် အွန်လိုင်းဂိမ်းဟု အကြောင်းပြ ဖွင့်လှစ်သည့် အွန်လိုင်းမှ တစ်ဆင့် ငွေလိမ်နေသော ဂိုဏ်းကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို လူလိမ်ဂိုဏ်းကို ဇူလိုင် ၃၁...
မူဆယ်မြို့ ဗုံးပေါက်ကွဲ အမျိုးသမီး တဦးသေဆုံး၊ ယာဉ်ထိန်းရဲနှင့် ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ် (၁) မြို့လယ်ဈေးတွင် ယနေ့ (ဩဂုတ် ၁) ရက် နံနက် (၁၁) နာရီဝန်းကျင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး တဦးသေဆုံးကာ ပြည်သူ့စစ် (၂) ဦးနှင့် ယာဉ်ထိန်းရဲ (၁) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ “...
ညောင်ရွှေ စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး သတ်ခံရမှု သံသယရှိလူငယ်(၁၀) ဦးဖမ်းခံရ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာ သေနတ်ပစ်သတ်ခံရသော အမှု နှင့် ပတ်သက်ပြီး သံသယရှိလူငယ်(၁၀) ဦးကို စစ်ကောင်စီ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဉီးသော်တာသည် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီ...
ပျောက်ဆုံးနေသော မိုးဗြဲဒေသခံ စစ်ကောင်စီ ပစ်သတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးသည် ကရင်နီပြည် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ဆေးခန်းသွားပြရာ အပြန်လမ်း၌ စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး ပစ်သတ်ခံရကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အမျိုးသား ခွန်လေးသည် လွိုင်ကော်ပြည်သူ့ဆေးရုံသွားပြပြီး နောင်ယားကန်အရောက် စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး သေဆုံးသွားကြောင်း...
ကျောက်မဲမြို့နယ် ပဌာန်းပွဲတွင် လောင်းကစားဝိုင်းလာဖွင့်လှစ်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ပြုလုပ်သည့် အသံမစဲ ပဌာန်းပွဲ၌ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ စတင်ကာ ကျောက်မဲမြို့နယ် ခုံအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ အသံမစဲ ပဌာန်းပြုလုပ်နေမှုကို...
တောင်ကြီးမြို့ စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ကြား ခိုးယူလုယက်မှုများပြားနေ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ဆေးရေးတင်းကြပ် နေသော်လည်း ခိုးယူလုယက်မှုများ ယခင်ထက်ပိုများပြားလာကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီက ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီကို သေဒဏ်ပေးပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် PDF ကိုအားပေးမှုရှိ၊ မရှိကြောင်း သွားလာသူများကို ဖုန်းစစ်ဆေးမှုရှိလာကြောင်း သိရသည်။ “၂၅ ရက်နောက်ပိုင်းက ပိုစစ်ဆေးလာတယ်။ PDF...
ပင်လုံမြို့ လောင်းကစားတွေများပြား ခိုးယူလုယက်မှုများရှိလာ
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ လောင်းကစား များပြားလာသည့်အပြင် ဈေးထဲတွင်လည်း ပေါ်တင်ခိုးယူ လုယက်မှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပင်လုံမြို့တွင် ငါးပစ်ဂိမ်း၊ လောင်းကစားဝိုင်းများများပြားလာသည့်အပြင် ခိုးယူလုယက်မှုများ နှင့် သတ်ဖြတ်မှုများလည်း ရှိကြောင်း ပင်လုံမြို့ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင်ကတော့ ဘယ်သူမှ ဘာမှ...
မူဆယ်မြို့ လောင်းကစားရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စက်မှုဇုံရှိ လောင်းကစားရုံတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စက်မှုဇုံရပ်ကွက်တွင်းရှိ လောင်းကစားရုံတစ်ခုကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဗုံးပစ်ဖောက်သွားခဲ့ကြောင်း သိရသည်။ "အဲ့လောင်းကစားရုံက ငါးဂိမ်းဆိုင်လို့ သိရတယ်။ လူနှစ်ယောက် လာပစ်သွားတယ်လို့...





