Wednesday, January 28, 2026

ပြင်ဦးလွင်မြို့ လူသတ်မှုဖြစ် အမျိုးသမီး ဓားထိုးသတ်ခံရ၊ ၃ ဦး ဓားဒဏ်ရာပြင်းထန်ရ

ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရပြီး ကျန်မိသားစုဝင် ၃ ဦး ဓားဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

ပြင်ဦးလွင် ဓားထိုးသတ်ခံရ

ယနေ့ (အောက်တိုဘာ ၁၃) ရက် တွင် ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက် အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦး ဓားထိုးသတ်ခံရပြီး ကျန်မိသားစုဝင် (၃) ဦး ဓားဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ပြင်ဦးလွင် နာမှုကူညီရေးအသင်းက ပြောသည်။

” ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိရဘူး။ မိသားစုလိုက် ဓားဒဏ်ရာရတာလဲဆိုတာ တိကျမသိရဘူး၊ တယောက်တော့ သေတယ်။ ကျန် ၃ ယောက်ကတော့ ဓားဒဏ်ရာတွေနဲ့ ဆေးရုံပို့လိုက်တယ်” ဟု ပြင်ဦးလွင် နာမှုကူညီရေးအသင်းက ဆိုသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး တိကျသည့် အဖြေမသိရှိရသေးသော်လည်း တချို့က သူခိုး နေအိမ်ထဲဝင်လာစဥ် မိရာမှ သူခိုးမှ အိမ်သားများကို သတ်ဖြတ်ခဲ့သည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

လွန်ခဲ့သည့် စက်တင်ဘာလတွင်လည်း ပြင်ဦးလွင်မြို့အနီးစခန်းတွင် မိသားစုဝင် (၅) ဦး သတ်ဖြတ်ခံရကာ လက်ရှိအချိန်ထိ တရားခံကို မဖမ်းမိသေးပေ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ပိုဆိုးလာပြီး၊ နေ့စဥ်ဆက်တိုက် လူသတ်မှုများလည်းရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် ပူးပေါင်းပြီး ငွေညှစ်သည့် ရွာငံအုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဉီး ဓားထိုးသတ်ခံရ

0
စစ်ကော်မရှင်နှင့် ပူးပေါင်းပြီး ရွာငံမြို့နယ်ဒေသခံများထံ ငွေညှစ်သည့် တပ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် မြသိန်းတန် ကျေးရွာမှ ရွာသားတစ်ဦး ဓားထိုးအသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့တွင် ရွာငံမြို့နယ် တပ်ကုန်းကျေးရွာမှ အသက် ၄၅ ဝန်းကျင် အုပ်ချုပ်ရေးမှူးနှင့် မြသိန်းတန်ကျေးရွာမှ အသက် ၃၅...

ပြင်ဦးလွင် တပ်မိသားစုဝင်များကို စစ်ကောင်စီ ကြိုတင်စစ်ရှောင်ခိုင်း

0
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက ကြိုတင်တိမ်းရှောင်ထားရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၁) ရက်မှ စတင်ပြီး ပြင်ဦးလွင်မြို့နှင့် မိုင်(၂၀) ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်စစ်ရေး ပြင်းထန်နေခြင်းကြောင့် တိုက်ပွဲကူးစက်လာနိုင်သည့် ပြင်ဦးလွင်မြို့ရှိ...

ပြင်ဦးလွင်မြို့ကို လော့ဒေါင်းချမည်ဆိုသည့် ကောလာဟလ သတင်းထွက်ပေါ်

0
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ကို လော့ဒေါင်းချမည်ဟု ယခုရက်ပိုင်း ကောလဟာလ သတင်းထွက်ပေါ်နေကြောင်း ဒေသခံများ ပြောသည်။ ပြင်ဦးလွင်မြို့သည် စစ်တပ် အမာခံမြို့ တစ်မြို့လည်းဖြစ်ပြီး စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဆက်သွယ်ရေးတပ်များရှိကာ စစ်ကောင်စီတပ်အတွက် အရေးပါသည့် မြို့ဖြစ်သည်။ လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် တပ်များက သိမ်းပိုက်နိုင်ပြီးနောက် ဩဂုတ်လ ဒုတိယပတ်မှ...

ပြင်ဦးလွင် စစ်မှုထမ်းခေါ်ဆောင်ရာ ထွက်ပြေးပါက မိသားစုဝင်ကို ဖမ်းဆီးမည် ဟု စစ်ကောင်စီ အမိန့်ထုတ်ထား

0
ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် ခေါ်ယူနေပြီး လာရောက်ခြင်းမရှိဘဲ ထွက်ပြေးပါက ကျန်ရှိသောမိသားစုဝင်များကို ဖမ်းဆီးကာ နေအိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ လူငယ်များစာရင်းပြုစုထားကာ တစ်လလျှင် နှစ်ဦးနှုန်းဖြင့် ၇ဦးခန့် ကြိုတင် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ပြင်လွင်ဦး ရွှေသင်းရွာအနီးရှိ သဇင် FM အသံလွှင့်တပ်တွင်...

ပြင်ဦးလွင် အနီး တိုက်ပွဲပြင်းထန်၊ စစ်ဘက် အရပ်ဘက် အရာရှိ မိသားစု အလုံးအရင်း မြို့မှထွက်ပြေး

0
ပြင်ဦးလွင် အနီး ဝက်ဝံနှင့် အင်ဝိုင်းကြား ယနေ့ (ဩဂုတ်လ ၈ ရက်) မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ဘက်နှင့် အရပ်ဘက် အရာရှိ မိသားစုများ အလုံးအရင်း မြို့ကို စွန့်ခွာ ထွက်ပြေးနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်နှင့်...