Friday, April 26, 2024

လားရှိုးမြို့တွင်း ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိ (၂) ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်းရှိ ဘူတာလမ်းမကြီး မြဝတီလမ်းထိပ်တွင် ကုန်ပစ္စည်းများ တင်ဆောင်လာသော ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး ယာဉ်ချင်းတိုက်မိပြီး လူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း စုံစမ်း သိရှိရသည်။

အောက်တိုဘာ ၁၂ ရက် နံနက် ၅ နာရီခွဲခန့်တွင် ကုန်ပစ္စည်း တင်ဆောင်လာသော ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဥ်တိုက်မှု

“ကား၊ ဆိုင်ကယ်တွေတော့ ပျက်စီးသွားပါတယ်။ ဆိုင်ကယ်ပေါ်က လူ (၂) ဦးတော့ ထိခိုက်ဒဏ်ရသွားတယ်။ ကားပေါ်က လူတော့ ထိခိုက်ဒဏ်ရာမရဘူး“ ဟု ၎င်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသော လူနာ ၂ ဦးကို လားရှိုး ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၂၄ ရက်တွင် နောင်ချိုမြို့နယ် ဘန့်ကွေးကျေးရွာအနီးတွင်လည်း စစ်ကောင်စီ ကား နှင့် ရဲဝန်ထမ်း မိသားစု ကားတိုက်မိရာမှ ရဲမေတစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article