လူငယ်များကို နိုင်ငံရေးစိတ်၀င်စားမှုလျော့နည်းလာစေရန် လောင်းကစားဝိုင်းများ ပိုမိုဖွင့်လာ
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ လူငယ်များ နိုင်ငံရေး စိတ်ဝင်စားမှုမရှိစေရန် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ပါဝင်လာမှုမရှိစေရန်အတွက် လောင်းကစားပွဲများ ပိုမိုဖွင့်လာနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။နမ့်စန်မြို့အနီး၀န်းကျင်ရှိ လူငယ်များ နိုင်ငံရေး နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ၀င်ရောက်လာမှုမရှိစေရန်အတွက် လောင်းကစား၀ိုင်းများကို တွင်ကျယ်စွာ...
အောင်ပန်းမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် နေအိမ်တည်းခိုခန်းတစ်ခုတွင် ယနေ့ (မေ ၃၀)ရက် မနက် ၁၁နာရီ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်မှု ပါဝင်ကူညီခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ ယနေ့ မေလ ၃၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီအချိန်တွင် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်မှ ပြည်ထောင်စု လမ်းမဘေးရှိတော်ဝင်ဧည့်ရိပ်သာ အိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း...
အင်းလေးဒေသ ကွာရန်တင်းစင်တာမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူ ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသရှိ ဟဲယာရွာမကျေးရွာမြောက်ပိုင်းရှိ ကွာရန်တင်းစင်တာတစ်ခုမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း သတင်းသိရသည်။ ဟဲယာရွာမကျေးရွာရှိ အောင်ပင်လယ် အိမ်ဝန်းအတွင်းမှ ကွာရန်တင်းစင်တာ 10kv မီးစက် ဘထ္ထရီ များ အပါအဝင် စုစုပေါင်း သိန်း ၅၀ ကျော် တန်ဖိုးရှိသည့် ပစ္စည်းများ ခိုးယူခြင်းခံလိုက်ရ ကြောင်း...
မူဆယ်မြို့ ပြည်သူ့စစ် လောင်းကစားဖွင့်လှစ်နေရာအနီး မီးလောင်မှုဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ်လောင်းကစားရုံ များဖွင့်လှစ်သည့် နေရာ အနီးရှိ ဆင်ဖြူအိမ်ယာ ဝန်ထမ်းတန်းလျားများ အားလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၉)ရက် ည ၈ နာရီဝန်းကျင်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ပေ (၂၀၀) ကျော်ရှိသည့် ဝန်ထမ်းအိမ်ယာ...
မူဆယ်တွင် PGAF အဖွဲ့တစ်ခု ငွေကျပ်သိန်း(၁၀၀) ဆက်ကြေးကောက်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်တွင် နေထိုင်သည့် နေအိမ်တစ်လုံးကို ယနေ့ (မေ ၂၄)ရက် နံနက် အစောပိုင်း တွင် PGAF ဟု အမည်ရအဖွဲ့က အသံမိုင်းဖောက်ခဲ့ကာ ဆက်ကြေးကောက်သည့် စာရွက်ပစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၂၄) နံနက် ၁နာရီတွင် မူဆယ်မြို့ တောင်ရပ်ကွက်တွင်...
ကွတ်ခိုင်မြို့တွင်း ခိုးယူလုယက်မှုများပြားလာ
SHAN -
၏သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း ခိုးယူလုယက်မှု များပြားနေသည့်အတွက် ဒေသခံပြည်သူ များက စိုးရိမ်မှု မြင့်တက်နေကြောင်း သတင်းသိရသည်။ ယနေ့ (မေလ ၂၃) ရက် နေ့လည်းပိုင်း ၁၂ နာရီဝန်းကျင် တွင် ရပ်ကွက် ၅ ရှမ်းဘုန်းကြီးကျောင်း အနီးရှိ နေအိမ်တစ်လုံးဖောက်ထွင်းခံရပြီး ဆိုင်ကယ်နှင့် ဖုန်းများ ပါသွားကြောင်း...
သီပေါမြို့နယ်အတွင်း လောင်းကစားဝိုင်းများဖွင့်လှစ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားလွယ်ကျေးရွာအတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားပြီးသူခိုး ဓားပြ များပြားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သီပေါမြို့နယ်ထဲက လောင်းကစားဝိုင်းများသည် သီပေါဘော်ကြို (တပေါင်းပွဲ) မတ်လမှစတင်ပြီး လက်ရှိချိန်ထိ နေရာပြောင်းရွှေ့ပြီး လောင်းကစားများကို ဆက်တိုက် ဖွင့်လှစ်လာသည့်အတွက် ပြည်သူများ အကျင့်စာရိတ္တပျက်မည်ကို သီပေါဒေသခံ လူငယ်...
နမ့်ခမ်းမြို့ ဓာတ်တိုင်က လျှပ်စစ်မီးကြိုးများ မကြာခဏ ခိုးခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဓာတ်တိုင်မှ လျှပ်စစ်မီးကြိုးများ မကြာခဏ ခိုးခံရကြောင်း စုံစမ်းသိရှိရသည်။ဧပြီလ မှ စတင်ပြီး ယနေ့ချိန်ထိ နမ့်ခမ်းမြို့ရှိ ရပ်ကွက်တိုင်းတွင် ဓာတ်တိုင်မှ လျှပ်စစ်မီးကြိုးများ၊ အုတ်တံတိုင်းမှ သံဆူးကြိုးများနှင့် အိမ်ရှေ့မြောင်းမှ ကာထားသည့် သံချောင်းများ မကြာခဏ ပျောက်ဆုံးနေကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။“မီးမကြာခဏ ပျက်တော့...
မူဆယ်မြို့မှ ဖုန်းဆိုင်ဓားပြတိုက်သူများ ဖမ်းဆီးရမိ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်ရှိ စိုင်းညီဖုန်းဆိုင်ကို ဓားပြတိုက်သည့် လူငယ် (၄) ဦးနှင့် အတူ လက်နက်များ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။လွန်ခဲ့သည့် မေလ ၁၀ ရက်တွင် စိုင်းညီဖုန်းဆိုင် ဓားပြတိုက်ခံရပြီး မေလ ၁၅ ရက်တွင် ထိုဓားပြတိုက်သူ ၄ ဦးကို ဖမ်းဆီးရမိပေမယ့်...
ကျိုင်းတုံမြို့ ဈေးဖွင့်သည့်နေရာ လောင်းကစားဝိုင်းလာရောက်ဖွင့်လှစ်
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ နယ် မိုင်းလန်းကျေးရွာအုပ်စုအတွင်းရှိ ဝမ်ဝိုးကျေးရွာစျေးထဲတွင် ညနေတိုင်း လောင်းကစား၀ိုင်းများ လာရောက်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။အဆိုပါ လောင်းကစား၀ိုင်းသည် ကျေးရွာစျေးပိတ်ချိန် ညနေပိုင်းတွင် လာရောက်ဖွင့်လှစ်သည်မှာ တလနီးပါး ကြာပြီဖြစ်ကြောင်း၊ ထိုနေရာတွင် လူသွားလူလာများသည့်နေရာ ဖြစ်သဖြင့် အမျိုးသမီးများအတွက် ခက်ခဲကြောင်း အသက် ၃၀ အရွယ်ရှိ ဒေသခံလူငယ်တစ်ဦးက...





