Thursday, May 16, 2024

မူဆယ်မြို့ နေ့လည်အချိန်မှာ ဖုန်းလုယက်မှုဖြစ်ပွား

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တော်ရွက်ရပ်ကွက်ထဲတွင် ယနေ့ (အောက်တိုဘာ ၁၇) ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် အမျိုးသမီး ၂ ဦး လမ်းဘေး၌ ရပ်ပြီး စကားပြောနေချိန် ဖုန်းလုယက်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အမျိုးသမီး ၂ ဦးသည် လမ်းဘေးတွင်ရပ်ပြီး စကားပြောနေချိန် အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်စီးလာပြီး ၎င်း အမျိုးသမီးတစ်ဦး၏ လက်ထဲမှ ဖုန်းကို လုယူသွားကြောင်း သိရသည်။

“ သူတို့ ၂ ယောက်က လမ်းဘေးမှာ စကားပြောနေတာ။ ဖုန်းကို လက်ထဲမှာပဲ ကိုင်ထားတာ။ ဟိုကလည်း ဆိုင်ကယ် နဲ့ မောင်းလာပြီးတော့ သူတို့လက်ထဲက ဖုန်းကိုလုယူသွားတာ။ အင်္ကျီ အမဲဝတ်ထားတယ်။ လာလုတဲ့သူက အမျိုးသားတွေပဲ” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူက ပြောသည်။

မူဆယ်မြို့

မူဆယ်မြို့သည် သူခိုးတွေ များပြားလာသော်လည်း တာဝန်ရှိ ရဲများက ဖမ်းဆီးပေးခြင်းမရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ရဲတွေကလည်း အလုပ်မလုပ်ဘူး။ သွားတိုင်ရင်လည်း ဘာမှ မထူးဘူး။ လိုက်ဖမ်းပေးတာလည်း မရှိဘူး။ တိုင်မတိုင် ဘာမှ မထူးလို့ ကျနော်တို့လည်း မတိုင်တော့ဘူး။ အရင်ကတည်းက သူတို့ဘာမှ လုပ်ပေးတာမရှိဘူး” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးကပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက် တွင်လည်း တရုတ်ကျောင်းသွားသော အသက် (၉) နှစ်အရွယ် ကလေးကို အမည်မသိလူစုက ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article