Tuesday, January 27, 2026

မူဆယ်မြို့ အမျိုးသားတစ်ဦး လည်ပင်း ဓားထိုးခံရပြီး ဆိုင်ကယ် လုယက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် မူဆယ်မြို့မှ ပန်ဆန်းသွားသည့် လမ်းရှိ တုံခန်ကျေးရွာအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦး လည်ပင်းကို ဓါးထိုးခံရပြီးနောက် ဆိုင်ကယ်လုယက်ခံရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် တုံခန်ကျေးရွာအနီး၌ အမည်မသိ ဆိုင်ကယ်တစ်စီး အမျိုးသား နှစ်ဦးမှ အထက်ပါ အမျိုးသား စီးနှင်းလာသည့် ဆိုင်ကယ်ကို လုယက်ယူပြီး လည်ပင်းလည်း ဓားဖြင့် ထိုးခဲ့ကြောင်း သတင်းသိရသည်။

ဓားထိုးခံရသူ

“သူက လမ်းဘေးလှဲနေတဲ့အချိန် ဖြတ်သွားတဲ့သူတွေက ကူညီပြီး သူ့ကို ဆေးရုံပို့ခဲ့တာပါ၊ ဆိုင်ကယ်လုယက်ခံ ရတယ်၊ ဓားထိုးခံရတယ်ဆိုတာကို ကူညီတဲ့သူတွေကို ပြောပြလို့ သိရတာ၊ အခုသူက ဘယ်သူဆိုတာတော့ မသိရဘူး၊ မူဆယ်ဆေးရုံက လက်မခံလို့ မန္တလေးကို သဒ္ဓါဖြူစင် ပရဟိတအသင်းက ပို့ပေးလိုက်ရတယ်” ဟု အမည်မဖော်လိုသူ မူဆယ်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး သဒ္ဓါဖြူစင် ပရဟိတအသင်းကို ဆက်သွယ်မေးမြန်းရာ လည်ပင်းမှ သွေးထွက်ဒဏ်ရာ များနေမှုကြောင့် မူဆယ်ဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖြစ်စဥ်အသေးစိတ်တော့ ကျနော်တို့ မသိရဘူး၊ ဆေးရုံက ဒီလူနာကို မန္တလေးကို ပို့ပေးပါ ဆိုလို့ ကျနော်တို့ မန္တလေးဆေးရုံကို ပို့ပေးလိုက်ရပါတယ်၊ လည်ပင်းက ဒဏ်ရာက တချက်တည်းပါ၊ ဒါပေမယ့် သွေးထွက်များ လို့ မန္တလေးဆေးရုံကို ပို့လိုက်ရတယ်ပြောတယ်” ဟု သဒ္ဓါဖြူစင် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူဆယ်မြို့နယ်သည် မြန်မာ – တရုတ်နယ်စပ်မြို့ ဖြစ်သည့်အလျှောက် လူမျိုးပေါင်းစုံ ဝင်ထွက်သွားလာ လှုပ်ရှားနေလျက်ရှိပြီး လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပေါများသည့် မြို့ဖြစ်သည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်း ယူပြီးနောက်ပိုင်းတွင် ဒေသအတွင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာပြီး လောင်းကစားဝိုင်းများနှင့်အတူ ဓားပြတိုက်မှုများလည်း နေ့စဥ်နီးပါးဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...