တာချီလိတ် ဆရာတော် ၁ ပါး နှင့် ဒကာ ၄ ဦး တရုတ်စာပါ ကော်ဖီသောက်ပြီး သတိလစ်သွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆရာတော်တစ်ပါး နှင့် ဒကာ ၄ ဦးတို့သည် တရုတ်စာတမ်းပါ (COFFEE SHQ) တံဆိပ် ကော်ဖီကို သောက်မိပြီးနောက် သတိလစ်မေ့သွားကြောင်း စုံစမ်း သိရှိရသည်။

ယနေ့ (အောက်တိုဘာ ၁၇) ရက် နံနက် ၇ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ကျောက်တောင်ရပ် နတ်မောက် ရွှေသူဌေးကုန်းကျောင်းတိုက်တွင် ဒကာတော်တို့ အလုပ်သွားရန်အတွက် နံနက်စာကို ထိုကော်ဖီ သောက်သုံးပြီး သတိမေ့လစ်သွားကြောင်း သိရသည်။

“သူတို့ မနက်အလုပ်သွားဖို့ မနက်စာဆိုပြီး ဆရာတော်က ကော်ဖီကို ပေးလိုက်တာတဲ့။ သောက်ပြီးတော့ သတိမေ့သွားတာ။ ၂ ယောက်တော့ သတိရှိနေသေးတယ်။ အခုတော့ တာချီလိတ်ဆေးရုံကို ပို့ထားလိုက်တယ်။ ကျန်မားရေးအခြေနေတော့ အရမ်းမဆိုးဘူး။ အဲ့ကော်ဖီကို ဘယ်ကနေရလဲ မသိဘူး ” ဟု တာချီလိတ်မြို့ ကိုလှမိုး ပရဟိတ အဖွဲ့က ပြောသည်။

ကော်ဖီသောက်ပြီး သတိလစ်

ဆရာတော်တို့ သောက်သုံးခဲ့သည့် ကော်ဖီသည် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပြီး KTV နှင့် ကလပ်များတွင် စိတ်ကြွအောင် အသုံးပြုပြီး အနည်းငယ်သာ အသုံးပြုရကြောင်း သိရသည်။

ထိုအပြင် ထို ကော်ဖီတံဆိပ်သည် ဈေးကွက်ထဲ ရောင်းချမှု မရှိကြောင်း သိရသည်။

“ဆရာတော်တို့ ဘယ်နားကနေ ရလာလည်းတော့ မသိဘူး။ အဲ့ကော်ဖီက KTV မှာ အသုံးပြုတယ်လို့ကြားတယ်။ မူးယစ်ဆေးဝါးတစ်မျိုးပဲတဲ့။ သောက်ပြီးရင်တော့ မူးတာပေါ့။ ပြီးတော့ နည်းနည်းပဲ သောက်ရတာ။ အဲ့အထုတ်သေးတစ်ထုတ်ကို ၈ ခွက်စာသောက်ရတာ။ ဆရာတော်တို့က မသိလို့ထင်တယ်။ တစ်ယောက်ကို တစ်ထုတ်သောက်လိုက်ကြတာ” ဟု တာချီလိတ် ပရဟိတအဖွဲ့တစ်ခုက ပြောသည်။

အလားတူ ကုန်စုံဆိုင် အမျိုးသမီးတစ်ဦးကလည်း “ကျမတို့ ဆိုင်မှာအဲ့လို ကော်ဖီတံဆိပ် မရောင်းဘူး။ အရင်ကလည်း မတွေ့ဖူးဘူး။ သူက တရုတ်နိုင်ငံထုတ် ကော်ဖီဖြစ်တယ်။ ဖေ့ဘုတ်ပေါ်တွေ တင်လာမှ မြင်ဖူးတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုကော်ဖီကို ဆရာဝန်တွေက ယူဆောင်သွားပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...