အရက်မူးသူ တစ်ဦး ပြည်သူ့စစ်ကို ဓားနဲ့ခုတ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုရှိ ဟိုနောင်ကျောင်းတိုက်တွင် အရက်မူးပြီး သောင်းကျန်းနေသည့် ပြည်သူတစ်ဦးက နယ်ထိန်းပြည်သူ့စစ်တစ်ဦးကို ဓားဖြင့် ခုတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီဝန်းကျင်တွင် ဟိုနောင်ကျောင်းတိုက်မှ နှစ်စဉ်ပြုလုပ်နေသော ဆီမီးပူဇော်ပွဲထဲတွင် အရက်မူးပြီး သောင်းကျန်းနေသော ဂျွန်အောင် ဆိုသူက နယ်ထိန်းပြည်သူ့စစ်တစ်ဦးကို ဓားဖြင့် ခုတ်လိုက်ကြောင်း နောင်မွန်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီမီးပူဇော်ပွဲ

“ဂျွန်အောင် ဆိုတဲ့တစ်ယောက်က သူ အရက်မူးပြီး သူများကို ရန်ရှာတာ။ နယ်ထိန်းပြည်သူ့စစ်က သူ့ကိုသွားထိန်းတော့ ရုတ်ရင်းဆန်ခတ်ဖြစ်ပြီး ဓား နဲ့ ခုတ်လိုက်တာ။ ဘယ်နှစ်ချက် ခုတ်မိသလဲတော့ သေချာမသိရဘူး။ နယ်ထိန်း ပြည်သူ့စစ်လည်း သေနတ်ထုတ်ပြီး လေးချက်လောက်ပစ်လိုက်တာ။ သူ့ခြေထောက်ကို သေနတ်နှစ်ချက် မှန်သွားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဓားဖြင့် ခုတ်ခံရသော နယ်ထိန်းပြည်သူ့စစ် ကိုဒုံးညိုဆိုသူက ထိခိုက်ဒဏ်ရာရရှိသဖြင့် တောင်ကြီးဆေးရုံသို့ ဆေးကုသမှု ခံယူနေပြီး အရက်မူးသည့် ဂျွန်အောင်ဆိုသူအား ရဲတပ်ဖွဲ့များက ဖမ်းဆီးသွား ကြောင်းသိရသည်။

ထို့အပြင် အရက်မူးပြီး သောင်းကျန်းနေသော ပြည်သူတစ်ဦး နှင့် နယ်ထိန်းပြည်သူ့စစ် တစ်ဦးအား အချင်းချင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဆီမီးလာရောက် ပူဇော်သော ပြည်သူများလည်း ကြောက်လန့်တကြား ဖြစ်သွားကြောင်း နောင်မွန်ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံ ကြားတော့ ဘာဖြစ်တာလဲပေါ့။ ပွဲလာလည်တဲ့သူ၊ ဆီမီး ပူဇော်လာတဲ့ သူတွေလည်း ကြောက်လန့် ကုန်တယ်။ အိမ်ကို ပြန်ကုန်ကြတာ၊ ပွဲလည်းမစည်တော့ဘူး။ အခုက အရက်သမား၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့ သူတွေ အရမ်းကို ကြောက်ဖို့ကောင်းလာတယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ဟိုနောင်ကျောင်းတိုက်တွင် ယမန်နေ့ အောက်တိုဘာ ၁၇ ရက် ညမှာ နှစ်စဉ်ကျင်းပသော ဟိုနောင်စေတီပွဲတော် ဆွမ်းလောင်းပွဲတော် နှင့် ဆီမီးပူဇော်ပွဲတော်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...