မူဆယ်မြို့ ပြန်ပေးဆွဲခံရ ကလေးတစ်ဦး တရုတ်ယွမ် ငါးသိန်း ပြန်ရွေးယူခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်စာသင်ကျောင်း သွားတက်သော ၉ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး အမည်မသိအုပ်စုက ပြန်ပေးဆွဲသွားပြီး တရုတ်ယွမ်ငွေ ငါးသိန်း (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ကျပ်သိန်း ၁၂,၀၀၀) ဖြင့် ပြန်ရွေးယူခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ တရုတ်ယွမ်ငွေ ကာလပေါက်စျေးသည် မြန်မာငွေ တစ်သိန်းကျပ်လျှင် ၂၄၀ ယွမ်သာ ရှိကြောင်း သိရှိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၅ ) ရက် နံနက်ပိုင်းတွင် တရုတ်စာသင်ကျောင်း သွားတက်သည့် ၉ နှစ်အရွယ်ရှိ ကလေးငယ် တစ်ဦးသည် ရပ်ကွက်လမ်းထဲ လမ်းလျှောက်သွားနေစဉ် ကားတစ်စီးနှင့် လူ ၄ ယောက်က ၎င်း ကလေးငယ်ကို ပြန်ပေးဆွဲသွားကြောင်း မူဆယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြန်ပေးဆွဲခံရစဥ်

“တရုတ်ကျောင်းသွားတက်တာ ကလေး ၃ ယောက်ပါတယ်။ ကလေးလာတဲ့ လမ်းမှာ သူတို့က ကြိုစောင့်ပြီး ကားထဲကို ဆွဲထည့်ပြီး ဖမ်းသွားတာ။ အဲ့ကလေးရဲ့မိဘက တရုတ်ယွမ်ငွေ (ငါးသိန်း) ပေးပြီးတော့ ကလေးက ပြန်လွှတ်လာတာ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပြန်ပေးဆွဲခံရသော ကလေးမှာ မူဆယ်မြို့ ခရစ်ယာန် ရပ်ကွက်မှ ကလေးငယ်များ ဖြစ်ကြပြီး ၎င်းကလေးကို မိဘများဖြစ်သူက တရုတ်ယွမ် (ငါးသိန်း) ဖြင့် ပြန်ရွေးယူခဲ့ကြောင်း သိရသည်။

ထို့အပြင် ကလေးအုပ်ထိန်းသူများ ဖြစ်သည့် မိဘကိုယ်တိုင်များကလည်း ကလေးကျောင်းတက်သွားနေစဉ် အတွင်းမှာ ကလေး၏ လုံခြုံရေးအတွက် မပေါ့ဆစေလိုကြောင်း၊ မိဘများက လိုက်လံ ကြိုပို့ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

မူဆယ်မြို့သည် လက်နက်ကိုင်ပေါများသည့် ဒေသဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် လုယက်မှု၊ဓားပြတိုက်မှု နေ့စဉ်ဖြစ်ပွားသော်လည်း တရားခံများကိုလည်း တကြိမ်တခါမျှမဖမ်းဆီးနိုင်ခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...