CATEGORY

မှုခင်း

ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ယနေ့ ဇူလိုင် ၂၆ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ ကိုစိုးလှ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသည့် ကိုစိုးလှကို...

မိုးဗြဲဒေသခံ အမျိုးသားတစ်ဦး လွိုင်ကော် ဆေးရုံ အပြန်လမ်းပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦး လွိုင်ကော် ဆေးရုံသို့သွားပြပြီး အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အသက် (၂၅) နှစ်အရွယ်ရှိ ခွန်လေး သည် အဆုတ်ရေဝင်၍ ဆေးရုံရက်ချိန်းသွားပြပြီး တည်းခိုခန်းသို့ ပြန်လာစဥ် လမ်းတွင် ပျောက်ဆုံးသွားကြောင်း...

ညောင်ရွှေမြို့နယ် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့ (ဇူလိုင် ၂၁) ရက် နံနက်ပိုင်းတွင် သေနတ်ပစ်သတ် ခံလိုက်ရကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင် ၂၁ နေ့တွင် ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာသည် နေအိမ်မှ ဆိုင်ကယ် တစ်စီးဖြင့် ထွက်လာစဥ်် နန္ဒဝန်ရပ်ကွက် ဦးဖုန်းကြွယ်ဘုရားအနီး၌...

အရက်မူးနေသည့်ဖခင်မှ သမီးဖြစ်သူ သေရတဲ့အထိ ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ် လေးအိမ်ကုန်းကျေးရွာတွင် အရက်မူးနေသည့် ဖခင်မှ သမီးဖြစ်သူကို သေသည့်အထိ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့တွင် အရက်မူးသည့်ဖခင်မှ သမီးဖြစ်သူကို ရိုက်နှက်ပြီး ယမန်နေ့ (ဇူလိုင် ၁၉) ရက်တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အိမ်နီးချင်း...

တောင်ကြီးမြို့မှ ကလေးငယ် နှစ်ဦး ရေနစ်သေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နယ်မြေ ၆ ရှိ မြေတူးထားသည့်နေရာ၌ ယနေ့ (ဇူလိုင် ၁၉) ရက် နေ့လည်ပိုင်းတွင် ကလေး (၂) ဦး ရေဆင်းချိုးရာ ရေနစ်သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။ တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နယ်မြေ (၆)...

မူဆယ်မြို့နယ်က ဒေသခံ အမျိုးသား တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဟိုဆောင်ရပ်ကွက်ရှိ စားသောက်ဆိုင် တစ်ဆိုင်အတွင်းသို့ လက်နက်ကိုင် လူတစ်ဦးက အမျိုးသားတစ်ဦးကို လာရောက်ပစ်ခတ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဇူလိုင် ၁၅) ရက် မနက် ၈ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုဆောင်ရပ်ကွက်ရှိ စားသောက်ဆိုင် တစ်ဆိုင်အတွင်းသို့...

သီပေါအမျိုးသမီးတစ်ဦး လောက်ကိုင်အလုပ်သွားလုပ်ရန် ဖြားယောင်းခေါ်ဆောင်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို လောက်ကိုင်ဘက်သို့ အလုပ်သွားလုပ်ရန် သူငယ်ချင်း အရင်းမှ လိမ်လည် ဖြားယောင်းမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၁၂ ရက် (ဝါဝင် ဥပုလ်နေ့) တွင် သီပေါမြို့ စံဖိတ်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ်ရှိ နန်းယု...

တာချီလိတ်မြို့ အွန်လိုင်းဂိမ်းလုပ်ကိုင်သူများ ဖမ်းဆီးခံရ

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ စွမ်းမိုတယ်တွင် ဇူလိုင် (၁၁) ရက် ညနေပိုင်း၌ စစ်ကောင်စီမှ ဧည့်စာရင်းဝင်စစ်ပြီး အွန်လိုင်းဂိမ်းလုပ်ကိုင်သူ လူငယ် (၂၅) ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းခံရသောသူများမှာ အွန်လိုင်းလုပ်ကိုင်သူများဖြစ်ပြီး၊ ထိုမိုတယ်တွင် အခွန်ဆောင်ထားခြင်းမရှိသဖြင့် ယခုလို...

မြို့နယ်မှူးနေထိုင်သည့် ပင်းတယမြို့က ရဲစခန်းဟောင်း တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ လုံခြုံရေးတပ်သားများစွာ ချထားသည့် မြို့နယ်မှူး နေထိုင်ရာ ပင်းတယရဲစခန်းဟောင်း တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁) ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် ပင်းတယမြို့နယ်ရှိ ရဲစခန်းဟောင်းနေရာကို တိုက်ခိုက်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပင်းတယမှာ ရဲစခန်းဝန်းနှစ်ခုရှိတာပေါ့နော်၊ အခုတိုက်ခိုက်ခံရတဲ့ ရွာသစ်ရပ်ကွက်၊မြို့တွင်းလမ်းမကြီးဘေး...

တလကျော် ပျောက်ဆုံးနေသည့် သီပေါ အမျိုးသမီး ၏ မိဘ ခြိမ်းခြောက်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် တလ ကျော်ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီး၏ မိဘများကို အမည်မသိလက်နက်ကိုင် တပ်ဖွဲ့က မြန်မာကျပ်ငွေ ၁၅ သိန်း ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ် အုမ်မူ့ကျေးရွာအုပ်စု ဝမ်တက်နားမွန်ကျေးရွာနေ အသက် ၁၉ နှစ် အရွယ်ရှိ နန်းခမ်းအောင်သည် လွန်ခဲ့သည့်...

Latest news