တန့်ယန်းမြို့ ဆိုလာဘက်ထရီရှော့ခ်ဖြစ် နေအိမ်တစ်လုံးမီးလောင်ပြာကျ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဆိုလာဘက်ထရီ ရှော့ခ်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သတင်းသိရသည်။

ယနေ့ အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် တန့်ယန်းမြို့၊ တပ်ဦးကျောင်း အောက်ဘက်နားရှိ ရပ်ကွက် ၈၊ အုပ်စု ၇ အတွင်းမှ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သွားရောက်ကူညီခဲ့သူ မီးသတ်ဝန်ထမ်းတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အားသွင်းထားတဲ့ ဆိုလာ ဘက်ထရီ အပူလွန်ကဲပြီး ရှောခ့်ဖြစ်လို့ မီးလောင်တာလို့ သိရတယ်၊ အိမ်ရှင်တွေ အားလုံးက အပြင်ရောက်နေချိန် ဘယ်သူမှ အိမ်မှာမရှိတဲ့အချိန်ဆိုတော့ မီးတောက်မှ ပတ်ဝန်းကျင်က ကျနော်တို့ဆီကို ဖုန်းဆက်အကူညီတောင်းလာလို့ သွားငြိမ်းခဲ့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

မီးလောင်မှု ဖြစ်သွားသည့် အိမ်သည် သွပ်မိုးထရံကာအိမ် တစ်ထပ်အိမ် ဖြစ်ပြီး ပစ္စည်းတော်တော်များများ မီးထဲ ပါသွားကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ဆိုလာဘက်ထရီများသည် တရုတ်နိုင်ငံထုတ် ပစ္စည်းများဖြစ်ပြီး၊ မြန်မာပြည်မှ ပြည်သူအများစုသည် ဆိုလာဘက်ထရီ အသုံးပြုပုံကို နားမလည်ကြောင်းလည်း တန့်ယန်းမြို့တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆိုလာ ဘက်ထရီတွေကို လျှပ်စစ်မီး မလာလို့ သုံးတာရှိသလို တချို့ က လျှပ်စစ်မီး မရလို့ သုံးစွဲကြတယ်။ နည်းစနစ်ကျကျ သုံးတတ်လားဆိုတော့ မသုံးတတ်ကြဘူး။ အားသွင်းတာကစပေါ့။ သေချာမသုံးတတ်ရင်တော့ လူတွေ အတွက် ဘေးအန္တရာယ် ကြီးတယ်” ဟု တန့်ယန်းမြို့မှ ဒေသခံအမျိုးသား က ဆိုသည်။

တန့်ယန်းမြို့တွင် မတ် ၃ ရက်နေ့ နေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။ သျှမ်းပြည်အတွင်း ဆိုလာပြား အားသွင်းရာမှ မီးလောင်မှု မကြာခဏဖြစ်ပွားခဲ့ပြီး နေအိမ်ပြာကျသည့်အထိ မီးလောင်မှုဖြစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...