Tuesday, January 27, 2026

နမ့်ခမ်းမြို့မစျေးထဲ ပစ်ခတ်သံကြားရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ယနေ့ (စက်တင်ဘာ ၂၅)ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် ရောက်လာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။

နမ့်ခမ်းမြို့မစျေး

ယနေ့ စက်တင်ဘာ (၂၅) ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် နမ့်ခမ်းမြို့မစျေးထဲသို့ အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်လာပြီး စျေးအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့မစျေးက စျေးသည်များ စိုးရိမ်မှု ဖြစ်ပွားနေကြောင်း သိရသည်။

“အရပ်ဝတ် နဲ့ လူ (၆)ယောက်ဝင်လာပြီး သေနတ်ကို မိုးပေါ်ပစ်ခတ်တဲ့အတွက် စျေးထဲက သူတွေအားလုံး အလန့်တကြားဖြစ်ကုန်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကြကုန်တယ်။ ဆိုင်တွေလည်း အမြန်ပိတ်သိမ်းနေကြပြီ” ဟု နမ့်ခမ်းဒေသခံ အမျိုးသမီး တစ်ဦးပြောသည်။

ထိုမြို့မစျေးအတွင်း လာရောက်ပစ်ခတ်သည့်အဖွဲ့သည် မည်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်ကို မသိရှိရသေးပေ။

“စျေးသည်တွေပြောသံအရတော့ (TNLA) တပ်သားတွေ အခွန်ကောက်ဖို့ လိပ်စာကဒ်ပေးရင်းစျေးသည်တွေလည်း ပုံရိုက်တဲ့အတွက် စျေးသည်တွေက လန့်ပြီး ရှုပ်ယှက်ခတ်သွားတော့ သူတို့က စိတ်တိုပြီး သေနတ်ကို မိုးပေါ် အချက် (၂၀) နီးပါးလောက် ပစ်လိုက်တယ်”ဟု နမ့်ခမ်းမြို့မစျေးထဲ စျေးဝယ်သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၆) ရက်တွင်လည်း နမ့်ခမ်းမြို့မစျေးအတွင်း တအောင်း​ (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စစ်သားများ မြို့ထဲ ဝင်လာသည့် သတင်းကြောင့် စျေးသည်များ ထိတ်လန့်ကာ ဆိုင်ခန်းများ အလန့်တကြား ပိတ်သိမ်းခဲ့ရသည့် ဖြစ်စဥ်များလည်း ရှိခဲ့ဖူးသည်။

အလားတူ နမ့်းခမ်းမြို့မစျေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အခွန်လာရောက်ကောက်ယူမှု ပြုလုပ်ရင်း ပစ်ခတ်မှုဖြစ်ပွားပြီး အခွန်လာကောက်သည့် သူများလည်း သေဆုံးမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...