Monday, July 22, 2024

မူဆယ်မြို့ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးပျောက်ဆုံးနေ

Must read

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အသက် ၁၆ နှစ် အရွယ်ရှိ မိန်းကလေး တစ်ဦး ယမန်နေ့ (စက်တင်ဘာ ၂၄) ရက် နံနက်ပိုင်းတွင် ပျောက်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၂၄) ရက် နံနက် ၈ နာရီကျော်တွင် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးသည် မူဆယ်မြို့နယ် ၁၀၅ မိုင် မှ မူဆယ်မြို့ မိုးလုံလေလုံဘက် သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း သွားစဥ် ပျောက်ဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ မနေ့က မနက်ပိုင်းမှာ အိမ်ကနေထွက်သွားတယ်။ ညထိပြန်မလာဘူး။ သူ့မိဘတွေ အခုထိ လိုက်ရှာနေတုန်း။ ကလေးက အသက် ၁၆ နှစ်ဝန်းကျင်ပဲရှိသေးတယ်” ဟု နီးစပ်သူတစ်ဦးက ပြောပြသည်။

ပျောက်ဆုံးနေတဲ့ အမျိုးသမီး

ပျောက်ဆုံးနေသည့် မိန်းကလေးသည် ရင်ကြပ်ပန်းနာ ရောဂါ အခံရှိသဖြင့် မိသားစုများက စိုးရိမ်နေကြကြောင်း သိရသည်။

“ တချို့ကတော့ သူ့ရဲ့ မျက်မှန်ကို မိုးလုံလေလုံနားမှာတွေ့တယ်။ တချို့ကတော့ တရုတ်အဘိုးကြီးက ကားပွဲစားဘက် ဆွဲခေါ်သွားတယ် ပြောတယ်။ ဒါပေမယ့် အခုထိ သေချာတာ ဘာသတင်းအစအနမှမရသေးဘူး။ ကျမတို့လည်း လိုက်ရှာ နေတုန်းပါ” ဟု နီးစပ်သူ အမျိုးသမီးက ပြောသည်။

မူဆယ်မြို့တွင် တရုတ်နယ်စပ်မြို့ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့စစ်များ နှင့် စစ်ကောင်စီ လှုပ်ရှားသည့် နေရာဖြစ်ပြီး ဒုစရိုက်သမားများပြားသည့် ဒေသတစ်ခုဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article