Wednesday, January 28, 2026

တာချီလိတ် – ကျိုင်းတုံကြား ယာဉ်တစ်စီး တိမ်းမှောက်ပြီး ၄ ဦးသေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – ကျိုင်းတုံကားလမ်းပေါ်ရှိ တာလေမြို့နယ် နားယောင်းအုပ်စု ပါခမ်းနွဲ့ကျေးရွာတွင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး နမ့်လင်းချောင်းထဲသို့ ထိုးကျကာ ကလေးအပါအဝင် ၄ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီတွင် တာချီလိတ်မြို့မှ မိုင်းယောင်းမြို့သို့ အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာသော ကားတစ်စီး နမ့်လင်းချောင်းထဲသို့ ထိုးကျသွားရာ ယာဉ်ပေါ်မှ လိုက်ပါလာသော လူ ၆ ဦး အနက် ကလေးအပါအဝင် ၄ ဦး သေဆုံးသွားကြောင်း တာလေမြို့ လောကပါလ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကားတိမ်းမှောက်မှု

“ဗီဂိုကား (Vigo) တစ်စီးက တာချီလိတ်မြို့ကနေ မိုင်းယောင်းမြို့ကို မောင်းလာတာ။ ကလေး (၁) ယောက် နဲ့ အမျိုးသား (၁) ယောက်ရယ်၊ အမျိုးသမီး (၂) ယောက် ဆုံးသွားတာ။ ကျန်တဲ့ ကားဆရာ နဲ့ အမျိုးသမီး (၁) ယောက်တော့ ထိခိုက် ဒဏ်ရာရသွားတယ် “ ဟု တာလေမြို့ လောကပါလ ပရဟိတ အသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ပြီး ၎င်းယာဉ်ပေါ်မှ လိုက်ပါလာသော လူ (၆) ဦးမှာ တာချီလိတ် မယ်ခေါင်ရပ်ကွက်မှ မိသားစုဝင်များ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလထဲတွင် တာလေမြို့မှာ မော်တော်ယာဉ်များ မကြာခဏ တိမ်းမှောက်ကာ သက်ဆိုင်ရာဌာနများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောပွဲများကို ပြုလုပ်ပေးစေလိုကြောင်း ၎င်းအထက်ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းယောင်းတွင် မဲသွားမထည့်လျှင် ငွေကောက်၊ အိမ်ထောင်စုပယ်၊ ခရီးသွားခွင့်မပြုဟု စစ်ကော်မရှင် ခြိမ်းခြောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာ မဲရုံတွင် မဲသွားမထည့်လျှင် ငွေကောက်ခံခြင်း၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်ခြင်း၊ ခရီးသွားလာ ခွင့်မပြုခြင်းတို့ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။ မဲရုံတွင်...

မိုင်းယောင်းတွင် ရွေးကောက်ပွဲအတွက် မဲထည့်ပေးကြရန် စစ်တပ်ခြိမ်းခြောက်ထားဟု ဒေသခံများပြော

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲထည့်ပေးကြရန် စစ်တပ်က ခြိမ်းခြောက်ထားကြောင်း ဒေသခံများကပြောသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း အပါအဝင် သျှမ်းပြည်...

မိုင်းလားတပ် NDAA ထိန်းချုပ် မိုင်းယောင်းမြို့နယ်ထဲ မြေရှားသတ္တုတွင်း (၁၉) ခုတိုးလာ

0
သျှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသော မိုင်းယောင်းမြို့နယ်အတွင်း မြေရှားသတ္တု တူးဖော်မှုသည် စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်း နေရာ(၁၉)ခုထက်မနည်း တိုးလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ယနေ့ (သြဂုတ် ၂၅ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသော...

မိုင်းယောင်း ရွှေတူးဖော်ခွင့် သက်တမ်းကုန်သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆက်လက်တူးဖော်ခွင့်ပြုထား

0
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုအား တူးဖော်ခွင့် သက်တမ်းကုန်ဆုံးသွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အနီး ဝမ်တတ်စန့်ရွာနားတွင် ရွှေနဂါးရွှေတူးဖော်ရေးကုမ္ပဏီ အား ရွှေတူးဖော်ခွင့် သက်တမ်း ၅ နှစ်ပြည့်သွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ပေါင်းပြီး ခွင့်ပြုပေးထားတယ်၊ ဆီဘောက်ဆာကားနဲ့...

မိုင်းယောင်းမြို့နယ်တွင်း မိုးအဆက်မပြတ်ရွာ ရေကြီးရေလျှံမှုဖြစ်နေ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၅ ရက်) မနက် မိုင်းယောင်းမြို့နယ် ဝမ်ဒေ၊ဝမ်လဲ နှင့် ဝမ်မိုင်ရွာတို့တွင် မိုးအဆင်မပြတ် ရွာသွန်းပြီး တောင်ကျရေများကြောင့် ‌ရေကြီးရေလျှံမှုများဖြစ်နေကြောင်း မိုင်းယောင်းမြို့ဒေသခံ အမျိုးသမီး တစ်ဦး က...