Friday, May 3, 2024

အောင်ပန်းမြို့နယ်တွင်း ထော်လာဂျီကား တိမ်းမှောက် ကလေးအပါအဝင် ထိခိုက်ဒဏ်ရာရသူရှိ

Must read

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ် ငုံးသုန်ကျေးရွာ နှင့် ပေါတုပ်ကျေးရွာကြားရှိ အဆင်းကွေ့လမ်း တစ်နေရာ၌ ရွာသား (၂၅) ဦး စီးလာသော ထော်လာဂျီတစ်စီး တိမ်းမှောက်သဖြင့် ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်တွင် ဘုန်းကြီးကျောင်းသွားရန်ဟုဆိုပြီး ရွာသား (၂၅) ဦး စီးနှင်းလာသည့် ထော်လာဂျီတစ်စီး တိမ်းမှောက်ခဲ့ပြီး ကလေးအပါအဝင် ဒဏ်ရာရရှိသူ (၁၃) ဦး ရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထော်လာဂျီကား ဘရိတ်ပေါက်ပြီး မှောက်သွားတာ။ သူတို့က ဘုန်းကြီးကျောင်းလာတက်ကြတာလို့ ပြောတယ်။ ကလေးတွေကော၊ လူကြီးတွေကော ဒဏ်ရာရသွားတယ် “ ဟု ၎င်းဒေသခံ တစ်ဦးကပြောသည်။

တိမ်းမှောက်သည့် ထော်လာဂျီ

ထော်လာဂျီကားပေါ်တွင် စီးနှင်းလာသော ရွာသား (၂၅) ဦးမှာ ကလေး ၂ ဦး၊ လူကြီး ၁၁ ဦးပါဝင်ပြီး ဒဏ်ရာရရှိသူများကို အောင်ပန်းဆေးရုံသို့ ဆေးကုသမှု ခံယူထားကြောင်း သိရှိရသည်။

လက်ရှိကာလသည် သီတင်းကျွတ်ကာလဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်အများစုသည် ဘုန်းကြီးကျောင်းသို့ သွားရောက် ကန်တော့ခြင်း၊ သက်ကြီးရွယ်အိုများကို သွားရောက်ကန်တော့ခြင်းများ ပြုလုပ်ကြသည်။

Leave a Comments

- Advertisement -spot_img

Latest article