CATEGORY

မှုခင်း

နမ့်လန်မြို့ နှစ် ၁၀၀ ဘုရားပွဲအတွင်း သူခိုးသောင်းကျန်းနေ

သျှမ်းပြည် ကျောက်မဲခရိုင် ၊နမ့်လန်မြို့ တွင် ကျင်းပသည့် နှစ် ၁၀၀ ဘုရားပွဲထဲတွင် သူခိုးများသောင်းကျန်နေသဖြင့် ဘုရားဖူးပြည်သူများသတိရှိကြရန် ဒေသခံများက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် မတ်လ ၁၂ ရက် နမ့်လန်မြို့ တွင် ကျင်းပသည့် နှစ် ၁၀၀ ဘုရားပွဲထဲအတွင်း အမျိုးသမီးတစ်ဦး သစ်သီးဝယ်ရန် လုပ်နေစဥ်...

တာချီလိတ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းအရိုက်ခံရ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့ သျှမ်းရိုးမကွင်း နောက်လမ်းကြားတွင် ယမန်နေ့ (မတ်လ ၁၀ ရက်) မွန်းလွဲပိုင်း (၃) နာရီခွဲတွင် အမျိုးသားတစ်ဦး အရိုက်ခံထားရပြီး ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိကာ သတိမေ့လဲနေကြောင်း စုံစမ်းသိရှိရသည်။ “ အရိုက်ခံရတဲ့ ဒဏ်ရာက အတော်ပြင်းတယ်ဗျ။ ဦးခေါင်းမှာ တုတ်ချောင်းနဲ့ ရိုက်ခံထားရတဲ့...

မိုင်းပန်မြို့တွင်း ကြက်သွန်ဖြူ ခိုးသည့် အဆင့်ရောက်နေ

စစ်တပ် အာဏာသိမ်းပြီး ၂ နှစ် ကာလအတွင်း စီးပွားရေး ပိုမိုကျဆင်းလာသည့် အတွက်ကြောင့် သူခိုးတွေများပြားလာပြီး သျှမ်းပြည် လင်းခေးခရိုင် ၊ မိုင်းပန်မြို့နယ်အတွင်း ကြက်သွန်ဖြူ ခိုးယူမှု များလာကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မတ် ၉) ရက် ညနေပိုင်းတွင် မိုင်းပန်မြို့ ဝမ်နေ ရပ်ကွက်တွင်းရှိ...

ကျောက်မဲ စစ်ရှောင် ဒေသခံတစ်ဦး ယာဉ်တိုက်ခံရပြီး၊ ခွဲစိတ်ကုသရန်လိုအပ်

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဝမ့်မိုင်ကျေးရွာ စစ်ရှောင် အမျိုးသားတစ်ဦးသည် ယာဉ်တိုက်ခံထားရပြီး ခွဲစိတ်ကုသရန် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဆိုင်ကယ် တိုက်ခံထားရသည့် အသက် ၅၅ နှစ် လုံးအောင်ဆာသည် ဦးခေါင်းကွဲ နှင့် ခြေထောက်တစ်ဖက်ကျိုး ဒဏ်ရာရရှိခဲ့ကာ သီပေါဆေးရုံ၌ ဆေးဝါး ကုသခံယူနေရပြီး လာမည့်...

မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုရှေ့တွင် ဗုံးပေါက်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ ဟိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၇) ရက် ည ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ရှောင်လမ်း စိုးသစ္စာ ဆီဆိုင်အနီးရှိ 69 Hotel ၌ အမျိုးသား တစ်ဦး ဗုံးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်နှစ်စီး...

သီပေါတံတားပေါ်မှ ခုန်ချခဲ့သည့် အမျိုးသားတစ်ဦး ရှာမတွေ့သေး

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ သီပေါတံတားပေါ်ကနေ ယမန်နေ့ (မတ်လ ၆ ရက်) နေ့လည်ပိုင်း အချိန်က အမျိုးသားတစ်ဦး ခုန်ချခဲ့ကြောင်း သတင်းသိရှိရသည်။ အဆိုပါ သီပေါတံတားပေါ်မှ ခုန်ချခဲ့သည့် အမျိုးသားတစ်ဦးသည် သီပေါမြို့ အုတ်ကျင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယနေ့အချိန်ထိ ရှာမတွေ့သေးကြောင်း သီပေါလူငယ်ကူညီရေးအသင်းမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

လားရှိုး ရွှေတောင်တန်း စက်ရုံ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက် ၁၀ အတွင်းရှိ ရွှေတောင်တန်း ရေသန့်စက်ရုံတစ်ခု လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ မတ်လ ၄ ရက် နံနက် ၂ နာရီမှ စတင်ပြီး ရွှေတောင်တန်း ရေသန့်စက်ရုံတစ်ခုသည် လျှပ်စစ်ဝါယာကြိုးအဟောင်း ရှော့ခ်ဖြစ်ရာက​နေ မီးလောင်မှု...

ပင်လုံ လျှပ်စစ်မီး ဝါယာရှော့ခ်ကြောင့် နေအိမ်နှစ်လုံး မီးလောင်ပြာကျမှုဖြစ်

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ အမှတ် (၁) ရပ်ကွက်တွင် လျှပ်စစ်မီးမှတစ်ဆင့် ရှော့ခ်ဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ပြာကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်း သိရှိရသည်။ ယမန်နေ့ မတ်လ ၂ ရက် မနက်ပိုင်း ၉ နာရီ အချိန်မှ စတင်ပြီး ပင်လုံမြို့ အမှတ် (၁)...

သင်္ကြန်အတွက်ဟုဆိုပြီး လားရှိုးမြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့ ဆိုင်ကယ်၊ ကားသမားများထံ ပိုက်ဆံကောက်ယူ

သျှမ်းပြည် လားရှိုးခရိုင် ၊ လားရှိုးမြို့နယ်အတွင်း သင်္ကြန်ပြုလုပ်ရန်အတွက် စည်းကမ်းမဲ့ ယာဉ်မောင်း လာသူများကို စောင့်ဆိုင်းစစ်ဆေးနေပြီး ငွေကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု မတ်လ ပထမပတ်က စပြီး လားရှိုးမြို့နယ်အတွင်း ကား ၊ ဆိုင်ကယ် များကို စစ်ဆေးနေပြီး လိုင်စင်မပါရှိသည့် ဆိုင်ကယ်သမားကို ငွေ ၃...

မိုင်းပန် တပေါင်းပွဲ အကြောင်းပြပြီး စစ်ကောင်စီမှ လောင်းကစားထည့်ဖွင့်လှစ်

သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့တွင် တပေါင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့မှ လောင်းကစားထည့် ဖွင့်လှစ်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မတ်လ ၁ ရက်နေ့မှစပြီး ၅ ရက်နေ့အထိ မိုင်းပန်မြို့အဝင် မဟာတေဇာဓိပတိ စေတီတော်မှ ပြုလုပ်သည့် တပေါင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့မှ လောင်းကစားများကို ဖွင့်လှစ်နေကြောင်း မိုင်းပန်ဒေသခံ...

Latest news