စစ်ကောင်စီက PDF တွေကို မက်လုံးပေးပြီး မြူဆွယ်နေ

ပြည်သူ့ကာကွယ်ရေး PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းနှင့်အတူ အလင်းပြန်ဝင်လာပါက ဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဟု စစ်ကောင်စီမှ မက်လုံးပေးပြီး မြူဆွယ်နေကြောင်း စုံစမ်းသိရသည်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီသည် မြေပြင်တွင် စစ်ရေးအင်းအား အများအပြား လျော့နည်းလာမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးလည်း အားနည်းလာမှုကြောင့် အဆိုပါ လက်နက်ကိုင်ပြီး ဆန့်ကျင်တော်လှန်သူများကို မက်လုံးပေးပြီး မြူဆွယ်နေကြောင်း PNDF- KK မှ တာဝန်ခံ ဗွေဟုန်းက ပြောသည်။

“ သူတို့ အခြေအနေ တော်တော်လေးကို ဆိုးနေတဲ့ အနေအထားကို တွေ့နေရတယ်။ အရင်က သူတို့တော်လှန်ရေးအင်အားစုကို ပြောခဲ့တယ်၊ သူတို့က တော်လှန်ရေး အင်အားစုတွေကို အမြစ်ပြတ်ချေဖို့ လုပ်မှာလို့ သူတို့ထုတ်ပြန်ချက်မှာလည်း ပြောခဲ့တယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ အဲ့စကားပြန်ပြောင်းလာပြီး လေသံပျော့လာရုံတင်မက သူတို့အခြေအနေက မကောင်းတော့ဘူးလို့ ကျနော်တို့က သုံးသပ်လို့ရတယ် “ ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်လာသည့် လူငယ်များ၊ တော်လှန်ရေးသမားကို စိတ်ပြောင်းလဲသွားစေရန်အတွက် လက်နက်၊ ခဲယမ်း နှင့် အတူ အလင်းပြန်ဝင်လာလျှင် ဆုကြေးငွေ ထောက်ပံ့ပေးရာ၌ မက်လုံးပေးခြင်း၊ မြူဆွယ်နေခြင်း သဘောသက်ရောက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

အလင်းပြန်လည် ဝင်ရောက်လာသူများအနေဖြင့် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါး အပေါ် ထိခိုက်နစ်နာမှု စသည့် ပြစ်မှုတစ်ခုခုကျုးလွန် ထားသူဖြစ်ပါက ဉပဒေအရ တရားရုံးအတွင်း အမှုရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ထိုပြစ်မှု အတိုင်းအတာအပေါ်မူတည်ပြီး ဉပဒေအကြောင်းအရ လိုအပ်သည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မေလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ အလင်းပြန်ဝင်ပြီး ရိုင်ဖယ်အုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၁၅) သိန်း၊ ပစ္စတိုအုပ်စုဝင် သေနတ် (၁) လက်ရှိပါက ကျပ် (၂၀) သိန်း၊ ပြောင်းချောသေနတ် (၁) လက်ရှိပါက ကျပ် (၃၀) သိန်း၊ စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီ ကဲ့သို့သော လက်နက်များ (၁) လက်ပါရှိပါက ကျပ် (၇၅) သိန်းနှင့် ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁) စင်းရှိပါက ကျပ် (၅၀) သိန်း စသည်ဖြင့် ဆုကြေးငွေထောက်ပံ့ပေးသွားမည်ဟု ကြေညာထားသည်။

“ တစ်ဖက်က ရန်သူကို လုံးဝချေမှုန်းနိုင်မှ၊ တိုက်ခိုက်နိုင်မှသာ အောင်မြင်မယ်။ ရန်သူတစ်ယောက်ပဲရှိရှိ၊ နှစ်ယောက်ပဲ ရှိရှိ၊ ကိုယ့်ဘက်ကလူ ၁ ထောင်ပဲရှိရှိ၊ ၂ ထောင်ပဲရှိရှိ တစ်ယောက်နှစ်ယောက်ရဲ့အားက ကျနော်တို့ အထင်သေးလို့ မရဘူး။ အဓိက အဖြေမထွက် မလာချင်းတော့ ကျနော်ကတော့ အောင်တယ်လို့ မပြောဘူး။ စစ်ကောင်စီဖက်ကနေ အရှုံးပေးသွားသော်လည်းကောင်း၊ ကျနော်တို့ တိုက်ယူလို့ အာဏာရှင်စနစ် အမြစ်ပြတ်သွားမှ တိုက်ပွဲကအောင်မြင်မယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် အလင်းပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများကို ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ပါကြောင်း စစ်ကောင်စီ၏ ကြေညာထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...