ကျိုင်းတုံ – တာချီလိတ် ကားလမ်းမပေါ် ကားတစ်စီး ဘရိတ်ပေါက် ၁ ဦးသေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တာချီလိတ်ခရိုင် ကျိုင်းတုံ – တာချီလိတ် ကားလမ်းမပေါ်တွင် မြေတင်ကားတစ်စီး ဘရိတ်ပေါက်ပြီး တောင်ကိုတိုက်မိကာ ၁ ဦး သေဆုံး၍ ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ကားလမ်းမပေါ် ကားတစ်စီး ဘလိတ်ပေါက်

ပြီးခဲ့သည် မေလ ၈ ရက် ညနေပိုင်း ၅ နာရီတွင် ကျိုင်းတုံမှ တာချီလိတ်သို့ မောင်းနှင်လာသည့် ၆ ဘီး ကားတစ်စီးသည် ကျိုင်းတုံ – တာချီလိတ် ကားလမ်းမပေါ်ရှိ လွိုင်ပန်ကွဲ (လွႆပၢင်ၵႂၢႆး) တစ်နေရာတွင် ကားဘရိတ်ပေါက်ပြီး တောင် နှင့် ဝင်တိုက်မိသဖြင့် ကားပေါ်မှ လိုက်ပါလာသူ လူ ၄ ဦးအနက် ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသွားကြောင်း ကူညီသည့် ဒေသခံတစ်ဦးက ပြောသည်။

“ မြေသယ်ကား ကျိုင်းတုံဖက်ကနေ တာချီလိတ်ကိုလာတာ။ တောင်ကြားမှာ ဘလိတ်ပေါက်ပြီး တိမ်းမှောက်သွားတာ။ ၁ ဦးကတော့ ပွဲချင်းဆုံးသွားတယ်။ ကျန်တဲ့ ၃ ဦးက ထိခိုက်ဒဏ်ရာတွေ ပြင်းထန်ခဲ့တယ် “ ဟု ၎င်းက ပြောသည်။

ကားလမ်းမပေါ် ကားတစ်စီး ဘလိတ်ပေါက်

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ကျိုင်းတုံပရဟိတ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့၍ ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ ဒီလွိုင်ပန်ကွဲမှာတော့ ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်တယ်ဗျ။ ဒီနှစ်ထဲမှာတော့ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်ပဲ။ မနှစ်ကတော့ ၃ ကြိမ်လောက် မနည်းဘူးဖြစ်တာ။ လူတွေလည်း ထိခိုက်ဒဏ်ရာ ရတာ မနည်းဘူး။ များသောအားဖြင့် ကားမောင်းတာတွေက ပေါ့ဆတာရယ်၊ ပြီးတော့ ဒီက နယ်ခံမဟုတ်တော့ လမ်းကြောင်း မကျွမ်းကျင်တာရယ်ကြောင့် ဖြစ်တာ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် မေလ ၇ ရက် ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့နယ်တွင် ကားတစ်စီး နှင့် ထော်လာဂျီ တိုက်မိကြပြီး အသက် ၆၅ နှစ် အမျိုးသားတစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...