ဆိုလာပြားမှ တစ်ဆင့် နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့ ဟိုနားကျေးရွာအုပ်စု မက်မုန်လောင်း (နမ့်လင်း) ကျေးရွာ တအာင်း (ပလောင်) တိုင်းရင်းသားများနေထိုင်သည့် ‌ကျေးရွာထဲတွင် ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပုံ / ဟောင်း

ယခု မေလ ဒုတိယပတ်ထဲတွင် မက်မုန်လောင်းကျေးရွာအတွင်း ဆိုလာပြားမှ တစ်ဆင့် ဘက်ထရီအိုး မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၃) လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ဘယ်နေ့ လောင်သွားလဲတော့ ရက်အတိကျ မမှတ်မိသေးဘူး။ ၃ ရက်လောက်တော့ ရှိပြီထင်တယ်။ ဆိုလာမီးကနေ တစ်ဆင့် လောင်သွားတာ။ ဘက်ထရီအိုးကနေ လောင်သွားတာထင်တယ်။ အဲ့နေ့ကလည်း ကျနော်တို့က အိမ်မှာမရှိဘူးလေ။ အလုပ်သွားလုပ်နေတာ” ဟု ‌‌ဒေသခံ အမျိုးသားက တစ်ဦးက ပြောသည်။

ထိုသို့ မီးလောင်သွားမှုကြောင့် လူထိခိုက်မှု မရှိကြောင်း နှင့် ထိခိုက်ပျက်စီးမှု တန်ဖိုးကို မသိရှိရသေးကြောင်း သိရသည်။

“ထိခိုက်ပျက်စီးမှုတော့ အတိကျ မသိရသေးဘူး။ အိမ်က ၃ အိမ်လောင်သွားတယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

သျှမ်းပြည်အတွင်းရှိ တအာင်းတိုင်းရင်းသားအိမ်များသည် ရှည်လျားပြီး တစ်အိမ်ကို မိသားစု ၁၀ စုကျော်အထိ အတူတကွ နေထိုင်လျက်ရှိကြောင်း သိရသည်။

ထိုအပြင် ယခုရက်ပိုင်းအတွင်း သျှမ်းပြည်အတွင်း မိုးကြီး လေကြီး တိုက်မှုရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခိုလမ်မြို့နယ် နွား ၁၁ ကောင် မိုးကြိုးစက်ကွင်းထိပြီး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့နယ်တွင်း နွား ၁၁ ကောင် သည် မိုးကြိုးစက်ကွင်း ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၂၂ ရက် နေ့လည်ပိုင်း ခိုလမ်မြို့နယ် ဟိုနောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး မိုးရွာသွန်းနေချိန် နွားများ သစ်ပင်အောက်တွင် ခိုနားနေစဉ် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...