ကျိုင်းတုံလေဆိပ်ကို လာအို၊ တရုတ် နှင့် ထိုင်း နိုင်ငံများမှ လေယာဉ် တိုက်ရိုက်ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်မည်ဟု စစ်ခေါင်းဆောင်ပြော

သျှမ်းပြည် ကျိုင်းတုံလေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရန် အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့သည်။

မြေသားညှိနေစဥ်

ယမန်နေ့ (မေလ ၁၁) ရက် ညနေပိုင်းအချိန်၌ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ပြီး ကျိုင်းတုံလေဆိပ်ကို ပြည်တွင်းတွင် အသုံးပြုနေသည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု နစကဉက္ကဌ မှ ပြောကြားခဲ့သည်။

ထို့နောက် အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံများမှ ကျိုးတုံလေဆိပ်တို့ တိုက်ရိုက် ပျံသန်းဆင်းသက်နိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

စကစ ခေါင်းဆောင်

“ ကျနော်တို့ ကျိုင်းတုံက ထိုင်းနဲ့လည်း နီးသလို တရုတ်နဲ့လည်း နီးတယ်လေ။ အစိုးရတွေကသာ တကယ်လုပ်နိုင် တော့ ဒီနေရာမှာ လေယာဉ်တွေ ဆင်းနိုင်ပါတယ်။ ဆက်သွယ်လို့ရတယ်။ သူတို့က ဟန်ပြလုပ်နေတာပါ။ သတင်းမီဒီယာ တွေမှာတော့ မြေသားကို ညီညာအောင် လုပ်နေတာတော့ ဓာတ်ပုံတွေ တွေ့တယ် “ ဟု ကျိုင်းတုံမြို့ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ကျိုင်းတုံလေဆိပ်ကို လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် အပေါ် စစ်ကောင်စီသည် ဟန်ပြသာလုပ်ပြနိုင်ခြင်း ဖြစ်ပြီး တကယ်လက်တွေ့ ၌ ဆောင်ရွက်နိုင်ဖို့အတွက် အားနည်းနေသေးကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေသည်။

လေယာဥ်လုပ်မယ့်နေရာ

အလားတူ ဒေသခံတစ်ဦးက “ ကျိုင်းတုံလေဆိပ်မှာ လေယာဉ်ကြီးတွေ ဆင်းသက်နိုင်တော့ ကောင်းတာပေါ့။ တကယ်လို့ ကျနော်တို့ ကျိုင်းတုံက ပြည်သူတွေ ချင်းမိုင်သွားချင်ရင် လွယ်လွယ်နဲ့ သွားလို့ရမယ်လေ။ ရန်ကုန်၊ မန္တလေးတောင် သွားစရာ မလိုတော့ဘူး။ ခရီးသွားတဲ့နေရာမှာ ပိုပြီး အဆင်ပြေသွားမှာပေါ့ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် တာချီလိတ်လေဆိပ်ကိုလည်း လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့် တိုးချဲ့သွားရန် နစက ဉက္ကဌက ပြီးခဲ့သည့် ဧပြီလတွင် အသိပေး ပြောဆိုထားခဲ့သည်။

ပြီးခဲ့သည့် ၁၉၅၀ ခုနှစ်ကတည်းမှစ၍ နိုင်ငံတော်အစိုးရမှ ကျိုင်းတုံလေဆိပ်ကို စတင်ဆောင်ရွက်လာခဲ့ပြီး ယနေ့ထက်ထိ ကျိုင်းတုံလေဆိပ်ကို လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...