အမျိုးသမီးအပါအဝင် တောင်ကြီးက လူငယ် ၃ ဦး ထက်မနည်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ပေါ် နေထိုင်သည့် လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာ လက်ရှိတွင် လူငယ် ၃ ဦး ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီး

ယခု ဧပြီလဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့ပေါ်ရှိ လူငယ်များကို စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး၌ ပါဝင်သည် ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အမျိုးသမီး တစ်ဦး အပါအဝင် လူငယ် ၃ ဦးက ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့တွင် တောင်ကြီးမြို့ ၊ အောင်သပြေ ရပ်ကွက်တွင် နေထိုင်သူ အသက် (၂၀) ကျော် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သတင်းအတိအကျ နဲ့ အိမ်အထိလိုက်လာပြီး အမျိုးသမီး တစ်ဦးကို ဖမ်းသွားတယ်၊ သူမကို PDF ၊ ထောက်ပို့ တွေနဲ့ ချိတ်ဆက်မှု ရှိတယ်ဆိုပြီးတော့ လာဖမ်းတာ၊ အိမ်ကိုတော့ ပျူစောထီးနဲ့ ရဲတွေ၊ စစ်သားတွေပါတယ်၊ အိမ်တံခါးကို ဖျက်ပြီး ဝင်ဖမ်းတာ” ဟု နီးစပ်သူ အမျိုးသား လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အမျိုးသမီး ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များက ရဲစခန်းများထံ လိုက်သွားသော်လည်း တွေ့ခွင့် မရကြောင်း နှင့် လက်ရှိအချိန်ထိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရကြောင်းလည်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၉ ရက်တွင်လည်း တောင်ကြီးမြို့ပေါ်နေ အသက် (၂၀) ကျော် အမျိုးသား နှစ်ဦးကို စစ်ကား ၂ စီး နှင့် အတူ စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်းလည်း တောင်ကြီးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့က သာမာန်အရပ်သား လူငယ်တွေ ဖြစ်ပါတယ်၊ လှုပ်ရှားမှုတွေမှာ ပါတယ် ဆိုတာက အစပိုင်းမှာပေါ့၊ ဆန္ဒပြတွေမှာပဲပါခဲ့တာ၊ အခုတော့ အဲ့ဒါတွေက ကြာခဲ့ပြီ၊ အခုမှ ဘာကြောင့်မို့ လာဖမ်းတာလဲတော့ မသိဘူး၊ အမျိုးသား လူငယ် ၂ ယောက်ကို တစ်ညတည်းဖမ်းသွားတာ” ဟု တောင်ကြီးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် ယမန်နေ့ မေလ ၁၀ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်လည်း တောင်ကြီး – ဖယ်ခုံ သွားသည့် ခရီးသည်တင်ယာဥ်ပေါ်မှာ အမျိုးသား ၂ ဦးကို အောင်ပန်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

အာဏာသိမ်းယူပြီးသည့် အချိန်မှ စတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့သည် လူငယ်လူရွယ်များကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ မတရား ပုဒ်မများတပ်ကာ စွပ်စွဲဖမ်းဆီးခြင်းတို့ ပြုလုပ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံက အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၃,၄၈၆ ယောက် နှင့် ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၉၉၀ ယောက် ထိ ရှိလာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (မေ ၁၀) ရက် ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...