တောင်ကြီးတွင် ဖောင်းကြွနံပါတ်ပြား တချပ်ကို ကျပ် ၅ သောင်းဖြင့် လုပ်ပေးနေ

စစ်ကောင်စီက ဖောင်းကြွနံပါတ်ပြား မလဲရသည့် ယာဉ်များကို အရေးယူမည်ဟု ကြေညာပြီးနောက် ဖောင်းကြွနံပါတ်ပြား တစ်ချပ်ကို ကာလပေါက်စျေး ကျပ်ငွေ ၅ သောင်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ လုပ်မယ့် ဖောင်းကြွနံပါတ်ပြား

ပြီးခဲ့သည့် မေလ ၈ ရက်မှစ၍ ၁၅ ရက်ကာလသာအတွင်း ဖောင်းကြွနံပါတ်ပြား မလဲရသေးသည့် ယာဉ်များကို စတင် အရေးယူမည်ဟု စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ ကြေညာခဲ့ပြီးနောက် တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲ ရုံးရှေ့တွင် ယနေ့ (မေလ ၁၀ ရက်) ထိ ရဲ နှင့် ယာဉ်ထိန်းရဲများက စောင့်ဆိုင်းပြီး ယာဉ်များကို ဖမ်းဆီးအရေးယူနေကြောင်း တောင်ကြီးမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ၈ ရက်နေ့က မော်တော်ပီကယ်ရုံးရှေ့မှာ စဖမ်းတယ်။ ကားတော်တော်များများပါတယ်၊ ကားအစီး ၂၀ အစိပ်လောက် ရှိတယ်။ ဒီနေ့ထိကော ဖမ်းနေသေးတယ်။ လမ်းနှစ်ဖက် အတက်မှာကော၊ အဆင်းမှာကော ဖမ်းနေတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဖောင်းကြွနံပါတ်ပြား မလဲရသည့် ယာဉ်များကို ဖမ်းမိပါက တစ်စီးကို ဒဏ်ငွေ ၅၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ၁၅ ရက်အတွင်း မလဲရသေးပါက ကား၏ သက်သေခံလက်မှတ် (ဝှီးတက်) ကို သိမ်းမည်ဟု ထုတ်ဖော်ရေးသားထားသည်။

ကားလိုင်စင် သက်တမ်းသွားတိုးသည့် ဒေသခံတစ်ဦးက “ နဂိုဖောင်းကြွနံပါတ်ပြားက ဗမာဂဏန်း နေပြည်တော်မှာ အင်္ဂလိပ် ဂဏန်းပြောင်းတယ်။ တောင်ကြီးဖက်ကတော့ နံပါတ်ပြားရဲ့ အပေါ်မှာ (Shan) ဆိုတာ ပါတယ်။ အခုက အဲ့ (Shan) ရဲ့ နောက်မှာ ၁၈ ဆိုတဲ့ ဂဏာန်းတိုးတယ်။ နံပါတ်ပြားရဲ့အောက်မှာက ကားနာမည် ပါတယ်။ မနေ့က နံပါတ်ပြားကော၊ ကားလိုင်စင်သက်တမ်းတိုးတာကော ကျပ် ၁ သိန်းလောက်ကုန်တယ်။ အေးသာယာစက်မှုဇုံမှာတော့ အဲ့နံပါတ်ပြား တစ်ချပ်ကို ၅ သောင်းနဲ့ နှစ်ချပ်ကို ၁ သိန်း လုပ်ပေးနေတယ် “ ဟု ၎င်းက ပြောသည်။

လက်ရှိမှာ ဖောင်းကြွနံပါတ်ပြား ပြောင်းလဲရခြင်း နှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြည်သူများထံ အကြောင်းပြချက် အမျိုးမျိုးယူပြီး ပိုက်ဆံ တောင်းယူမှု တစ်ရပ်သာဖြစ်ကြောင်း ဒေသခံများ၏ ပြောချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...