Tuesday, January 27, 2026

ဟိုပုံးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အတွင်းထိ ရေများဝင်

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမဘေးရှိ နေအိမ်ထိ ရေများစီးဝင်နေကြောင်း စုံစမ်းသိရှိရသည်။

ရေကြီးမှု

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်တောင်း ပရဟိတကျောင်း သွားလမ်းဘေးရှိ နေအိမ်၌ ရေနုတ်မြောင်း မရှိသဖြင့် နေအိမ်၏ အောက်ထပ်အတွင်းသို့ ရေများစီးဝင်နေကြောင်း ဟိုပုံးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဟုတ်တယ်။ မိုးသီးတွေပါကျတာ။ နောင်တောင်း ပရဟိတကျောင်းဖက်ကဆိုရင် အိမ်ရဲ့ အောက်ထပ်ထိတောင် ရေဝင်တာ။ ရေဝင်တာ ဘယ်နှစ်အိမ်ရှိလဲတော့ သေချာမသိဘူး။ လမ်းဘေးမှာ ရေနုတ်မြောင်းတွေ မဖောက်ပေးတော့ မိုးရွာရင် နေအိမ်အထိ ရေစီးဝင်ကုန်တာ“ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ရေကြီးမှု

အဆိုပါ နောင်တောင်း ပရဟိတကျောင်းသည် ဟိုပုံးမြို့ နှင့် ၂ မိုင်ခန့်ကွာဝေးပြီး သွားလမ်းတလျောက်၌ အိမ်ခြေ ၂၀၀ ခန့်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် ဟိုပုံးမှ နောင်တောင်း ပရဟိတကျောင်းသို့ သွားရာလမ်းမကြီးဘေး တလျောက်ရှိ နေအိမ်များသည် ရေနုတ်မြောင်း မရှိသောကြောင့် မိုးများထပ်ရွာချလျှင် လမ်းမကြီးပေါ် ရေလျှံပြီး နေအိမ်အတွင်း ရေဝင်မည်ကို စိုးရိမ်နေကြောင်း ၎င်း ဒေသခံအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“ လမ်းက သဲလမ်း၊ ကတ္ကရာလမ်းပါ။ အရမ်းတော့ မကျယ်ဘူး။ လမ်းဧရိယာက နည်းနည်းကျဉ်းတယ်။ လမ်းက အရမ်းကောင်းတာတော့ မဟုတ်ပါဘူး။ လမ်းဘေးမှာက ရေနုတ်မြောင်းလည်း မရှိဘူး။ မိုးထပ်ရွာရင် နေအိမ်တွေမှာ ရေတွေစီးဝင်မှာလည်း စိုးရိမ်ရတယ် “ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မေလ ၁၁ ရက် ထုတ်ပြန်ချက်အရ မိုးရွာရက်များအနေဖြင့် သျှမ်းပြည်တွင် သီပေါမြို့၊ နမ့်စန်မြို့တွင် ၅ ရက်မှ ၆ ရက်အထိ မိုးများရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...