ဟိုပုံးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အတွင်းထိ ရေများဝင်

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမဘေးရှိ နေအိမ်ထိ ရေများစီးဝင်နေကြောင်း စုံစမ်းသိရှိရသည်။

ရေကြီးမှု

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်တောင်း ပရဟိတကျောင်း သွားလမ်းဘေးရှိ နေအိမ်၌ ရေနုတ်မြောင်း မရှိသဖြင့် နေအိမ်၏ အောက်ထပ်အတွင်းသို့ ရေများစီးဝင်နေကြောင်း ဟိုပုံးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဟုတ်တယ်။ မိုးသီးတွေပါကျတာ။ နောင်တောင်း ပရဟိတကျောင်းဖက်ကဆိုရင် အိမ်ရဲ့ အောက်ထပ်ထိတောင် ရေဝင်တာ။ ရေဝင်တာ ဘယ်နှစ်အိမ်ရှိလဲတော့ သေချာမသိဘူး။ လမ်းဘေးမှာ ရေနုတ်မြောင်းတွေ မဖောက်ပေးတော့ မိုးရွာရင် နေအိမ်အထိ ရေစီးဝင်ကုန်တာ“ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ရေကြီးမှု

အဆိုပါ နောင်တောင်း ပရဟိတကျောင်းသည် ဟိုပုံးမြို့ နှင့် ၂ မိုင်ခန့်ကွာဝေးပြီး သွားလမ်းတလျောက်၌ အိမ်ခြေ ၂၀၀ ခန့်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် ဟိုပုံးမှ နောင်တောင်း ပရဟိတကျောင်းသို့ သွားရာလမ်းမကြီးဘေး တလျောက်ရှိ နေအိမ်များသည် ရေနုတ်မြောင်း မရှိသောကြောင့် မိုးများထပ်ရွာချလျှင် လမ်းမကြီးပေါ် ရေလျှံပြီး နေအိမ်အတွင်း ရေဝင်မည်ကို စိုးရိမ်နေကြောင်း ၎င်း ဒေသခံအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“ လမ်းက သဲလမ်း၊ ကတ္ကရာလမ်းပါ။ အရမ်းတော့ မကျယ်ဘူး။ လမ်းဧရိယာက နည်းနည်းကျဉ်းတယ်။ လမ်းက အရမ်းကောင်းတာတော့ မဟုတ်ပါဘူး။ လမ်းဘေးမှာက ရေနုတ်မြောင်းလည်း မရှိဘူး။ မိုးထပ်ရွာရင် နေအိမ်တွေမှာ ရေတွေစီးဝင်မှာလည်း စိုးရိမ်ရတယ် “ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မေလ ၁၁ ရက် ထုတ်ပြန်ချက်အရ မိုးရွာရက်များအနေဖြင့် သျှမ်းပြည်တွင် သီပေါမြို့၊ နမ့်စန်မြို့တွင် ၅ ရက်မှ ၆ ရက်အထိ မိုးများရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...