တောင်ကြီး အိမ်ဖော်အမျိုးသမီးတစ်ဦး အိမ်ရှင်၏ ရွှေဆွဲကြိုး နှင့် စိန်လက်စွပ် ခိုးယူ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် အိမ်သန့်ရှင်းရေးအဖြစ် ခန့်ထားသည့် အိမ်ဖော် အမျိုးသမီးတစ်ဦးက အိမ်တွင်းရှိ ရွှေဆွဲကြိုး နှင့် စိန်လက်စွပ်ကို ခိုးယူပြီး ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီး

ယမန်နေ့ (မေ ၁၁) ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ပေါ်ရှိ အိမ်တစ်အိမ်၌ အိမ်သန့်ရှင်းရေးအဖြစ် ခန့်ထားသည့် အိမ်ဖော်အမျိုးသမီး တစ်ဦးသည် အိမ်တွင်းရှိ ရွှေဆွဲကြိုး နှင့် စိန်လက်စွပ်ကို ခိုးယူပြီး ထွက်ပြေးသွားခဲ့ကြောင်း အခိုးခံရသည့် ပိုင်ရှင်တစ်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်ပေါ်တွင် ရေးသားဖော်ပြထားသည်။

“မနေ့က မနက် ဘယ်သူမှ မခိုင်းဘဲ အမေ့ခန်းထဲကို တော်ရုံမဝင်ခိုင်းပါ။ အဲ့ အခန်းထဲဝင်ပြီး ရွှေဆွဲကြိုးနဲ့ စိန်လက်စွပ်ကို ယူပြီး ဖျားတယ်ဆိုပြီး ထွက်ပြေးသွားတယ် “ ဟု ၎င်း၏ လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ဆွဲကြိုး နှင့် လက်စွပ်ကို ခိုးယူသွားပြီးနောက် တောင်ကြီးမြို့ရှိ ဇွဲထက်ရွှေဆိုင်တွင် ကျပ် ၁၈ သိန်းဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်းလည်း သိရသည်။

လက်ရှိ ပစ္စည်းခိုးယူသွားသည့် အိမ်ဖော်အမျိုးသမီးကို ပြန်လည် ဖမ်းဆီးရပြီး ဖြစ်သလို ၎င်းအိမ်ဖော် အမျိုးသမီးတစ်ဦးကလည်း ပစ္စည်းတွေကို အမှန်တကယ် ခိုးယူသွားကြောင်း ဝန်ခံထားသည်ဟု သိရသည်။

“ သူခိုးတွေတော့ ဆိုးပါဗျာ။ လစ်ရင်တွယ်နေတာဘဲ။ ဖမ်းမှမဖမ်းတာ။ ရဲသွားတိုင်လည်း အလုပ်ရှုပ်ယုံဘဲ သူတို့စားကွက်ပေါ့။ ထရန်စဖော်မာကေဘလ်ကြိုးတောင် ခိုးခံရ၊ အိမ်ဝန်းတည်းက ဆိုင်ကယ်အခိုးခံရ နဲ့ ဘယ်တစ်ခုမှ မိတယ်မကြားဘူး။ သူခိုးကို ရဲက မသိဘူးဆိုတာ ဖြစ်နိုင်လား။ ရသမျှ လိုင်းကြေး ကောက်စားနေကြတာနေမှာပေါ့ “ ဟု တောင်ကြီးမြို့ခံ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည် တောင်ကြီးမြို့ အပါအဝင် မူဆယ်၊ နမ့်ခမ်း၊ တာချီလိတ်နှင့် ကွတ်ခိုင် စသည့် မြို့များတွင် သူခိုး၊ ဓားပြ နှင့် ဓားပြတိုက်မှု ပေါများလာနေပြီး လုံခြုံရေးကို ပြည်သူများက ကိုယ်တိုင်ဆောင်ရွက်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...