လောက်ကိုင်မြို့ ပစ်ခတ်မှုဖြစ်ပွား
သျှမ်းပြည် မူဆယ်ခရိုင် လောက်ကိုင်မြို့နယ် ယနေ့( မေ ၂၇)ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ပစ်ခတ်မှုသည် တရုတ်နိုင်ငံမှ ၎င်းတို့၏ လူကို လာရောက်ကယ်ဆယ်သဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အသေးစိတ်ကို မသိရကြောင်း လောက်ကိုင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “...
ကျောက်မဲ တွဲကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိ၊ ဆိုင်ကယ်ပေါ်မှ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိ ကားလမ်းမပေါ်တွင် တွဲကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြပြီး ဆိုင်ကယ်ပေါ်မှ လူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၆) ရက် နံနက် ၇ နာရီတွင် ကျောက်မဲ - လားရှိုးဖက်မှ မောင်းနှင်လာသော...
လားရှိုးမြို့ တစ်ရက်အတွင်း အိမ်ခြေမဲ့အလောင်း ၃ လောင်းတွေ့
သျှမ်းပြည် လားရှိုးမြို့နယ်တွင် တစ်ရက်အတွင်း အိမ်ခြေမဲ့အလောင်း ၃ လောင်းတွေ့ရှိထားသည့်အနက် တစ်လောင်းတွင် ကိုဗစ်ပိုး တွေ့ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၃) ရက်တွင် လားရှိုးမြို့ ရပ်ကွက် ၄ အတွင်းရှိ ပန်အုပ်ကျောင်းတွင် အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်း၊ ရပ်ကွက်...
ပန်ဆိုင်းမြို့ လဝက မှတ်ပုံတင် လုပ်ရန် ပိုက်ဆံ ကျပ်သိန်းချီ တောင်းယူနေ
သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်) တွင် ဒေသခံများ မှတ်ပုံတင် လုပ်ဆောင်ရန်အတွက် လူဝင်မှု ကြီးကြပ်ရေးမှူးရုံး (လဝက) မှ ပိုက်ဆံ ကျပ်သိန်းချီ တောင်းယူနေကြောင်း သတင်းသိရသည်။ ယခင်အချိန်များတွင် ဒေသခံများအနေဖြင့် မှတ်ပုံတင် လုပ်ပါက ငွေကျပ် တစ်သောင်းခန့်သာ ကုန်ကျ သော်လည်း လက်ရှိ...
လားရှိုးမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း ရှော့တိုက်ဒုံးပစ်ခံရ
သျှမ်းပြည် လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်းရပ်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်းတွင် ယနေ့ (မေလ ၂၂) ရက် နံနက် ၁ နာရီ အချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၂) ရက် နံနက်အစောပိုင်း ၁...
လက်နက်ကိုင်တပ်ဖွဲ့ ပေါများသည့် လားရှိုးမြို့ နေ့ခင်းချိန် ဓားပြတိုက်မှု မကြာခဏဖြစ်နေ
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီ အပါအဝင် ပြည်သူ့စစ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားရာနေရာ၊ လက်နက်ကိုင်တပ်ဖွဲ့ပေါများသည့် ဒေသတစ်ခုဖြစ်သော်လည်း နေ့ခင်းချိန်တွင် ဓားပြတိုက်မှု မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ယမန်နေ့ (မေလ ၁၈ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက်...
တန့်ယန်း အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည်ခေါ်ဆောင်ခံရ
သျှမ်းပြည် တန့်ယန်းမြို့တွင် နေထိုင်သည့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည် ခေါ်ဆောင်ခံရပြီး ယနေ့ချိန်ထိ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သော အသက် ၁၃ နှစ်အရွယ် ရှိ...
တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုပြန်အသုံးပြုနေ သက်ဆိုင်ရာ တာဝန်ရှိသူများ အရေးယူမှုမရှိ
သျှမ်းပြည် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာထဲ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုမှုရှိနေပြီး ဒေသခံများက သက်ဆိုင်ရာတာဝန်ရှိသူများကို စာတင်ထားသော်လည်း အရေးယူမှုမရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထုံးဖိုစက်ရုံသည် ၂၄ နာရီ လည်ပတ်နေပြီး ၎င်းမှ ထွက်လာသည့် အနံ့သက်ဆိုးများကို ဒေသခံများက ခံစားနေရသည်။ “ထုံးဖိုကတော့ နေ့တိုင်း လုပ်နေတာပဲ။ တစ်ရက်မှလည်း...
တာချီလိတ် လိုင်စင်မဲ့ ယာဉ်များအတွက် လမ်းဘေး၌ ဖောင်းကြွနံပါတ်ပြားအတု ရောင်းချပေးနေ
မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် သျှမ်းပြည် တာချီလိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအတွက် လမ်းဘေး၌ ဖောင်းကြွနံပါတ်ပြားအတု ရောင်းချပေးမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ၏ ထုတ်ပြန်ကြေညာချက် အရ မေလ ၈ ရက်နေ့မှ စ၍ ၁၅ ရက်...
နမ့်ခမ်းမြို့ နေအိမ် (၃) လုံး သော့ဖျက်ခံရပြီး ဆိုင်ကယ် ၃ စီးခိုးခံရ
သျှမ်းပြည် နမ့်ခမ်းမြို့တွင် ယခု သီတင်းတပတ်အတွင်း ပြည်သူနေအိမ်၏ အိမ်ခြံဝန်းတံခါးများသော့ ဖျက်ဆီးခံရပြီး ဆိုင်ကယ် ၃ စီး ခိုးခံနေရကြောင်း စုံစမ်းသိရသည်။ ယခု သီတင်းပတ်အတွင်း မိုခါမုန်တိုင်းဝင်ရောက်နေစဉ် ကာလ၌ ညသန်းခေါင်အချိန်တွင် ပေါက်နေရပ်ကွက်မှ နေအိမ်တစ်လုံး၊ ပေါက်လုံရပ်ကွက်မှ နေအိမ်တစ်လုံး နှင့် ဟိုနောင်ရပ်ကွက်မှ နေအိမ်တစ်လုံး စုစုပေါင်း...






