လောက်ကိုင်မြို့ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် လောက်ကိုင်မြို့နယ် ယနေ့( မေ ၂၇)ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တရားမဝင် မှတ်ပုံတင် အများဆုံးလုပ်ပေးနေတဲ့ လောက်ကိုင်

အဆိုပါ ပစ်ခတ်မှုသည် တရုတ်နိုင်ငံမှ ၎င်းတို့၏ လူကို လာရောက်ကယ်ဆယ်သဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အသေးစိတ်ကို မသိရကြောင်း လောက်ကိုင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တရုတ်နိုင်ငံဘက်က သူတို့လူကို လာကူညီတာလို့ပြောတယ်။ အဲဒါကြောင့် ပစ်ခတ်မှုဖြစ်တာတဲ့။ တစ်ယောက်တော့ ထိခိုက်သွားတယ်။ ကျမတို့လည်း အလုပ်ရောက်မှ သေနတ်ပစ်သံတွေကို ကြားရတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှု နှင့် ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း၊ လောက်ကိုင်မြို့တွင် ပစ်ခတ်မှု မကြာခဏဖြစ်ကြောင်းလည်း အထက်ပါ အမျိုးသမီးက ပြောသည်။

လောက်ကိုင်မြို့သည့် တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်ပြီး တရားမဝင် လောင်းကစားများဖွင့်လှစ်ထားသည့်နေရာဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ နှင့် ကိုးကန့်တပ်မတော် MNDAA က သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...

ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန်...