Sunday, May 19, 2024

CATEGORY

မှုခင်း

မိုးမိတ်မြို့နယ် အတွင်း စစ်ကောင်စီ လက်အောက်ခံ နေရာများ ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံဌာန ဖြစ်ကြသည့် ခရိုင်ရုံးနှင့် မြို့နယ် ထွေအုပ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက် ညနေ ၃ နာရီခွဲကျော်တွင် မိုးမိတ်မြို့ရှိ ခရိုင်ရုံးဝန်းအနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက်...

ပင်လုံမြို့ အသက်(၆၈) အရွယ် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ယနေ့ (စက်တင်ဘာ ၁၉) ရက် မွန်လွဲပိုင်း ၂ နာရီခွဲကျော်တွင် အသက် (၆၈) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲ ကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၄)...

လားရှိုးမြို့နယ် ဓားပြ သောင်းကျန်းမှု နေ့စဥ်နီးပါး ရှိနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ သေနတ်ကိုင်ဆောင်ထားသည့် သူခိုး၊ဓားပြများ နေ့စဥ် သောင်းကျန်းနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လမှ လက်ရှိ စက်တင်ဘာလ အထိ နှစ်လတာ ကာလအတွင်းတွင် သေနတ်ကိုင်ဆောင်သည့် သူခိုး၊ ဓားပြများက နေ့စဥ်နီးပါး သောင်းကျန်းနေသည့်အတွက် လားရှိုးဒေသခံ ပြည်သူများက လုံခြုံရေးအတွက် အထူးသတိထားနေရကြောင်း သိရသည်။ ပြီးခဲ့သည့်...

လားရှိုးမြို့ ယာဥ်ထိန်းရဲ အနီး ဗုံးပေါက်ကွဲမှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ယာဥ်ထိန်းရဲရုံး အနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ် နှင့် လားရှိုးမြို့အဝင် မုခ်ဦးအနီးက စစ်ကောင်စီ တပ်စခန်း (ကညန) တွင် တစ်ကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၈) ရက် ည ၇ နာရီခွဲဝန်းကျင်တွင်...

ပြင်ဦးလွင်မြို့ ကလေးငယ် ၂ ဦး အပါအဝင် ၅ လောင်းပြိုင် လူသတ်မှုဖြစ်

ပြင်ဦးလွင်မြို့ အနီးစခန်း စည်ကားကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၁၈) ရက်မှာ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် (၅) ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ အဆိုပါ အသတ်ခံရသူများသည် ပြင်ဦးလွင် အနီးစခန်း စည်ကားကျေးရွာရှိ ကြက်ခြံတွင် နေထိုင်ကြသည့်သူများဖြစ်ကြောင်း ၊ သတ်ခံရချိန်တွင်...

မိုင်းရယ် – ကျေးသီးလမ်းတွင် ကားတစ်စီး တိမ်းမှောက်မီးလောင်

သျှမ်းပြည်မြောက်ပိုင်း နှင့် တောင်ပိုင်း ဆက်သွယ်ထားသည့် မိုင်းရယ် - ကျေးသီး ကားလမ်းမကြီးတွင် ကားတစ်စီးတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၇ )ရက် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် မိုင်းရယ် - ကျေးသီး ကားလမ်းမ ရှိ...

သီပေါမြို့နယ် လောင်းကစားဝိုင်း မှာ ဓားခုတ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် လောင်းကစားဝိုင်းတစ်ခု၌ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်တွင် ရွာသစ်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ လောင်းကစားဝိုင်း တခုတွင် တုံစင့်ကျေးရွာသား တစ်ဦးက...

တာချီလိတ် – မယ်ဆိုင် ချောင်းဘေး အမျိုးသားတစ်ဦး ငါးမျှားရင်း ပျောက်ဆုံးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ အသက် (၄၄) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မယ်ဆိုင်ချောင်းဘေးတွင် ငါးမျှားနေရင်း မတော်တဆ ချောင်းထဲချော်ကျသွားပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၁၇ ) ရက် ညနေ (၄) နာရီကျော်တွင် အသက် (၄၄)...

ကျောက်မဲမြို့တွင်း စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၇) ရက် ည ၇ နာရီဝန်းကျင် တွင် ကျောက်မဲမြို့ ရပ်ကွက် ၈ အခွန်လွတ်ဈေး အနီးတွင် လုံခြုံရေး ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ...

မိုင်းကိုင်မြို့နယ် ဒေသခံတစ်ဦး ခြံသွားရင် မြေမြှုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းယွမ်းကျေးရွာအုပ်စု နောင်ပတ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦး ခြံသွားရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် နောင်ပတ်ကျေးရွာတွင် စက်တင်ဘာ ၁၃ နေ့လည် ၃ နာရီဝန်းကျင်၌ အသက် (၂၆)နှစ် အရွယ်ရှိ စိုင်းကုဆလ သည် ခြံသို့သွားစဉ်...

Latest news