Monday, May 6, 2024

Siam Paragon ကုန်တိုက်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် မမိုးမြင့် စျာပနာ

Must read

ထိုင်းနိုင်ငံ Siam Paragon Shopping Mall တွင် အောက်တိုဘာ ၃ရက်၌ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား မမိုးမြင့်၏ စျာပနာကို ယနေ့ (အောက်တိုဘာ ၈)ရက် မွန်းလွဲ ၁နာရီတွင် နထွန်ဘူရီ ပြည်နယ် ပတ်(ခ်) ကရက်မြို့ရှိ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မမိုးမြင့်စျာပနာ

အဆိုပါ စျာပနာ အခမ်းအနားကို မမိုးမြင့် ၏ မိခင်နှင့် ဆွေမျိုးများလည်းတက်ရောက်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ကုန်တိုက်တွင် အောက်တိုဘာ ၃ရက် ညနေပိုင်းတွင် အသက် ၁၄နှစ်အရွယ် ကောင်လေးက ပစ်ခတ်ခဲ့ရာ အဆိုပါ ကုန်တိုက်တွင် အလုပ်လုပ်နေသည့် မမိုးမြင့်အပါအဝင် သေဆုံးသူ ၂ဦး ၊ ဒဏ်ရာရရှိခဲ့သူ ၅ဦးခန့်ရှိကြောင်း ထိုင်းသတင်းဌာနဖော်ပြချက်အရသိရသည်။

မမိုးမြင့် စျာပနာ

မမိုးမြင့်သည် အလွန်တော်သည့် ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ ထိုင်း-အင်္ဂလိပ်- တရုတ်-မြန်မာဘာသာစကားများ ပြောနိုင်ရေးသားနိုင်သူဖြစ်ပြီး၊ လစာလည်းကောင်းကြောင်း၊ မိဘကိုလည်း ထောက်ပံ့နေသူဖြစ်ကြောင်း သူမ၏ အလုပ်ရှင်က ထိုင်းမီဒီယာများတွင် ဖြေကြားခဲ့သည်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သူများ၏ မိသားစုဝင်များအား Siam Paragon ကုန်တိုက်မှ ဘတ် ၅ သန်းစီနှင့် ဒဏ်ရာရရှိသူများအား ဘတ် ၃ သိန်းစီ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article