သီပေါမြို့နယ် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ

သျှမ်းပြည် သီပေါမြို့နယ် မိုင်းခေးကျေးရွာအုပ်စုအတွင်း အသက် ၁၁ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ပြုခဲ့ကြောင်း သတင်းသိရှိရသည်။

အသက် ၁၁နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းကျင့်ပြုသူ

ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ ရက် နေ့လည်ပိုင်းတွင် အသက် (၃၅) နှစ်ရှိ စိုင်းပီးဆိုသူသည် ဆိုင်ကယ် တစ်စီးရောင်းရန်အတွက် အသက် ၁၁ နှစ်အရွယ် နန်းအိန်း (အမည်လွှဲ) ၏ ဖခင်ဖြစ်သူဆီ အိမ်သို့ ရောက်ရှိခဲ့သည်။

ထိုအိမ်သို့ မရောက်ခင် လမ်းတစ်ဝက်မှာ စိုင်းပီးသည် အရက်သောက်ခဲ့ပြီး မူးနေရာမှ နန်းအိန်းတို့၏ နေအိမ်သို့ ရောက်ခဲ့သည်။

“ သူအရက်သောက်ပြီး အိမ်ကိုရောက်လာတော့ နန်းအိန်းရဲ့ အဖေကို လာရှာတယ်။ သူ့အဖေက ခြံထဲရောက်နေတော့ နန်းအိန်းကိုခေါ်ပြီး သူ့အဖေရှိရာ ခြံကိုလိုက်ပို့ခိုင်းတာ။ လိုက်ပို့ပြီး အပြန်လမ်းမှာ ဆိုင်ကယ်ရပ်ပြီးတော့ နန်းအိန်းကို ခြုံပုတ်ထဲ ခေါ်သွားတယ်။ ပြီးတော့ မဖွယ်ရာတွေ၊ မုဒိမ်းကျင့်ပြုခဲ့တယ် “ ဟု မှုခင်းကိုကိုင်တွယ်ဖြေရှင်းခဲ့ရသည့် ဒေသခံတစ်ဦးအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ အဓ္ဓမပြုကျင့်ခဲ့သူ စိုင်းပီးကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနထံသို့ အကြောင်းကြားခဲ့ပြီး ဖမ်းဆီးထားကြောင်းလည်း သိရသည်။

သို့သော်လည်း ပြစ်မှုကျူးလွန်သူ စိုင်းပီးကို မည်သည့် ပြစ်မှုဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း အသေးစိတ်ကို မသိရှိရပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း မေလမှ ဇွန်လအထိ သက်ငယ် မုဒိမ်းမှု၊ အသက်မပြည့်သေးသူနှင့် ကာမစပ်ယှက်မှု (၃) မှု၊ အိမ်တွင်းအကြမ်းဖက်မှု (၄) မှု၊ လိင်ပိုင်းဆိုင်ရာ အကြပ်ကိုင်ခံရမှု (၂) မှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု (၁) မှုနှင့် စိတ်ရောဂါရှင် အမျိုးသမီးကို မုဒိမ်းမှု (၁) စုစုပေါင်း (၁၁) မှုဖြစ်ပွားခဲ့ကြောင်း ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ သြဂုတ် ၁၈ ၌ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...