Tuesday, January 27, 2026

CATEGORY

မှုခင်း

မုံးကိုးမြို့ MNDAA မှ ရာဇဝတ်မှု ကျူးလွန်သူ (၅)ဉီးကို အများရှေ့ ပြစ်ဒဏ်ချ

သျှမ်းပြည် မူဆယ်မြို့နယ် မုံးကိုးမြို့တွင် ရာဇဝတ် ကျူးလွန်သူ (၅)ဉီးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်အပါအဝင် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) နံနက်ပိုင်းတွင် မူဆယ်မြို့နယ် မုံးကိုးမြို့၌ ကိုးကန့်တပ်ဖွဲ့ MNDAA မှ “အထူးဒေသ(၁) ရာဇဝတ်မှုစီရင်ခြင်း...

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်သူ အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၁၀၀ ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ဝန်းကျင်တွင် မိုင်းရှူးမြို့ ရပ်ကွက် (၃) မြို့မဈေးအရှေ့ဘက်ရှိ ရွှေဆိုင်တစ်ဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်သူ...

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

PPP ပါတီ၏ တောင်ကြီး အမတ်လောင်းနှင့် သားဖြစ်သူ လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ လွှတ်တော်အမတ်လောင်းနှင့် ၎င်း၏သားဖြစ်သူတို့ကို လူသတ်မှုစွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွင်း ခါးပိုက်နှိုက်သောင်းကျန်း

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခါးပိုက်နှိုက်ခြင်းနှင့် ပစ္စည်းလုယက်ခံရသူများ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို မူလက ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ပွဲတော်ရက်ကို နိုဝင်ဘာလ...

ကျပ် ၄၅၆ သန်းတန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းများ မိုင်းလားတပ်ဖွဲ့ NDAA မီးရှို့ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် မြန်မာကျပ်ငွေ ၄၅၆ သန်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၀ သိန်း တန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံး စက်ပစ္စည်းများကို NDAA က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ကျားဖြန့်မှုဖြင့် နေပြည်တော်၌ ခိုလှုံခဲ့သည့် ကိုးကန့်ဥက္ကဋ္ဌဟောင်းအား တရုတ်သေဒဏ်ချမှတ်

တရုတ်နိုင်ငံတွင် ကျားဖြန့်အမှုများဖြင့် တရားရင်ဆိုင်နေရသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်နှင့် ၎င်း၏သားဖြစ်သူ ပယ်ရင်ချန် အပါအဝင် ၅ ဦးတို့ကို တရုတ် အစိုးရက သေဒဏ်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

တောင်ကြီးမြို့တွင်း အုပ်စုဖွဲ့ နည်းမျိုးစုံသုံး ငွေလိမ်လည်မှုများလာ

သျှမ်းပြည်တောင်ကြီးမြို့တွင် အုပ်စုဖွဲ့ကာ နည်းမျိုးစုံသုံးပြီ ငွေလိမ်လည်မှုများရှိနေကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် ယခုရက်ပိုင်း အမျိုးသား၃ဦးဖွဲ့ကာ ရပ်ကွက်ထဲသို့ ဝင်ရောက်လာပြီး ကုန်စုံဆိုင်နှင့် နေအိမ်များကို လိုက်လံ လိမ်လည်မှုများပြုလုပ်ပြီး၊ ၎င်းတို့တောင်းဆိုသည့် ငွေကြေးမရရှိလျှင် ဓားထောက်ခြိမ်းခြောက်သည့် အထိ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြေဖြူရပ်ကွက် ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အမျိုးသား၃ယောက်က အိမ်ထဲကို အတင်းပြီးပြီး...

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...

Latest news