ဘိန်းစိုက်ခွန်ကောက်သည့် စစ်ကော်မရှင်နှင့် PNO ဘိန်းခင်းဟန်ပြထပ်မံဖျက်ဆီး
သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်နှင့် ဆီဆိုင်မြို့နယ်တို့တွင် နှစ်စဉ် ဘိန်းစိုက်ခွန် ကောက်ခံနေသည့် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က သီးသန့်စိုက်ထားသည့် ဘိန်းခင်းများကို ထပ်မံဟန်ပြ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်တွင် ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု လိုက်ကန်ကျေးရွာ အရှေ့မြောက်ဘက်တွင်...
အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ...
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့်...
ကျားဖြန့်ကိစ္စကြောင့် မြန်မာပုဂ္ဂလိကဘဏ် အကောင့်လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် အသုံးပြုသူများ၏ အကောင့်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယခု ၂၀၂၅ နှစ်လယ်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ ငွေလဲလှယ်ခြင်း၊ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူများသည် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုကိစ္စများကြောင့် အလုပ်လုပ်ကိုင်နေသည့်...
ဘတ်ရိုက်ပွဲစားထံ ငွေလိမ်မခံရအောင် ရွှေ့ပြောင်းအလုပ်သမားများ သတိပြု
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လုပ်ပေးနေသည်။ အဆိုပါအလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ...
တောင်ကြီး နှစ်ကုန်ခါနီး စစ်ကော်မရှင် လိုင်စင်မဲ့ကား ပြန်ဖမ်းနေ
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲနှင့်စစ်သား များသည် နှစ်ကုန်ခါနီး လိုင်စင်မဲ့ ကားများကို ထပ်မံဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တောင်ကြီးမြို့ အဝင်၊အထွက် နှင့် မြို့ထဲလမ်းဆုံ လမ်းခွများတွင် ရဲနှင့် စစ်သားများက လိုင်စင်မဲ့ ကားများကို ရှောင်တခင် စစ်ဆေး...
မူဆယ် – ၁၀၅ မိုင်ကြား ကားဘရိတ်ပေါက်ပြီး လူတိုက်မိ၊ ၂ ဦးသေဆုံး ၈ ဦးဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင်လမ်းပိုင်းတွင် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသည့် လူများကို တိုက်မိရာ နှစ်ဦးသေဆုံးကာ ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင်...
ကျားဖြန့်ခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်ဝရမ်းထုတ်ပြီးနောက် စစ်တပ်က ကျားဖြန့်တိုက်ဖျက်ရေးကော်မတီဖွဲ့
SHAN -
မြန်မာပြည်မြောက်ပိုင်းတွင် လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်နိုင်ငံမှ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်မှ ကျားဖြန့်တိုက်ဖျက်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ရက်စွဲဖြင့် ဖွဲ့စည်းလိုက်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီတွင် အဖွဲ့ဝင်...
တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ
SHAN -
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...






