နေ့စားခ မလုံးလောက်သဖြင့် ချင်းမိုင်ကုန်တိုက်တွင် မုန့်ခိုးပြေးသည့် ရွှေ့ပြောင်းလူငယ် ၂ ဦးဖမ်းမိ

ချင်းမိုင်မြို့လယ်ခေါင်ရှိ Lotus’s Go Fresh စူပါမားကတ်တွင် မုန့်နှင့် ကုန်ပစ္စည်းအချို့ခိုးယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည့် သျှမ်း “တိုင်းယိုင်”လူငယ် ၃ ဦးအနက် ၂ ဦးကို ချင်းမိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။

ယမန်နေ့ (ဇွန်လ ၁၇ ရက်) ညနေ ၄နာရီခွဲတွင် ချင်းမိုင်မြို့လယ်ရှိ Lotus’s Go Fresh စူပါမားကတ်သို့ လူငယ် ၃ ဦးသည် ဈေးဝယ်ဟန်ဆောင်ကာ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့သည် ဆိုင်အတွင်းရှိ အစားအစာနှင့် မုန့်အများစုကို ရွေးချယ်ပြီးနောက် ငွေရှင်းကောင်တာသို့ သွားရောက်ခြင်းမပြုဘဲ ဆိုင်အပြင်ဘက်သို့ ရုတ်တရက် ထွက်ပြေးခဲ့ကြသည်။

ထို့နောက် ဆိုင်ပြင်ပတွင် အသင့်စောင့်ဆိုင်းနေသည့် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် Phra Pok Klao လမ်း အတိုင်း အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့ကြသဖြင့် ဆိုင်ဝန်ထမ်းများက ရဲတပ်ဖွဲ့၏ အရေးပေါ်ဌာနသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားခဲ့သည်။

သတင်းရရှိပြီးနောက် ချင်းမိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့သည် တရားခံများ ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို ချက်ချင်း ကြားဖြတ်ပိတ်ဆို့ခဲ့ပြီး လူငယ် ၂ ဦးဖမ်းဆီးခံခဲ့ရသည်။

လက်ရှိ ဖမ်းဆီးရမိမှု အခြေအနေအရ အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ်ရှိ သျှမ်း (တိုင်းယိုင်) လူငယ် ၂ ဦးကို ခိုးရာပါ မုန့်ထုတ်ကုန်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ရဲတပ်ဖွဲ့က ဆိုင်ကယ်ကို လိုက်လံပိတ်ဆို့ဖမ်းဆီးနေစဉ် ဆိုင်ကယ်နောက်ဆုံး၌ လိုက်ပါလာသည့် လူငယ်တစ်ဦးမှာ ဆိုင်ကယ်ပေါ်မှ ခုန်ချကာ Wat Phuak Hong ဘုန်းကြီးကျောင်း အနီး၌ ခြေလျင်ဖြင့် လွတ်မြောက်သွားခဲ့သည်။

စစ်ဆေးမေးမြန်းချက်များအရ ဖမ်းဆီးခံရသူများသည် ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် မှတ်ပုံတင်ထားသည့် အသက် ၂၀ ကျော်အရွယ် သျှမ်းလူမျိုး (တိုင်ယိုင်) များ ဖြစ်ကြပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။​

၎င်းတို့ရရှိသည့် နေ့စားလုပ်အားခမှာ နေ့စဉ်လူမှုဘဝ စားဝတ်နေရေးအတွက် မလုံလောက်သဖြင့် ငွေကြေးကျပ်တည်းမှုကြောင့် သူငယ်ချင်းဖြစ်သူများနှင့် တိုင်ပင်ကာ Lotus’s ဆိုင်အတွင်းမှ မုန့်များ၊ အသင့်စားအစာများနှင့် ရေခဲမုန့်များကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်သွားသည့် လူငယ်ကို ခြေရာခံဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးရေးဌာနခွဲက CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး၊ ဖမ်းဆီးရမိသူ ၂ ဦးကို တရားဝင်ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ရန် ချင်းမိုင်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံကာ အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို...