CATEGORY

မှုခင်း

မိုင်းရယ်တွင် “ဝ”နယ်မှ ပို့ဆောင်လာသော စစ်ဘေး‌ရှောင် ၅၀၀ ကျော်ရှိ

သျှမ်းပြည် မိုင်းရယ်မြို့တွင် “ဝ”နယ် နမ့်တစ်မြို့မှတဆင့် ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော် ရောက်ရှိလာပြီး မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် ဘောလုံးကွင်းတို့တွင် ခေတ္တညအိပ် တည်းခိုခဲ့ကြောင်း စုံစမ်းသိရသည်။ “ဝ”နယ် နမ့်တစ်မြို့တွင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံမြို့တို့မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင်များကို “ဝ”တပ်ဖွဲ့ UWSA မှ...

ကျောက်မဲ အမျိုးသားတစ်ဦး မိုင်းနင်းမိ ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာနေ အမျိုးသားတစ်ဦးသည် ခြံသွားနေစဥ် မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး ခြံသွားနေစဥ် မြေမြုပ်မိုင်းနင်းမိကာ ထိုနေရာတွင် ပွဲချင်းပြီး...

လားရှိုးမြို့ အသက် ၁ နှစ်ခွဲကလေးကို ကားဖြင့်တိုက်ခံရ၊ ကားသမားထွက်ပြေး

သျှမ်းပြည် လားရှိုးမြို့တွင် အသက် ၁နှစ်ခွဲ အရွယ်ရှိ ကလေးငယ်ကို Ford ကားအနက်တစ်စီးက ဝင်ရောက်တိုက်သွားပြီး၊ ကားသမားထွက်ပြေးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၅၊၆၊၇ အဝင်လမ်းထိပ်တွင် ယမန်နေ့ ( နိုဝင်ဘာလ ၉) ရက် ညနေ ၄ နာရီခွဲဝန်းကျင်၌ Ford...

ညီနောင်မဟာမိတ်သုံးဖွဲ့ကို အလိုမရှိကြောင်း သျှမ်းပြည်သူများ ဆန္ဒဖော်ထုတ်ကြောင်း သတင်းမှားဖြန့်ချိနေ

သျှမ်းမြောက်ဒေသတွင် “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကို ဆင်နွှဲနေလျက်ရှိသော ညီနောင်မဟာမိတ် သုံးဖော်အား သျှမ်းကျေးရွာများမှ ဒေသခံများက (လုံး၀) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည်ဟု သတင်းအမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်ဖြစ်တဲ့ lashio thar ဆိုသည့် အကောင့်တစ်ခုမှ “ အကြမ်းဖက်...

မူဆယ် ဓားပြတိုက် ၂ဦးဖမ်းဆီးရမိ

သျှမ်းပြည် မူဆယ်မြို့တွင် ပြည်သူများကို ဓားထောက် ဓားပြတိုက်နေသည့် အမျိုးသား နှစ်ဦးကို ဒေသခံများ နှင့် ပြည်သူ့ စစ်များက ဖမ်းဆီးမိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၈)ရက် ည ၆နာရီအချိန်တွင် မူဆယ်မြို့ရှိ နန်းတော်ပေါက်ရှေ့၌ ပြည်သူများကို အမျိုးသား ၂ဦးက ဓားထောက်ပြီး ဓားပြတိုက်မှုပြုလုပ်ခဲ့သည်။ ထို...

အွန်လိုင်းဂိမ်းလုပ်သူနှင့် တရားမဝင် လာရောက်သူများကို ကျိုင်းတုံမှ တဆင့် မိုင်းလားဘက်ပြန်ပို့မည်

သျှမ်းပြည် ကျိုင်းတုံမြို့တွင် စစ်ကောင်စီများ ဖမ်းဆီးထားသည့် အွန်လိုင်းဂိမ်းလုပ်သူများ နှင့် တရားမဝင်လာသည့် တရုတ်လူမျိုးများကို နေရပ်ပြန်ပို့ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ မှ တာချီလိတ်၊ မိုင်းဖြတ် တွင် အွန်လိုင်းဂိမ်းပြုလုပ်နေသူများကို ဖမ်းဆီးထားပြီး ၊ ထိုသူများကို နေရပ်ပြန်ပို့ရန်အတွက် ယမန်နေ့ (နိုဝင်ဘာ ၇)ရက်တွင် ကျိုင်းတုံ...

ရွာငံမြို့အတွင်း သူခိုးသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင် အခက်ကြုံ

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့အတွင်း၌ စိုက်ခင်းသီးနှံသူခိုးများသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင်များက အခက်တွေ့နေကြောင်း စုံစမ်းသိရသည်။ သီတက်းကျွတ်ကာလ နှောင်းပိုင်း နိုဝင်ဘာလ ပထမပတ်အတွင်းတွင် ရွာငံမြို့၊ အင်းကြီးကျေးရွာရှိ လိမ္မော်ခြံထဲ သူခိုးများ အုပ်စုရောက်ရှိနေပြီး ပိုင်ရှင်ဖြစ်သူကိုခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံအမျိူးသား တစ်ဦးကပြောငည်။ "အရင်တုန်းက သူခိုးဆိုရင် တစ်ယောက်စ၊ နှစ်ယောက်စ ရှိခဲ့ဖူးပါတယ်။ ခုချိန်ကတော့...

ငွေသိန်းသောင်းချီ အွန်လိုင်း ငွေကြေးလိမ်လည်မှုများ မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပွား

မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဂိမ်းကစားရုံ၊ ရင်းနှီးမြုပ်နှံရုံဖြင့် နေ့စဉ် အမြတ်ငွေများ ရရှိမည်ဆိုပြီး KLFB၊ I Wealth၊ Miami၊ CFATI နှင့် FCFB စသည့် Online Application များတွင် ရင်းနှီး မြုပ်နှံကြသူများမှာ အများအားဖြင့် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး...

ကျိုင်းတုံမြို့တွင် လယ်ယာအတွင်း ဓားခုတ်ခံရပြီး သေဆုံးမှု ဖြစ်ပွား

သျှမ်းပြည် ကျိုင်းတုံမြို့နယ် လယ်ယာအတွင်း ဓားခုတ်ခံရပြီး သေဆုံးရသည်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်း ၇ နာရီ ဝန်းကျင် အချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းအင်ကျေးရွာ အုပ်စု၌ နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၎င်း​၏ လယ်ယာအတွင်း...

မူဆယ်မြို့ တစ်လအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခံရ

သျှမ်းပြည် မူဆယ်မြို့ အောက်တိုဘာလအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခိုးယူမှုများ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့တွင် အမည်မသိ အမျိုးသားသုံးဦး သည် အဖြူရောင် (Crown) ကား ဖြင့် ရပ်ကွက်တိုင်းနီးပါးရှိ ပြည်သူ့နေအိမ်များကို အောက်တိုဘာလအတွင်း ဝင်ရောက်ဖောက်ထွင်းနေကြောင်း မူဆယ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို...

Latest news