Wednesday, January 28, 2026

ကျိုင်းတုံမြို့တွင် လယ်ယာအတွင်း ဓားခုတ်ခံရပြီး သေဆုံးမှု ဖြစ်ပွား

သျှမ်းပြည် ကျိုင်းတုံမြို့နယ် လယ်ယာအတွင်း ဓားခုတ်ခံရပြီး သေဆုံးရသည်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျိုင်းတုံ လူသတ်မှု

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်း ၇ နာရီ ဝန်းကျင် အချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းအင်ကျေးရွာ အုပ်စု၌ နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၎င်း​၏ လယ်ယာအတွင်း ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ဓားခုတ်ဒဏ်ရာဖြင့် လယ်ယာအတွင်း သေဆုံးလျက်တွေ့ရသည့်အမျိုးသား​၏ ရုပ်အလောင်းကို တိုင်းနေလူမှုကူညီရေး အသင်းက ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အသက် (၄၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဓားချက်က (၃) ချက်ပါ။ ကျောဘက် နောက်စေ့က ဒဏ်ရာက အကြီးဆုံးဘဲ။ သူလယ်သွားကြည့်မယ်ဆိုပြီးတော့ မနက်စောစော ထွက်သွားတာ၊ မနက်စာ စားချိန်လည်း ပြန်မလာလို့ မိသားစုဝင်သွားလိုက်တော့ သေနေပြီ” ဟု အမျိုးသမီးက ပြောသည်။

သေဆုံးသူ အမျိုးသားသည် အသက် (၅၀) ကျော်ရှိသည့် မိုင်းအင်အုပ်စု ၊ နားဆိုင်ရွာနေ ဦးကျလယ် ဖြစ်ကြောင်းလည်း သိရသည်။

ဦးကျလယ်သည် အနေအေးသူဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခြင်းလည်း မရှိခဲ့ဖူးကြောင်း အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

“ရန်ဖြစ်စကားများရှိတာ မကြားဖူးဘူး။ သူအသတ်ခံရတာကိုလည်း မိသားစုဝင်တွေလည်း အမှုဖွင့်ထားပါတယ်။ အရင်ပတ်ထဲမှာလည်း ဒီလို လယ်ထဲ သွားတဲ့ လူငယ်တစ်ယောက်လည်း အသတ်ခံရတယ်။ ကျမတို့ဒေသလည်း ကြောက်ဖို့ကောင်းလာပြီ” ဟု အထက်ပါ အသက် (၄၀) ဝန်းကျင် အမျိုးသမီးက ပြောသည်။

အလားတူပင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်မှ ဝမ်လင်ကျေးရွာနေ အသက် ၃၀ နီးပါး အမျိုးသား တစ်ဦးလည်း ၎င်း​၏ လယ်အတွင်း၌ ဓားခုတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ဓားဒဏ်ရာများဖြင့် သေဆုံးသူများကို သက်ဆိုင်ရာ တာဝန်ရှိသူနှင့် ရဲများမှ စုံစမ်းစစ်ဆေး အရေးယူမည်ဟု ပြောကြား ခဲ့သော်လည်း ယနေ့အချိန်အထိ ထူးခြားမှု မရှိကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသ ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးကြုံနေရကြောင်း စုံးစမ်းသိရသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာ ၃၀ ဝန်းကျင်သည် ယမန်နှစ် ၂၀၂၄ တွင် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့နောက် တောင်ပေါ်တွင် စိုက်ပျိုးထားသည့် ဆန်များကို ကြွက်များက ဖျက်စီးခြင်းကြောင့် ဆန်စပါး...