မူဆယ်မြို့ ရွှေနဂါးဟိုတယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား အမျိုးသား ၁ ဉီးသေဆုံး
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ရွှေနဂါး ဟိုတယ်တွင် ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် အမျိုးသား ၁ ဉီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ညပိုင်းအချိန်တွင် မူဆယ်မြို့ ရှိ ရွှေနဂါးဟိုတယ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဉီး ပွဲချင်းပြီး သေဆုံးသွားကြောင်း မူဆယ်မြို့ဒေသခံတစ်ဉီးက...
တောင်ကြီးတွင် ဒေသခံ နေအိမ်များ ဖောက်ထွင်းခံရ၊ ပစ္စည်းများ ပျောက်ဆုံး
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် ညို့မီး နှင့် ထီဗွာကျေးရွာရှိ အိမ်များ ဖောက်ထွင်းခံရပြီး ပစ္စည်းအချို့ ခိုးယူခံရကြောင်း ဖောက်ခံရသူ ဒေသခံ အိမ်ရှင်များ ပြောကြားချက်အရ သိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့ နေ့လည် (၂) နာရီကျော်တွင် ညို့မီးရပ်ကွက်နေ ဒေသခံများ နေအိမ်မှာ...
လားရှိုးမြို့ စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေရ
သျှမ်းပြည် လားရှိုးမြို့အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်) ညပိုင်းအချိန်တွင် စစ်ကောင်စီတပ်စခန်းနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း ဒေသခံများအနေဖြင့် မြို့တွင်း တိုက်ပွဲဆက်ဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေ
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရုတ်လူမျိုး ကျားဖြန့်လုပ်ကိုင်သူများ များစွာ ရောက်ရှိနေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်လူမျိုး ကျားဖြန့်သမားများသည် လဲချားမြို့အတွင်းသို့ စုစုပေါင်း ၅၀၀ ထက်မနည်း ရောက်ရှိလာကြောင်း အသက်...
မူဆယ်မြို့ရှိ အိမ်တစ်လုံး သေနတ်ပစ်ခတ် ဓားပြတိုက်ခံရ၊ အမျိုးသား ထိခိုက်ဒဏ်ရာများ ရရှိ
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မြောက်ရပ်ကွက်ရှိ နေအိမ် တစ်လုံး သေနတ် ပစ်ခတ် ဓားပြတိုက်ခံရပြီး အိမ်ရှင် အမျိုးသားက ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့၊ မြောက်ရပ်ကွက်ရှိ နေအိမ် တစ်လုံးသို့...
ကရင်နီစစ်ဘေးရှောင်နေအိမ်များ ဖောက်ထွင်းခံရ
သျှမ်းပြည်အတွင်းသို့ "၁၁.၁၁ စစ်ဆင်ရေး"ကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်များ၏ နေအိမ်များ ယခုရက်ပိုင်း ဖောက်ထွင်းခံနေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာကြပြီး၊ အိမ်တွင် ကျန်စောင့်နေခဲ့ သူများလည်းရှိပြီး၊ ခိုးဆိုးလုယက်မှုများ စိုးရိမ်နေရသည့်အတွက်ကြောင့် ကရင်နီပြည် သို့ ပစ္စည်းပြန်သယ်ယူ နေသူများရှိနေကြောင်း စစ်ဘေးရှောင်လာသူတစ်ဦးက...
မူဆယ်ရက်ရှည်လျှပ်စစ်ပြတ်တောက် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးကျသူများ ရေနစ်သေဆုံး
မြန်မာ-တရုတ် နယ်စပ်ဒေသ မူဆယ်မြို့တွင် ရက်ရှည်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒေသခံများ ရွှေလီမြစ်(နမ့်မောဝ်း)ထဲသို့ ရေဆင်းချိုးနေကြစဉ် ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယခု သီတင်းပတ် ၁ ပတ်အတွင်း မူဆယ်မြို့တွင် ရက်ရှည်လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရေများပြတ်လပ်သဖြင့် ဒေသခံများသည် ရွှေလီမြစ်ထဲသို့ ရေဆင်းချိုးရသည့်အဆင့်ထိ ဖြစ်ခဲ့ပြီး အဆိုပါ မြစ်ထဲသို့...
မူဆယ်မြို့ ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ
မြန်မာ - တရုတ်နယ်စပ် သျှမ်းမြောက် မူဆယ်မြို့တွင် ဖုန်းဆိုင်ပိုင်ရှင် အမျိုးသား တစ်ဦး ပြန်ပေးဆွဲခံရကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ရှိ တောင်ရပ်ကွက် 999 ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၁၀ ရက် ည ၆ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ပြန်ပေးဆွဲသွားကြောင်း...
တာချီလိတ်မြို့ ယာဉ်ထိန်းရဲများ တရုတ်ကျားဖြန့်ဖမ်းဆီးမှု အကြောင်းပြပြီး ငွေညစ်နေ
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များမှ တရုတ်ကျားဖြန့်အဖွဲ့ဝင်များကို ဖမ်းဆီးခြင်း အကြောင်းပြပြီး ဒေသခံများထံ ငွေညစ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။ ယခုရက်ပိုင်း တာချီလိတ်မြို့တွင် တရုတ်ကျားဖြန့် (ငွေလိမ်ဂိုဏ်း) များကို နှိမ်နင်းဖမ်းဆီးနေကြောင်း ဆိုသည့် အကြောင်းပြချက်ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များက အုပ်စုဖွဲ့၍ ကားများအား တားဆီးစစ်ဆေးပြီး တရုတ်လူမျိုးကို တွေ့ရှိလျှင် ထိုင်းဘတ်ငွေ...
တရုတ်နိုင်ငံသား ၁ သောင်းနီးပါးကို တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ပြီးဟု စစ်ကောင်စီပြော
SHAN -
မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေထိုင်သော တရုတ်နိုင်ငံသား ၁ သောင်း နီးပါးကို တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၈ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၈,၈၂၃ ဦး၊ အမျိုးသမီး ၁,၀၈၅ ဦး စုစုပေါင်း...






